နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကိုင်းတိုင်းမှာ မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများပြား

မိုခါမုန်တိုင်းကြောင့် စစ်ကိုင်းတိုင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး ပျက်စီး မှုတွေများပြားခဲ့ရပါတယ်။
ပုလဲမြို့နယ်မှာ ရေလွှတ်မြောင်းတစ်ခုကျိုးကျပြီး ရေကြီးရေလျှံဖြစ်ပွားကာ စစ်ကိုင်း၊ ခင်ဦး၊ ပုလဲနှင့် ယင်းမာပင်မြို့နယ်ရှိ သီးနှံစိုက်ခင်းများနှင့် လမ်းတံတားများ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။


မေလ ၁၄ ရက် ညက ပုလဲမြို့နယ်၊ မြောက်ယမား ရေလှောင်တမံမှ ထုတ်လွှတ်ပေးသော ပမုံသွင်ရွာနှင့် ချင်ပြစ်ရွာကြားရှိ ရေလွှတ်မြောင်း ကျိုးကျခဲ့ကြောင်း၊ အဆိုပါ ရေမြောင်းကျိုးကျမှုကြောင့် ပုလဲနယ်နှင့် ယင်းမာပင်နယ် အစပ်ရှိ မြောက်ယမားချောင်းရေလျှံလာကာ ချောင်းဘေးရှိ စိုက်ခင်းများပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။


အလားတူ နှစ်ရက်ဆက် မိုးရွာသွန်းမှုကြောင့် ပုလဲမြို့နယ်ရှိ ကျေးရွာအများအပြား ရေကြီးရေလျှံခဲ့ပြီး နေအိမ်များ ပြိုလဲခြင်း၊ကောက်ပဲ သီးနှံများ၊ စားနပ်ရိက္ခာများ ရေထဲမျောပါခြင်း၊ ‌ရွာချင်းဆက်လမ်းတံတားများ ပျက်စီးခြင်းနှင့် စိုက်ခင်းများ ရေမြုပ်၍ ဧက‌ ထောင်နှင့်ချီ ပျက်စီးဆုံးရှုံးခြင်းတွေ ဖြစ်ပေါ်ခဲ့တာပါ။


ကနီမြို့နယ်တွင်လည်း မေလ ၁၄ ရက် က မုန်တိုင်း ကြောင့် ချောင်းရေလျှံခြင်း၊ လေတိုက်ခြင်းများကြောင့် နေအိမ် ၂၀၀ခန့် ပျက်စီးခဲ့ပြီး တိရိစ္ဆာန်များ ရေထဲမျောပါခြင်း၊ ဘုရားတံတိုင်းများ ပြိုကျခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။


ထို့အပြင် စစ်ကိုင်းနှင့် ခင်ဦးမြို့နယ်တို့ရှိ ကိုယ်ထူကိုယ်ထတည်ဆောက်ထားသော မြစ်ကူးစစ်ရှောင်တံတားနှစ်စင်း ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလျှင်ရှောင်တိမ်း ရလွယ်ကူစေရန် မူးမြစ်ပေါ်တွင် ဒေသခံများ ကိုယ်ထူ ကိုယ်ထတည်ဆောက်ထားသော စစ်ကိုင်းမြို့နယ်ရှိ မူးမြစ်ကူးတံတားနှင့် ခင်ဦးနယ်နှင့်ရေဦးနယ်ဆက်သွယ်ထားသော တံတားတို့မှာ မုန်တိုင်းကြောင့် ရေကြီးရေလျှံ​မှုဖြစ်ပွားပြီး ရေထဲမျောပါ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အလားတူ ချောင်းဦးမြို့နယ်တွင်လည်း မုန်တိုင်မိုးကြောင့် သိုး၊ဆိတ်၊ နွားများ အအေးမိသေဆုံးပြီး မိုးများ၍ ဖရဲ၊ သခွား၊ နှမ်း၊ မတ်ပဲ၊ ပဲတီစိမ်း စသည့် သီးနှံစိုက်ခင်းများ ရေမြုပ်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီး၊ အရာတော်၊ ခင်ဦး အစရှိသည့်နယ်များတွင်လည်း မုန်တိုင်းကြောင့် လမ်းတံတားနှင့် နေအိမ်ပျက်စီးမှုများရှိပြီး သီးနှံစိုက်ခင်းများစွာ ရေမြုပ်ပျက်စီးခဲ့သည်။

Era’sEyes/(ခင်ဦးနှင့် ရေဦးနယ်သို့ ဆက်သွယ်ထားသော ပျက်စီးသွားသည့် ကိုယ်ထူကိုယ်ထတံတားအား တွေ့ရစဥ်နှင့် ပုလဲနယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ – Pale Entertainment၊ KDK)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ရဲ့ ချုံခိုတိုက်ခိုက်တာကြောင့် နာဂလက်နက်ကိုင်တပ်ဖွဲ့ဝင် (၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 30 Views
မေလ (၁၃)ရက်။ မေလ (၁၁)ရက်နေ့ ည (၈)နာရီခွဲအချိန်က အရူနာချားပြည်နယ်၊ Changlang ခရိုင်၊ Doimuk Nala ဒေသထဲ
မြန်မာသတင်း

KNPP ရဲ့ အမြဲတမ်းဗဟိုကော်မတီဝင် ခွန်းရီမာန်ထူး ကွယ်လွန်တဲ့အပေါ် NUG ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 25 Views
မေလ (၁၃)ရက်။ KNPP ရဲ့ အမြဲတမ်းဗဟိုကော်မတီဝင် ခွန်းရီမာန်ထူး ကွယ်လွန်တဲ့အပေါ် NUG က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်မှာ စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရပြီး (၁၀)ဦးခန့် ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 27 Views
မေလ (၁၀)ရက်နေ့က ယင်းမာပင်မှာ စစ်တပ်ရဲ့ အင်အား(၃၀၀)ကျော်ပါ စစ်ကြောင်းကို မိုင်းဆွဲခဲ့တယ်လို့ ယင်းမာပင်ခရိုင် ဗျူဟာအမှတ်(၄၇)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်တပ်ရဲ့ တပ်မ(၃၃)နဲ့ ဘန့်ဘွေးရွာက ပျူစောထီးတွေပါတဲ့ အင်အား (၃၀၀)ကျော် စစ်ကြောင်းက
မြန်မာသတင်း

မင်းတပ်မြို့မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် စစ်သုံ့ပန်းတွေအပါအဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 29 Views
မေလ (၁၃)ရက်။ အခုနှစ်ရက်တာထဲ မင်းတပ်မြို့‌ပေါ်နဲ့ အနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းကနေ (၁၁)ကြိမ် တိုက်ခိုင်ခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၁)ရက်နေ့မှာ ညပိုင်း မြို့ပေါ်ကို လေကြောင်းကနေ (၂)ကြိမ်၊ မနေ့က မနက်ပိုင်းမှာ
မြန်မာသတင်း

တရုတ်ကာကွယ်ရေးဝန်ကြီးဟောင်း နှစ်ဦးကို ဆိုင်းငံ့သေဒဏ် ချမှတ်

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 19 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက် ဘေဂျင်း — တရုတ်နိုင်ငံသည် စစ်တပ်အတွင်း အကျင့်ပျက်ခြစားမှုများကို ဆက်တိုက် နှိမ်နင်းလျက်ရှိရာ ကြာသပတေးနေ့တွင် ကာကွယ်ရေးဝန်ကြီးဟောင်း နှစ်ဦးကို အဂတိလိုက်စားမှုဖြင့် ဆိုင်းငံ့သေဒဏ်များ ချမှတ်လိုက်ကြောင်း တုန်လှုပ်ဖွယ်ရာ
မြန်မာသတင်း

စစ်တပ်က ဆေးဘက်ဆိုင်ရာကျောင်းတွေမှာပါ စစ်မှုထမ်းသင်တန်းတွေ ဖွင့်လှစ်နေ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 30 Views
မေလ (၁၂)ရက်။ ရန်ကုန် မှော်ဘီမြို့အခြေစိုက် စစ်တပ်ဆေးဘက်ဆိုင်ရာပညာသင်ကျောင်း(တဆက)မှာပါ စစ်မှုထမ်းသင်တန်း ဖွင့်လှစ်သင်ကြားနေတယ်လို့ MDSI ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တဆကဟာ ဆေးလက်ထောက်သင်တန်း၊ စစ်သူနာပြုအကူသင်တန်း၊ သားဖွားတပ်ကြပ်ကြီးသင်တန်းနဲ့ ဆေးတပ်ဖွဲ့ဆိုင်ရာသင်တန်းတွေကို လက်ခံဖွင့်လှစ်ပေးတဲ့ သင်တန်းကျောင်းလို့ ဆိုပါတယ်။ ဒါပေမယ့်
မြန်မာသတင်း

အုတ်ဖိုမှာ စစ်တပ်ကင်းပုန်းတပ်ဖွဲ့နဲ့ ပျူစောထီးစခန်း တိုက်ခိုက်ခံရ၊ စစ်တပ်ဘက်က (၆)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 30 Views
မေလ (၁၂)ရက်။ အုတ်ဖိုမြို့မှာ စစ်တပ် ကင်းပုန်းဝပ်တပ်ဖွဲ့တွေနဲ့ ပျူစောထီးစခန်းတို့ကို တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မေလ (၁၀)ရက်နေ့ နံနက်ပိုင်းအချိန်က အုတ်ဖိုမြို့ အေးမြသာယာမြို့သစ် မြို့အဝင်ရှိ ပျူစောထီးစခန်းကို ပဲခူးတိုင်းစစ်ဌာန ဗျူဟာ(၂၂)ရှိ
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ တာဝန်ထမ်းဆောင်မယ်လို့ LPDF တွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 28 Views
မေလ (၁၂)ရက်။ မေလ (၇)ရက်နေ့က မကွေးဖက်ဒရယ်ယူနစ်အစိုးရနဲ့ ဒေသထဲအခြေစိုက် LPDF အဖွဲ့တွေအကြား တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို မကွေးယူနစ်အစိုးရရဲ့ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်၊ ဒုဝန်ကြီးချုပ် ကိုချစ်ဝင်းမောင်နဲ့ ကာကွယ်ရေးဝန်ကြီး