နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

စစ်ကောင်စီတပ်များမှ အင်အားဖြည့် စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံ ပြည်သူ (၁၅,၀၀၀) ကျော် စစ်ဘေးတိမ်းရှောင်နေရ

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ (၆)၊ ဝင်းရေး မြို့နယ်၊ တံခွန်တိုင်ရဲစခန်းကို အင်အားဖြည့်တင်းရန် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ ကျိုက်ထို တပ်မ (၄၄) လက်အောက်ခံ ခလရ-(၂)၊ အမတ-၃၁၈ (အဘစ်အမြှောက်တပ်)၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ BGF တပ်ရင်း (၁၀၂၁) နဲ့ BGF တပ်နယ် (၃) စုစုပေါင်းအင်အား (၁၀၀) ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေကို K.N.L.A တပ်ရင်း (၁၆) နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘလ ၁၄ ရက်၊ မနက် (၈း၀၀) အချိန်လောက်ကစတင်ပြီး နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ စက်တင်ဘာလ (၁၆) ရက်နေ့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲ့ဒီ ထိတွေ့ပစ်ခတ်မှုမှာ Mi-35P တိုက်ခိုက်ရေးဟယ်လီကော်ပတာတစင်းဟာ မနက် ၉ နာရီ ၁၂ မိနစ်မှာ အရှေ့တောင်းတိုင်း စစ်ဌာနချုပ် မော်လမြိုင်ကနေ ထွက်လာပြီး မနက် ၉ နာရီ ၄၀ မိနစ် ဝန်းကျင်လောက်မှာ ပစ်ခတ်မှုဖြစ်ပွားရာ နေရာတစ်ဝိုက်ကို ရောက်ရှိလာပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ရဲဘော် (၁) ဦးမှာ ကျဆုံးခဲ့ရပြီး ကျေးရွာစာသင်ကျောင်းနဲ့ နေအိမ်များလည်း ထိမှန်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုအပြင် အဘစ်အမြှောက်တပ်ကနေ ၁၂၂ မမ လက်နက်ကြီးများနဲ့လည်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့တဲ့အတွက် နေအိမ်များ ထပ်မံပျက်စီးမှုတွေ ရှိတယ်လို့ ဖော်ပြထားပါတယ်။စက်တင်ဘာလ (၁၅) ရက်နေ့မှာ အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ် BGF တပ်နယ် (၃) ဘက်ကနေ အင်အား (၁၀၀) လောက် ထပ်မံအင်အားဖြည့်တင်းလာတဲ့အတွက် KNLA ပူးပေါင်းတပ်များနဲ့ စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။စက်တင်ဘာလ (၁၄) ရက်နေ့ စာရင်းအရ ဒေသခံပြည်သူ (၁၅,၀၀၀) ကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရပါတယ်။ လက်ရှိစစ်ဘေးရှောင်နေရတဲ့ ဒေသခံပြည်သူတွေဟာ မိုးအဆက် မပြတ်ရွာသွန်းမှုနဲ့ တောင်ကျရေများ ပြင်းထန်စွာ စီးဆင်းလာတဲ့အတွက် နေရာထိုင်ခင်းအတွက် အမိုးအကာများ လုံလောက်မှု မရှိတဲ့အပြင် စစ်ဘေးရှောင်ရန် စခန်းများ သီးသန့်မရှိတဲ့အတွက် အခက်အခဲများစွာနဲ့ ရင်ဆိုင်နေတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးများနဲ့ ဆေးကုသမှုတွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ။ KNU တပ်မဟာ (၆)၊ KNLA တပ်ရင်း (၁၆)။

ဓာတ်ပုံစာအညွှန်း။ KNU တပ်မဟာ (၆) တပ်ရင်း (၁၆) ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့များ။

သတင်းအရင်းအမြစ်။ ဒူးပလာယာခရိုင်၊ သတင်းနှင့် ပြန်ကြားရေး။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခေတ်မျက်လုံးပရိဿတ်များ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 0 Views
ခေတ်မျက်လုံးပရိဿတ်များ ခေတ်မျက်လုံးရဲ့ဒီတနင်္ဂနွေနေ့ LIVE ဆွေးနွေးမဲ့ ခေါင်းစဥ်ကတော့ အများစိတ်ဝင်စားနေတဲ့ “အာဂျင်တီးနားဝရမ်းနဲ့စကစ” “တရုတ်ဖိအားနဲ့ TNLA” “ထိုင်းဖြတ်တောက်မှုနဲ့ BGF” ဖြစ်ပါတယ်
မြန်မာသတင်း

လယ်ဒိုမြို့ရှိ စစ်ကောင်စီဂိတ်စခန်း (၃)ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ မနေ့က ည (၁၂)နာရီအချိန်က လယ်ဒိုမြို့နယ်ရှိ စစ်ကောင်စီရဲ့ ဂိတ်စခန်း (၃)ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အင်းစိန်ထောင်က ရိုဟင်ဂျာ (၉၀၀)ကျော်ကို စစ်ကောင်စီ ရခိုင်ပို့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ ဒီကနေ့ နံနက် (၆)နာရီဝန်းကျင်ခန့်ကစပြီး လွတ်ရက်စေ့ ရိုဟင်ဂျာ (၉၃၆)ဦးကို စစ်ကောင်စီက အင်းစိန်ထောင်ကနေ ခေါ်ထုတ်သွားခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အင်းစိန်ထောင်က လွတ်ရက်စေ့တဲ့ ရိုဟင်ဂျာ
မြန်မာသတင်း

ရွှေကုက္ကိုလ်နဲ့ KK Park က ကျားဖြန့်လုပ်ကိုင်တဲ့ နိုင်ငံခြားသား (၈၀၀)နီးပါးကို စစ်ကောင်စီ ဖမ်းဆီး

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ မြဝတီမြို့ ရွှေကုက္ကိုလ်နဲ့ KK Park မှာ ကျားဖြန့်လုပ်ငန်းအပါအဝင် ဒုစရိုက်မှုတွေကျူးလွန်တဲ့ နိုင်ငံခြားသား (၇၉၉)ဦးကို ဖော်ထုတ်ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနိုင်ငံခြားသားတွေဟာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကနေတဆင့် မြန်မာနိုင်ငံကို
မြန်မာသတင်း

အခုနှစ်မှာ ချင်းပြည်ထဲ စစ်ကောင်စီကင်းစင်ဖို့ တိုက်ပွဲဝင်သွားမယ်လို့ ချင်းပြည်ကောင်စီပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁၅)ရက်။ အခု ၂၀၂၅ခုနှစ်မှာ ချင်းပြည်ထဲ ကျန်ရှိနေတဲ့ စစ်ကောင်စီစခန်းတွေ ကင်းစင်ဖို့ တိုက်ပွဲဝင်သွားမယ်လို့ ချင်းပြည်ကောင်စီ ဒုဥက္ကဋ္ဌ(၁) Salai Men Nyo က (၇၈)နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုတဲ့နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “
မြန်မာသတင်း

မြဝတီတောင်ဘက် ကနဲလေးရွာတိုက်ပွဲထဲ စစ်ကောင်စီထံက လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁၅)ရက်။ ဖေဖော်ဝါရီလ (၅)ရက်နေ့က မြဝတီမြို့တောင်ဘက်ရှိ ကနဲလေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Cobra Column 2 Venom ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၅)ရက်နေ့က ကနဲလေးစခန်းကို
မြန်မာသတင်း

မင်းလှမြို့မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁၅)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီခွဲအချိန်က မင်းလှမြို့ ဇရစ်မျှောင်ကျေးရွာနေ ခွက်မအုပ်စုအုပ်ချုပ်ရေးမှူး သန်းထွေးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ(၂)ထံက သိရပါတယ်။ “ ဇရစ်မျှောင်ကျေးရွာမှာနေတဲ့ ခွက်မအုပ်စု အုပ်ချုပ်ရေးမှူး သန်းထွေးကို သူ့ရဲ့နေအိမ်မှာပဲ
မြန်မာသတင်း

စစ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ TNLA ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည် ကူမင်းမြို့ကို ရောက်ရှိနေ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၁၅) ရက်။ တရုတ်အစိုးရရဲ့ စီစဉ်ပေးချက်အရ TNLA ရဲ့ ကိုယ်စားလှယ်တွေဟာ စစ်ကောင်စီကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ ဒီနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ကို ရောက်ရှိနေပြီ ဖြစ်တယ်လို့ TNLA