ရန်ကုန်မြို့က လူငယ်ဗေဒင်ဆရာ လင်းညို့တာရာ စစ်ကောင်စီရဲ့ ဒုတိယအကြိမ်မြောက် ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ကိုဟိန်းမင်းအောင်(ခ)လင်းညို့တာရာသည် ဇူလိုင်လ ၁၅ရက်နေ့ နံနက် ၁၁နာရီ ၁၀မိနစ်အချိန်က တောင်ဥက္ကလာပမြို့နယ်၊ ၇ရပ်ကွက်ရှိ နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ စစ်ကောင်စီရဲ့ ယနေ့ထုတ်သတင်းစာမှာ ဖော်ပြထားပါတယ်။
ဗေဒင်ဆရာ လင်းညို့တာရာကို CRPH၊ NUG နဲ့ ဆက်နွှယ်ပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ လုပ်ဆောင်လို့ ဖမ်းဆီးတာဆိုပြီး ရေးသားထားပါတယ်။
![](https://eraseye.com/wp-content/uploads/2023/07/162459786_3750669495055222_3324742887423428536_n.jpg)
![](https://eraseye.com/wp-content/uploads/2023/07/361526616_823223942702794_5577691365317249657_n.jpg)
လူငယ်ဗေဒင်ဆရာ လင်းညို့တာရာသည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက်နေ့မှာ ပထမဆုံးအကြိမ် ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၂ခုနှစ် နိုဝင်ဘာလအတွင်းမှာ ပြန်လည်လွတ်မြောက်လာခဲ့တာပါ။
ဇူလိုင်လ ၁၅ရက်နေ့က ဗေဒင်ဆရာ လင်းညို့တာရာအပါအဝင် တောင်သာမြို့၊ သရက်မြို့နဲ့ မိုးကုတ်မြို့က Facebook အကောင့်ပိုင်ရှင် ၄ဦးကို ဖမ်းဆီးအမှုဖွင့်အရေးယူထားတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
Era’sEye