နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

နွေဦးတော်လှန်ရေးက “လူပုဂ္ဂိုလ်” အခြေမပြုဘဲ “နိုင်ငံရေးမူ” အခြေပြုဖြစ်တယ်လို့ အထွေထွေသပိတ်ကော်မတီ အသိပေးချက်ထုတ်ပြန်


နွေဦးတော်လှန်ရေးသည် လူပုဂ္ဂိုလ် အခြေပြုခြင်းမဟုတ်ဘဲ နိုင်ငံရေးမူ အခြေပြုတာဖြစ်တယ်လို့ အထွေထွေသပိတ်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(GSCC)က ယနေ့ ဇူလိုင်လ ၁၇ရက်မှာ အသိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

ခေါင်းဆောင်ပုဂ္ဂိုလ် အခြေပြုနိုင်ငံရေးဓလေ့ကို စွဲကိုင်ပြီး မြန်မာနိုင်ငံအရေးအား အာဆီယံအဖွဲ့တွင်း ထည့်သွင်းလာတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် စွန့်လွှတ်အနစ်နာခံ ပေးဆပ်ခြင်းများစွာဖြင့် အခိုင်အမာတော်လှန်နေတဲ့ မြန်မာပြည်သူများရဲ့ နွေဦးတော်လှန်ရေးကြီးအား လျစ်လျူရှု စော်ကားတဲ့အပြင် နိုင်ငံရေးအရ သွေးခွဲရန် ကြံစည်ကြိုးစားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။



နွေဦးတော်လှန်ရေးကြီးသည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာန်နဲ့အညီ “မူ” အားဖြင့် အခိုင်အမာ အခြေပြု တော်လှန်နေသော ပြည်သူ့တော်လှန်ရေးကြီးဖြစ်ကာ လူတစ်ဦးတစ်ယောက်အပေါ် အခြေပြုထားခြင်းမဟုတ်ဘူးလို့ ရေးသားထားပါတယ်။

အာဆီယံအဖွဲ့နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် နိုင်ငံတကာအနေနဲ့ မြန်မာ့အရေး ဖြေရှင်းရန် ကူညီဆောင်ရွက်ရာမှာ မြန်မာပြည်သူလူထုကြီးရဲ့ သဘောထားနဲ့အညီသာ ဖြစ်ရမှာဖြစ်ပြီး ကိုယ်ပိုင်သဘောထားများသက်သက်ဖြင့် မလိုလားအပ်ပဲ အခြေအနေကို ပိုမိုရှုပ်ထွေးစေတဲ့ ကြံစည်ကြိုးစားမှုတွေ လုံးဝမလုပ်ဖို့လည်း ထုတ်ပြန်ချက်မှာ ပြင်းထန်စွာ အသိပေးထားပါတယ်။

ယခုရက်ပိုင်းအတွင်း အစိုးရသစ်အား အာဏာလွှဲအပ်ရန် စောင့်ဆိုင်းနေရတဲ့ ထိုင်းအိမ်စောင့်အစိုးရ နိုင်ငံခြားရေးဝန်ကြီးသည် ရက်ပိုင်းမျှသာကျန်ရှိတဲ့ လက်ကျန်အချိန်ကို အသုံးချပြီး မြန်မာ့နိုင်ငံရေးမှာ ရှုပ်ထွေးမှုများဖြစ်ရန် ဖန်တီးခဲ့တယ်လို့ အထွေထွေသပိတ်ကော်မတီရဲ့ ဝေဖန်ပြောဆိုထားချက်အရ သိရပါတယ်။

Era’sEye 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 5 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 10 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 15 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 22 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့