နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

ခမရ (၄၀၃) တပ်တွင် တပ်တွင်းပုန်ကန်မှု ဖြစ်ပေါ် ၊ ယာယီတပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး/ဗိုလ်မှူး အပါအဝင် ဗိုလ်မှူး ၃ ဦးကို စစ်ခုံရုံးဖွဲ့ စစ်ဆေးနေ

စစ်ကောင်စီတပ် အမှတ် (၄၀၃) ‌‌ခြေမြန်တပ်ရင်း (ခမရ-၄၀၃) ရဲ့ ယာယီတပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး/ဗိုလ်မှူး အပါအဝင် ဗိုလ်မှူး ၃ ဦးဟာ စစ်တိုက်ဖို့ ငြင်းဆန်ခဲ့ပြီး တပ်တွင်းပုန်ကန်မှု ပြုလုပ်ခဲ့ တာကြောင့် စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး စစ်ခုံရုံးဖွဲ့ကာ စစ်ဆေးနေတယ် လို့ သိရပါတယ်။

စစ်ဆင်ရေးရှောင်လွှဲမှုဟာ စစ်ကောင်စီတပ်အတွင်း ကြီးလေးတဲ့ စစ်ဘက်အမှုဖြစ်ပြီး အဲ့ဒီ စစ်ကောင်စီတပ် အရာရှိတွေအနေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တယ်လို့ CDM တပ်မတော်အရာရှိတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ လ ၆ ရက်နေ့ မနက်ပိုင်းက မဲသလောက်စခန်းကို ကရင့်ပူးပေါင်းတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ချိန်မှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု အများအပြားနဲ့ မဲသလောက်စခန်းကို စွန့်ခွာထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။

အဲ့ဒီလို စခန်းကို လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့အတွက် အင်အားပြန်လည်စုဖွဲ့ပြီး ဒီဇင်ဘာလ ဒုတိယအပတ်အတွင်းမှာ မဲသလောက် စခန်းကို ပြန်လည်တိုက်ယူဖို့ အမိန့်ပေးလာတဲ့အပေါ် ခမရ-၄၀၃ တပ်ရင်းမှူး အပါအဝင် ထိပ်တန်းအရာရှိ ၃ ဦးက တိုက်ခိုက်ဖို့ ငြင်းဆန်ခဲ့တာကြောင့် အခုလို ဖမ်းဆီးပြီး စစ်ခုံရုံးဖွဲ့ အရေးယူခဲ့တာဖြစ်ပါတယ်။

Photo – CRD

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းမှာ ရှေ့တန်းထွက်နေရတဲ့ အမှတ် ၄၀၃ ခြေမြန်တပ်ရင်း ခမ ရ-၄၀၃ တပ်ဟာ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းမှာ ရှေ့တန်းထွက်နေရတဲ့ တပ်တခုဖြစ်ပြီး တော်လှန်ရေး အင်အားစုတွေကို တိုက်ခိုက်ဖို့ တပ်မမှူးက အမိန့်ပေးတာကို ငြင်းဆန်ခဲ့တဲ့အတွက် ယာယီတပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနဲ့ တပ်ခွဲမှူး စတဲ့ တပ်ရဲ့ထိပ်တန်းအရာရှိ ၃ ဦးကို မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ)မှာ အခုလ ဒုတိယအပတ်အတွင်းက စတင်ပြီး စစ်ခုံရုံးဖွဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်တွေရဲ့ အမိန့်ကို ဖီဆန်ပြီး တပ်တွင်းပုန်ကန်မှု ပြုလုပ်ခဲ့သူများမှာ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့ အခြေစိုက် ခမရ-၄၀၃ တပ်ရင်းမှ ယာယီတပ်ရင်းမှူး စစ်တက္ကသိုလ် (DSA အမှတ်စဉ် ၄၆ ဆင်း) ဒု-ဗိုလ်မှူးကြီး/ဗိုလ်မှူး ပြည့်ဖြိုးမောင်၊ ဒု-တပ်ရင်းမှူး (DSA အမှတ်စဉ် ၄၇ ဆင်း) ဗိုလ်မှူး သန်းနိုင်အေး၊ တပ်ခွဲမှူး (DSA အမှတ်စဉ် ၄၈ ဆင်း) ဗိုလ်မှူး နိုင်နိုင်ဇော်တို့ ဖြစ်တယ်လို့ သိရပါတယ်။

ခမရ-၄၀၃ က တပ်စွဲထားတဲ့စခန်း ကျသွားလို့ ပြန်တိုက်ဖို့ တပ်မမှူးက အမိန့်ပေးတာကို ယာယီတပ်ရင်းမှူးရယ်၊ ဒုရင်းမှူးရယ်၊ တပ်ခွဲမှူး ဗိုလ်မှူးရယ် ၃ ယောက်လုံးက မတိုက်နိုင်ဘူးဆိုပြီး တပ်မမှူးအမိန့်ကို ငြင်းလို့ အချုပ်ထဲထည့်ထားပြီး စစ်ခုံရုံးနဲ့ အစစ်ခံနေရတာဖြစ်တယ်လို့ ဆိုပါတယ်။ ပင်မတပ်ရင်းဖြစ်တဲ့ စကခ (၈) ထားဝယ်တပ်မကိုတောင်ပြန်မပို့ဘဲ ရတခ ထဲက တပ်ရင်းတွေမှာချုပ်‌နှောင်ထားပြီးအဲဒီအမှုကို စစ်ဆေးနေတာလို့သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ကလည်း ဖာပွန်ခရိုင်အတွင်း ရှေ့တန်းထွက်နေရတဲ့ စကခ-၈ လက်အောက်ခံ အမှတ် ၄၀၅ ခြေမြန်တပ်ရင်း (ခမရ-၄၀၅)ကို စစ်ကောင်စီရဲ့ ခြေကုပ်စခန်းဖြစ်တဲ့ မဲဝိုင်စခန်းကို သွားရောက်ဖို့ စကခမှူး ဗိုလ်မှူးချုပ် အေးမင်းဦးက အမိန့်ပေးခဲ့ပါတယ်။

အဆိုပါအမိန့်ကို ခမရ-၄၀၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လှိုင်မင်းထွဋ်၊ ဒုတပ်ရင်းမှူး ဗိုလ်မှူး ၀ဏ္ဏနှင့် တပ်ခွဲမှူး ဗိုလ်မှူး/ဗက (မကြာမီ ဗိုလ်မှူးရာထူးသို့ တိုးမြှင့်ခံရမည့် ဗိုလ်ကြီး) ကြည်သာဖြိုးတို့က မလိုက်နာပဲ အာဏာဖီဆန် ငြင်းဆိုခဲ့ကြတဲ့အတွက် အဆိုပါ တပ်ထိပ်တန်း အရာရှိ ၃ ဦးကို အကြမ်းဖက်စစ်ကောင်စီက နောက်တန်းသို့ ပြန်ခေါ်ကာ စစ်ခုံရုံးဖွဲ့ အရေးယူမှု ပြုလုပ်ခဲ့ပါတယ်။

ဒါကြောင့် တနင်္သာရီတိုင်း၊ ထားဝယ်မြို့အခြေစိုက် စကခ-၈ ကွပ်ကဲမှု လက်အောက်ခံ တပ်တွေဖြစ်တဲ့ ခမရ-၄၀၃ နဲ့ ၄၀၅ တပ်တွေမှာ ၂ လအတွင်း တပ်တွင်းပုန်ကန်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ကာ တပ်ဦးဆောင်သူ ထိပ်တန်း စစ်ဘက်အရာရှိ ၆ ဦးဟာလည်း စစ်ခေါင်းဆောင်တွေပေးတဲ့ အမိန့်ကို ဖီဆန်တဲ့အတွက် အရေးယူခံခဲ့ရတာ ဖြစ်ပါတယ်။

ယခုလက်ရှိ တပ်တွင်းပုန်ကန်မှု ဖြစ်ခဲ့တဲ့ ခမရ-၄၀၃ တပ်ရင်းနဲ့ ဒီဇင်ဘာလက တပ်တွင်းပုန်ကန်မှု ဖြစ်ခဲ့တဲ့ ခမရ-၄၀၅ တပ်တွေဟာ ကရင်ပြည်နယ်အတွင်း ရှေ့တန်းမှာ စစ်ဆင်ရေး ဝင်ရောက်နေရတာဟာ ၃ နှစ်နီးပါး ကြာမြင့်ပြီ ဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကစပြီး KNLA, KNDO, ကော်သူးလေ တပ်မတော်အစရှိတဲ့ ကရင့်တော်လှန်ရေးတပ်များ၊ PDF တပ် စစ်ကြောင်းများနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုတွေ များပြားနေသလို တော်လှန်ရေး အင်အားစုတွေဖက်ကို ဘက်ပြောင်း ပူးပေါင်း ခိုလှုံမှုတွေလည်း အများအပြား ဖြစ်ပွားနေတာဖြစ်ပါတယ်။

အထက်အမိန့်ကို လွန်ဆန်တာ စစ်ဆင်ရေးကို ရှောင်လွှဲတာဟာ ကြီးမားတဲ့ပစ်ဒဏ် ချမှတ်နိုင်တဲ့အပြင် ထောင်ဒဏ်အနှစ် (၂၀) လောက်အထိချမှတ်နိုင်တယ်လို့သိရပါတယ်။

REF:Irrawaddy TImes

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့ နည်းလမ်းအမျိုးမျိုး အသုံးပြုပြီး ဆန့်ကျင်ကြဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 24 Views
ဇူလိုင်လ (၅)ရက်။ စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်အုပ်ချုပ်ရေး အဆုံးသတ်ဖို့ နည်းလမ်းအမျိုးမျိုး အသုံးပြုပြီး ဆန့်ကျင်ကြဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဒီကနေ့
မြန်မာသတင်း

သီပေါမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ပြည်သူ့ဆေးရုံအပါအဝင် အဆောက်အဦးအချို့ ထိမှန်ပျက်စီးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 20 Views
ဇူလိုင်လ (၅)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန်က သီပေါမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA
မြန်မာသတင်း

တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆန့်ကျင်ဖို့ NUCC နဲ့ NUG တို့ ပန်ကြားစာပေးပို့

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 21 Views
ဇူလိုင်လ (၅)ရက်။ စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲနဲ့ အတုအယောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အတူဆန့်ကျင်ဖို့ တော်လှန်ရေးအင်အားစုတွေကို NUCC နဲ့ NUG တို့က ဒီကနေ့မှာ မေတ္တာရပ်ခံတဲ့ ပန်ကြားစာ‌တစောင် ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီပန်ကြားစာကို NUCC
မြန်မာသတင်း

PDF တွေအပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ရွေးကောက်ပွဲဝင်ဖိုဆိုပြီး စစ်ကောင်စီ ထပ်မံဖိတ်ခေါ်

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 20 Views
ဇူလိုင်လ (၅)ရက်။ PDF တွေအပါအဝင် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ရွေးကောက်ပွဲလမ်းကြောင်းကို ပူးပေါင်းပါဝင်ဖို့ဆိုပြီး စစ်ကောင်စီက မနေ့က ထပ်မံဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီက ပြည်ထောင်စုအကျိုးအတွက် ဖိတ်ခေါ်ချက်ဆိုပြီး ထုတ်ပြန်ထားကာ အဲ့ဒီဖိတ်ခေါ်ချက်ထဲ NUG၊ CRPH နဲ့ PDF
မြန်မာသတင်း

နောင်ချိုမြို့မှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေ

  • 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 29 Views
ဇူလိုင်လ (၄)ရက်။ နောင်ချိုမြို့ရှိ ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နှစ်ဖက်တိုက်ပွဲတွေဟာ နောင်လင်၊ ကျောက်တော်၊ အုမ္မခါး၊ လုံစံနဲ့ လုံရဲရွာကြားအပြင် အုမ္မသီးနဲ့ ဆမ္မဆယ်ရွာကြားတို့မှာ
မြန်မာသတင်း

တောင်သာမှာ အရက်ထွက်ဝယ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးကို ဖမ်းမိခဲ့တယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 25 Views
ဇူလိုင်လ (၄)ရက်။ မနေ့က ညနေပိုင်းအချိန်က တောင်သာမြို့ရှိ အမှတ်(၁)စွပ်ကျယ်စက်ရုံက စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးကို ဖမ်းမိခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အမှတ်(၁) စွပ်ကျယ်စက်ရုံမှာ လုံခြုံရေးတာဝန်ကျနေတဲ့ စကစတပ်ဖွဲ့ဝင် (၂)ဦးက အရက်ထွက်ဝယ်ဖို့
မြန်မာသတင်း

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မပူးပေါင်းဘဲ ဝိုင်းဝန်းဆန့်ကျင်ကြဖို့ NUG တိုက်တွန်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 28 Views
ဇူလိုင်လ (၄)ရက်။ အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်ဖို့ ကြိုးစားနေတဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်တာမပြုဘဲ ဝိုင်းဝန်းဆန့်ကျင်ကြဖို့ NUG က မနေ့က တိုက်တွန်းထားတယ်လို့ သိရပါတယ်။ ပြည်သူ့အာဏာကို မတရားသိမ်းယူဖို့ ကြိုးစားနေတဲ့ တရားမဝင်စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပဖို့ အခွင့်အာဏာမရှိဘူးလို့
မြန်မာသတင်း

နိုင်ငံငြိမ်းချမ်းရေး အမျိုးသမီးတွေ ပူးပေါင်းပါဝင်ဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 26 Views
ဇူလိုင်လ (၄)ရက်။ နိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်ဖို့ အမျိုးသမီးထုကြီးတရပ်လုံးက ပူးပေါင်းပါဝင်ဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာပြုလုပ်တဲ့ မြန်မာအမျိုးသမီးများ‌နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်ဖို့နဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးတည်ဆောက်ရာမှာ အမျိုးသမီးထုကြီးတရပ်လုံးက