နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီထံကို လေယာဉ်ဆီနဲ့ စစ်လက်နက် ပစ္စည်းမရောင်းဖို့ နိုင်ငံတကာကို NUG ယာယီသမ္မတ တောင်းဆို

စစ်ကောင်စီထံ စစ်လက်နက်ပစ္စည်းနဲ့ လေယာဉ်ဆီ တင်သွင်းရောင်းချနေသူတွေကို နိုင်ငံတကာက ဒဏ်ခတ်အရေးယူပေးဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းတဲ့ ဧပြီ(၁၆)ရက် ဒီကနေ့ နှစ်နှစ်ပြည့်တဲ့နေ့မှာ ပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့တာ ဖြစ်ပါတယ်။

NUG အစိုးရကို လေကြောင်းကာကွယ်ရေးလက်နက်တွေ အမြန်ဆုံးကူညီ ထောက်ပံ့ပေးဖို့ အလေးအနက် တောင်းဆိုတယ်လို့လည်း ယာယီသမ္မတက ပြောပါတယ်။

Photo: Acting President Duwa Lashi La)/ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ။

ဧပြီလ (၁၁) ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ကလေးငယ် (၄၀) ဦး၊ ကိုယ်ဝန်ဆောင်သည်တွေပါတဲ့ အမျိုးသမီး (၂၄) ဦး၊ စုစုပေါင်း ၁၆၈ ဦးထိ သေဆုံးခဲ့ရတယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် NUG အစိုးရအနေနဲ့ PDF နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်လက်နက်ပစ္စည်း တပ်ဆင်ပေးရေးနဲ့ စစ်ဘေးဒုက္ခသည်တွေကို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးနိုင်ဖို့ အတွက်လည်း NUG အနေနဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ကြုံတွေ့နေရဆဲပဲလို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ သူ့တပ်ဖွဲ့ဝင်တွေဟာ ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိဘဲ နိုင်ငံတကာတရားရုံးကို တရားစွဲဆိုနိုင်ဖို့လည်း လိုအပ်တဲ့ အချက်အလက်တွေ ပေးပို့နေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောခဲ့ပါတယ်။
Era’Eyes /Photo: Acting President Duwa Lashi La)/ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ။ Ref: RFA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 19 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 20 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 17 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 24 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 20 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 25 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 24 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ
မြန်မာသတင်း

မောင်းမကန်ရွာထဲ မူးယစ်ရမ်းကားတဲ့ စစ်ကောင်စီရဲတပ်သားကို ဖမ်းဆီးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 25 Views
မေလ (၁၅)ရက်။ လောင်းလုံးမြို့နယ် မောင်းမကန်နယ်မြေရဲစခန်းက စစ်ကောင်စီရဲတပ်သားတဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဧပြီလ (၂၀)ရက်နေ့ ည (၉)နာရီခွဲအချိန်က မောင်းမကန်နယ်မြေရဲစခန်းက စစ်ကောင်စီရဲတပ်သား နိုင်မင်းဆိုသူကာ မူးယစ်ရမ်းကားပြီး မောင်းမကန်ရွာထဲ သေနတ်ပစ်ဖောက်