၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်၊ ခေတ်မျက်လုံး။
တအာင်း တပ်မဟာ(၂) စစ်ဒေသ၊ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာကို စစ်ကောင်စီတပ်မှ နိုဝင်ဘာလ (၁၅) ရက်နေ့ နမနက်အစောပိုင်းမာ ဟောင်ဝစ်ဇာ လက်နက်ကြီးနဲ့ အကြိမ် (၃၀)၊ ဂျက်တိုက်လေယာဉ်နဲ့ (၂) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် နောင်ပိန်ကျေးရွာက လူနေအိမ်၊ ဘုန်းကြီးကျောင်းနဲ့ စားဥယာဥ်တို့ ထိမှန်ပျက်ဆီးဆုံးရှုံးခဲ့ရတယ်လို့ တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ထားပါတယ်။











