မွန်ပြည်နယ် သထုံမြို့နယ် ပိန်နဲတောအလယ်ကျေးရွာမှာ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကလေးငယ်တစ်ဦးနဲ့အမျိုးသမီးတစ်ဦးဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာလ (၈) ရက်မှာ ပိန်နဲတောတပျစခနျးကလကျနကျကွီးလေးလုံးပစ်ခတ်ခဲ့ရာ ပိန်နဲတောအလယ်ရွာ ကုလားတန်းမှာလက်နက် ကြီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး (၁၃) နှစ်အရွယ် ကလေးငယ်နှနဲ့ (၃၈)နှစ်အရွယ် အမျိုးသမီးတို့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၁၀ရက် ညပိုင်းကလည်း အဲဒီပိန်နဲတောတပ်စခန်းကနေ ပစ်ခတ်တဲ့လက်နက်ကြီးကျည်တွေသထုံမြို့နယ်၊ကျုံမိန်ရွာ အနီးနားကျရောက်ပေါက်ကွဲခဲ့သေးတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) တို့အကြား KNU တပ်မဟာ (၁) သထုံခရိုင်၊ တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊ တပ်မဟာ (၅) ဖာပွန်ခရိုင်နဲ့ တပ်မဟာ(၆) ဒူးပလာယာခရိုင်တွေမှာ ထိတွေ့တိုက်ပွဲတွေပြင်းထန်လျက်ရှိပါတယ်။