နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

ခမရ (၄၀၃) တပ်တွင် တပ်တွင်းပုန်ကန်မှု ဖြစ်ပေါ် ၊ ယာယီတပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး/ဗိုလ်မှူး အပါအဝင် ဗိုလ်မှူး ၃ ဦးကို စစ်ခုံရုံးဖွဲ့ စစ်ဆေးနေ

စစ်ကောင်စီတပ် အမှတ် (၄၀၃) ‌‌ခြေမြန်တပ်ရင်း (ခမရ-၄၀၃) ရဲ့ ယာယီတပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး/ဗိုလ်မှူး အပါအဝင် ဗိုလ်မှူး ၃ ဦးဟာ စစ်တိုက်ဖို့ ငြင်းဆန်ခဲ့ပြီး တပ်တွင်းပုန်ကန်မှု ပြုလုပ်ခဲ့ တာကြောင့် စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး စစ်ခုံရုံးဖွဲ့ကာ စစ်ဆေးနေတယ် လို့ သိရပါတယ်။

စစ်ဆင်ရေးရှောင်လွှဲမှုဟာ စစ်ကောင်စီတပ်အတွင်း ကြီးလေးတဲ့ စစ်ဘက်အမှုဖြစ်ပြီး အဲ့ဒီ စစ်ကောင်စီတပ် အရာရှိတွေအနေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တယ်လို့ CDM တပ်မတော်အရာရှိတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ လ ၆ ရက်နေ့ မနက်ပိုင်းက မဲသလောက်စခန်းကို ကရင့်ပူးပေါင်းတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ချိန်မှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု အများအပြားနဲ့ မဲသလောက်စခန်းကို စွန့်ခွာထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။

အဲ့ဒီလို စခန်းကို လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့အတွက် အင်အားပြန်လည်စုဖွဲ့ပြီး ဒီဇင်ဘာလ ဒုတိယအပတ်အတွင်းမှာ မဲသလောက် စခန်းကို ပြန်လည်တိုက်ယူဖို့ အမိန့်ပေးလာတဲ့အပေါ် ခမရ-၄၀၃ တပ်ရင်းမှူး အပါအဝင် ထိပ်တန်းအရာရှိ ၃ ဦးက တိုက်ခိုက်ဖို့ ငြင်းဆန်ခဲ့တာကြောင့် အခုလို ဖမ်းဆီးပြီး စစ်ခုံရုံးဖွဲ့ အရေးယူခဲ့တာဖြစ်ပါတယ်။

Photo – CRD

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းမှာ ရှေ့တန်းထွက်နေရတဲ့ အမှတ် ၄၀၃ ခြေမြန်တပ်ရင်း ခမ ရ-၄၀၃ တပ်ဟာ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းမှာ ရှေ့တန်းထွက်နေရတဲ့ တပ်တခုဖြစ်ပြီး တော်လှန်ရေး အင်အားစုတွေကို တိုက်ခိုက်ဖို့ တပ်မမှူးက အမိန့်ပေးတာကို ငြင်းဆန်ခဲ့တဲ့အတွက် ယာယီတပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနဲ့ တပ်ခွဲမှူး စတဲ့ တပ်ရဲ့ထိပ်တန်းအရာရှိ ၃ ဦးကို မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ)မှာ အခုလ ဒုတိယအပတ်အတွင်းက စတင်ပြီး စစ်ခုံရုံးဖွဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်တွေရဲ့ အမိန့်ကို ဖီဆန်ပြီး တပ်တွင်းပုန်ကန်မှု ပြုလုပ်ခဲ့သူများမှာ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့ အခြေစိုက် ခမရ-၄၀၃ တပ်ရင်းမှ ယာယီတပ်ရင်းမှူး စစ်တက္ကသိုလ် (DSA အမှတ်စဉ် ၄၆ ဆင်း) ဒု-ဗိုလ်မှူးကြီး/ဗိုလ်မှူး ပြည့်ဖြိုးမောင်၊ ဒု-တပ်ရင်းမှူး (DSA အမှတ်စဉ် ၄၇ ဆင်း) ဗိုလ်မှူး သန်းနိုင်အေး၊ တပ်ခွဲမှူး (DSA အမှတ်စဉ် ၄၈ ဆင်း) ဗိုလ်မှူး နိုင်နိုင်ဇော်တို့ ဖြစ်တယ်လို့ သိရပါတယ်။

ခမရ-၄၀၃ က တပ်စွဲထားတဲ့စခန်း ကျသွားလို့ ပြန်တိုက်ဖို့ တပ်မမှူးက အမိန့်ပေးတာကို ယာယီတပ်ရင်းမှူးရယ်၊ ဒုရင်းမှူးရယ်၊ တပ်ခွဲမှူး ဗိုလ်မှူးရယ် ၃ ယောက်လုံးက မတိုက်နိုင်ဘူးဆိုပြီး တပ်မမှူးအမိန့်ကို ငြင်းလို့ အချုပ်ထဲထည့်ထားပြီး စစ်ခုံရုံးနဲ့ အစစ်ခံနေရတာဖြစ်တယ်လို့ ဆိုပါတယ်။ ပင်မတပ်ရင်းဖြစ်တဲ့ စကခ (၈) ထားဝယ်တပ်မကိုတောင်ပြန်မပို့ဘဲ ရတခ ထဲက တပ်ရင်းတွေမှာချုပ်‌နှောင်ထားပြီးအဲဒီအမှုကို စစ်ဆေးနေတာလို့သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ကလည်း ဖာပွန်ခရိုင်အတွင်း ရှေ့တန်းထွက်နေရတဲ့ စကခ-၈ လက်အောက်ခံ အမှတ် ၄၀၅ ခြေမြန်တပ်ရင်း (ခမရ-၄၀၅)ကို စစ်ကောင်စီရဲ့ ခြေကုပ်စခန်းဖြစ်တဲ့ မဲဝိုင်စခန်းကို သွားရောက်ဖို့ စကခမှူး ဗိုလ်မှူးချုပ် အေးမင်းဦးက အမိန့်ပေးခဲ့ပါတယ်။

အဆိုပါအမိန့်ကို ခမရ-၄၀၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လှိုင်မင်းထွဋ်၊ ဒုတပ်ရင်းမှူး ဗိုလ်မှူး ၀ဏ္ဏနှင့် တပ်ခွဲမှူး ဗိုလ်မှူး/ဗက (မကြာမီ ဗိုလ်မှူးရာထူးသို့ တိုးမြှင့်ခံရမည့် ဗိုလ်ကြီး) ကြည်သာဖြိုးတို့က မလိုက်နာပဲ အာဏာဖီဆန် ငြင်းဆိုခဲ့ကြတဲ့အတွက် အဆိုပါ တပ်ထိပ်တန်း အရာရှိ ၃ ဦးကို အကြမ်းဖက်စစ်ကောင်စီက နောက်တန်းသို့ ပြန်ခေါ်ကာ စစ်ခုံရုံးဖွဲ့ အရေးယူမှု ပြုလုပ်ခဲ့ပါတယ်။

ဒါကြောင့် တနင်္သာရီတိုင်း၊ ထားဝယ်မြို့အခြေစိုက် စကခ-၈ ကွပ်ကဲမှု လက်အောက်ခံ တပ်တွေဖြစ်တဲ့ ခမရ-၄၀၃ နဲ့ ၄၀၅ တပ်တွေမှာ ၂ လအတွင်း တပ်တွင်းပုန်ကန်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ကာ တပ်ဦးဆောင်သူ ထိပ်တန်း စစ်ဘက်အရာရှိ ၆ ဦးဟာလည်း စစ်ခေါင်းဆောင်တွေပေးတဲ့ အမိန့်ကို ဖီဆန်တဲ့အတွက် အရေးယူခံခဲ့ရတာ ဖြစ်ပါတယ်။

ယခုလက်ရှိ တပ်တွင်းပုန်ကန်မှု ဖြစ်ခဲ့တဲ့ ခမရ-၄၀၃ တပ်ရင်းနဲ့ ဒီဇင်ဘာလက တပ်တွင်းပုန်ကန်မှု ဖြစ်ခဲ့တဲ့ ခမရ-၄၀၅ တပ်တွေဟာ ကရင်ပြည်နယ်အတွင်း ရှေ့တန်းမှာ စစ်ဆင်ရေး ဝင်ရောက်နေရတာဟာ ၃ နှစ်နီးပါး ကြာမြင့်ပြီ ဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကစပြီး KNLA, KNDO, ကော်သူးလေ တပ်မတော်အစရှိတဲ့ ကရင့်တော်လှန်ရေးတပ်များ၊ PDF တပ် စစ်ကြောင်းများနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုတွေ များပြားနေသလို တော်လှန်ရေး အင်အားစုတွေဖက်ကို ဘက်ပြောင်း ပူးပေါင်း ခိုလှုံမှုတွေလည်း အများအပြား ဖြစ်ပွားနေတာဖြစ်ပါတယ်။

အထက်အမိန့်ကို လွန်ဆန်တာ စစ်ဆင်ရေးကို ရှောင်လွှဲတာဟာ ကြီးမားတဲ့ပစ်ဒဏ် ချမှတ်နိုင်တဲ့အပြင် ထောင်ဒဏ်အနှစ် (၂၀) လောက်အထိချမှတ်နိုင်တယ်လို့သိရပါတယ်။

REF:Irrawaddy TImes

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 103 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 90 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 82 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 70 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 86 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 74 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 63 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို