နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

မိုးဗြဲမြို့အနီး အရပ်သား ၂၆ဦးအား စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအပေါ် NUG ပြင်းပြင်းထန်ထန်ရှုတ်ချ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အနီးမှာ အပြစ်မဲ့အရပ်သား ၂၆ဦးအား စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဇွန်လ ၆ရက်နေ့မှ ၈ရက်နေ့အတွင်း မြောက်ဘက်ပိုင်း မိုးဗြဲမြို့ စေတီတော်အနီးမှာ အပြစ်မဲ့ရွာသား ၁၄ဦးအား စစ်ကောင်စီက မညှာမတာ အစုလိုက်အပြုံလိုက် ပစ်သတ်ခဲ့သလို တစ်ချိန်တည်းမှာပဲ မိုးဗြဲမြို့အနီးတစ်ဝိုက်မှာ စစ်ကောင်စီရဲ့ မော်တာပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁၂ဦး ထပ်မံအသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

ထိုသို့ ရက်ရက်စက်စက် အကြမ်းဖက်မှုကြောင့် အသက်ဆုံးရှုံးသွားရသောသူများရဲ့ မိသားစုများ၊ ဆွေမျိုးများနဲ့ အသိုက်အဝန်းတစ်ခုလုံးနဲ့အတူ ယူကြုံမရဝမ်းနည်းရကြောင်းနဲ့ ထိုလူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ဖော်ပြထားပါတယ်။


စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တဲ့ အရပ်သား ၆ဦးရဲ့ ရုပ်အလောင်းများကို ရှမ်းရွာသားများက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်တယ်လို့ သိရပြီး နောက်ထပ် ၅ဦးရဲ့ ရုပ်အလောင်းတွေကို စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုများကြောင့် ပြန်လည်ယူဆောင်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။


သေဆုံးခဲ့သူ ၃ဦးမှာ ၎င်းတို့အား ဒူးထောက်ခိုင်းကာ ပစ်သတ်ခဲ့ကြောင်း ပုံစံအနေအထားများအရ သိရပြီး သေဆုံးသူတစ်ဦးမှာ စေတီတော်ဝန်းအတွင်း လဲကျနေစဉ် ဦးခေါင်းကို ရက်စက်စွာ ပစ်သတ်ခံရတာကို ဒရုန်းဗီဒီယိုဖိုင်မှာ မြင်တွေ့ရတယ်လို့ NUG က ဆိုထားပါတယ်။

နိုင်ငံတကာအသိုက်အဝန်းများ၊ သက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံများအနေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများကို အဆုံးသတ်ရန်နဲ့ ကျူးလွန်သူများအား တရားမျှတမှုရှိစေရန် ဆောင်ရွက်ပေးကြဖို့ ထည့်သွင်းတောင်းဆိုထားတာဖြစ်ပါတယ်။

#Era’sEye /Photo/(ပုံစာ – မိုးဗြဲမြို့တိုက်ပွဲကြောင့် ကရင်နီ‌ ဒေသခံစစ်ဘေးရှာင်များ ထိုင်းဘက်သို့ တိမ်း‌ ရှောင်နေသည်ကိုတွေ့ရစဥ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 137 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 111 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 103 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 83 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို