၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်၊ ခေတ်မျက်လုံး။
မနေ့က နိုဝင်ဘာလ (၁၆) ရက်နေ့က တပ်မဟာ (၆) စစ်ဒေသ၊ လားရှိုးမြို့နယ်၊ မိုင်းကျက်တပ်စခန်းမှာ စစ်ကောင်စီတပ်က ထောက်ပို့လေယဥ်နဲ့ ချပေးတဲ့ ဆေးဝါးတွေနဲ့ ခဲယမ်း (၁၃) သေတ္တာကို တအာင်းတပ်မတော် TNLA က ဒုတိယအကြိမ် ပစ်ခတ်ဖြတ်ယူနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
မနေ့က တပ်မဟာ (၁) စစ်ဒေသ၊ နမ့်ခမ်းမြို့နယ် နောင်အင်ကျေးရွာရှိ စစ်ကောင်စီရဲ့ တာကွန့်တပ်စခန်းကို မနက် (၁၀) နာရီ မိနစ် (၅၀) အချိန်မှာ တအာင်းတပ်မတော် TNLA က သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါပါ။
တပ်မဟာ (၁) စစ်ဒေသ၊ မူဆယ်မြို့နယ် ကျင်စန့်ကျော့လမ်းခွဲမှာ နိုဝင်ဘာလ (၁၆) ရက်နေ့ မနက် (၁၁) နာရီ (၄၃) မိနစ်အချိန်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တအာင်းတပ်မတော် TNLA က သိမ်းပိုက်ရရှိခဲ့သည့် ဆေးဝါးနှင့် ခဲယမ်းများ
(TNLA သတင်းနှင့် ပြန်ကြားရေး)