နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပေါက်ခေါင်းမြို့က အုပ်ချုပ်ရေးမှူးတစ်ဦး ခြင်းလုံးခတ်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့

ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်အတွင်းက အုပ်ချုပ်ရေးမှူးတစ်ဦး ခြင်းလုံးခတ်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရတယ်လို့ ပေါင်းတည်-PDF ရဲ့ ဒီကနေ့ ဩဂုတ်လ (၁၇)ရက်မှာ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဩဂုတ်လ (၁၆)ရက်နေ့ ညနေ (၆)နာရီခွဲအချိန်က ပေါက်ခေါင်းမြို့နယ်၊ အင်ငါးခွကျေးရွာအုပ်ချုပ်ရေးမှူး ဇော်လင်းအောင်ကို ပေါက်ခေါင်း-ပြည်လမ်းမဘေး ခြင်းလုံးခတ်နေစဉ် သေနတ်(၂)လက်နဲ့ (၆)ချက် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတဲ့ အုပ်ချုပ်ရေးမှူး ဇော်လင်းအောင်ဟာ အခင်းဖြစ်နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။

အုပ်ချုပ်ရေးမှူး ဇော်လင်းအောင်ဟာ စစ်ကောင်စီတပ်ဖွဲ့၀င်‌တွေနဲ့ပေါင်းကာ ဆိုင်ကယ်လိုင်စင်ဖမ်းတာမှာ လိုက်ပါတာတွေ၊ ကြံကားတွေကို ငွေညှစ်တာတွေနဲ့ မပေးရင် ထိုးကြိတ်ဖမ်းဆီးတာ‌တွေရှိတယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် သစ်ကားတွေဆီက လိုင်းကြေးကောက်တာအပြင် တောင်သူလယ်သမားတွေကို စိုက်ပျိုးရေးချေးငွေတွေ ခြိမ်းခြောက်တောင်းခံတာနဲ့ လောင်းကစားဝိုင်းတွေကို လစဉ်ကြေးယူပြီး ထောင်ခိုင်းသူဖြစ်တယ်လို့ သိရပါတယ်။

#Era’sEye \News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သာယာဝတီထောင်မှာ ပါဆယ်ပို့တဲ့အထဲ ဖုန်းဆင်းကဒ်ပါတယ်ဆိုပြီး နိုင်/ကျဉ်း (၂)ဦး ရိုက်နှက်တိုက်ပိတ်ခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 5 Views
နိုဝင်ဘာလ (၁၁)ရက်။ သာယာဝတီအကျဉ်းထောင်မှာ ပါဆယ်လာပို့တဲ့အထဲ ဖုန်းဆင်းကဒ်ပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေးအကျဉ်းသား(၂)ဦးကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ပြီး တိုက်ပိတ်ထားတယ်လို့ PPNM ရဲ့
မြန်မာသတင်း

အင်းစိန်မြို့ရှိ ရွာမအစုရပ်ကွက်က စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲတိုက်ခိုက်ခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 4 Views
နိုဝင်ဘာလ (၁၁)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီခွဲအချိန်က အင်းစိန်မြို့၊ ရွာမအစုရပ်ကွက်ရှိ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Dark Shadow
မြန်မာသတင်း

မော်လမြိုင်မှာ အချုပ်ခန်းဖောက်ပြီး စစ်ကောင်စီရဲတစ်ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်ထဲ ပါဝင်သူတစ်ဦးကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 4 Views
နိုဝင်ဘာလ (၁၁)ရက်။ မော်လမြိုင်မြို့ရှိ မုပွန်ရဲစခန်းရဲ့ အချုပ်ခန်းကိုဖောက်ပြီး ထွက်ပြေးသွားသူတွေထဲက ပါဝင်သူတစ်ဦးကို ဖမ်ဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဧပြီလ (၁၇)ရက်နေ့က အချုပ်သားအချို့ဟာ မုပွန်နယ်မြေရဲစခန်းရှိ အချုပ်ခန်းသံတိုင်တွေကို ဖျက်ဆီးကာ အချုပ်ခန်းဖောက်ပြီး စစ်ကောင်စီရဲတပ်ကြပ်တစ်ဦးကို
မြန်မာသတင်း

မိတ္ထီလာရှမ်းတဲလေတပ် ဒရုန်းတွေနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်လော်ဘီချန်နယ်တွေပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 4 Views
နိုဝင်ဘာလ (၁၁)ရက်။ ဒီကနေ့ နံနက် (၄)နာရီ (၅၀)မိနစ်အချိန်က မိတ္ထီလာမြို့၊ ရှမ်းတဲကျေးရွာမြောက်ဘက်ရှိ ရှမ်းတဲလေတပ် ဒရုန်းတွေနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ စစ်ကောင်စီရဲ့ မိတ္ထီလာရှမ်းတဲလေတပ်ဟာ Fixed Wing Drone တွေနဲ့
မြန်မာသတင်း

ကန့်ဘလူနယ်ရှိ ကျေးရွာ (၃)ရွာက နေအိမ် (၁၃၀)ကျော်ကို စစ်‌ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ ပြည်သူတစ်ဦး မီးရှို့သတ်ဖြတ်ခံရပြီး တစ်ဦးဖမ်းဆီးခံခဲ့ရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 6 Views
နိုဝင်ဘာလ (၁၁)ရက်။ နိုဝင်ဘာလ (၉)ရက်နေ့က ကန့်ဘလူနယ်၊ ဇီးကုန်းတိုက်နယ်ရှိ ကျေးရွာ (၃)ရွာကို အင်အား (၁၂၀)ခန့်ရှိ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၉)ရက်နေ့က
မြန်မာသတင်း

ရေစကြိုမြို့မှာ သန်းခေါင်စာရင်းကောက်နေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးပြီး (၅)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 9 Views
ရေစကြိုမြို့မှာ သန်းခေါင်စာရင်းကောက်နေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးပြီး (၅)ဦးဒဏ်ရာရခဲ့ နိုဝင်ဘာလ (၁၁)ရက်။ မနေ့က နံနက် (၁၁)နာရီအချိန်မှာ ရေစကြိုမြို့ အမှတ်(၇) (၅၀၀)ပြည့်ရပ်ကွက်မှာ သန်းခေါင်စာရင်းကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုပကဖရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

အခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲ နေပြည်တော်မှာ ပြုလုပ်ဖို့ စစ်ကောင်စီ ပြင်ဆင်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 5 Views
နိုဝင်ဘာလ (၁၁)ရက်။ အခု ၂၀၂၄ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို နေပြည်တော်မှာ ပြုလုပ်သွားဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီရုပ်ရှင်ထူးချွန်ဆုပေးပွဲကို စစ်ကောင်စီက နေပြည်တော်မှာ လာမယ့် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလထဲ ကျင်းပပြုလုပ်သွားဖို့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အမ်းမြို့မှာ လက်နက်ခဲယမ်းလာပို့တဲ့ စစ်ကောင်စီရဟတ်ယာဉ် ပစ်ချခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 5 Views
နိုဝင်ဘာလ (၁၁)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန်က အမ်းမြို့ကို လက်နက်ခဲယမ်းလာပို့တဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စီး ပစ်ချခံခဲ့ရတယ်လို့ ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ နပခဌာနချုပ်ရှိတဲ့ အမ်းမြို့ကို စစ်ကောင်စီက ရဟတ်ယာဉ် (၄)စီးနဲ့ လက်နက်ခဲယမ်းလာပို့တာ။ အဲ့ဒီကအပြန်မှာ