နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေကို စစ်ကောင်စီက တိုက်လေယာဥ်နဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး (KNU) ဖာပွန်ခရိုင် တပ်မဟာ (၅) နယ်မြေကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ (၁၅) ရက် ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အဲဒီလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနေအဆောက်အဦ အများအပြား မီးလောင်ပျက်စီးခဲ့ရကြောင်းကို ဖေဖေါ်ဝါရီ (၁၇) ရက်မှာ တပ်မဟာ (၅) က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ တိုက်လေယာဉ် သုံးစီးဟာ ဖာပွန်(မူတြော်)ခရိုင်၊ ပေးကေးဒဲကျေးရွာအုပ်စုအတွင်းက ထော့ထီးပယ်ကျေးရွာအတွင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်၍ စာသင်ကျောင်းနှင့် လူနေအဆောက်အဦးအများအပြားမီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်။

အဲဒီတိုက်ခိုက်မှုမှာ လေကြောင်းကနေ ဗုံးသီး ခြောက်လုံး ကြဲချခဲ့တဲ့တာကြောင့် စာသင်ကျောင်း ခုနစ်လုံး၊ လူသူမဲ့ အ ဆောက်အဦခြောက်လုံး၊ ဈေးဆိုင် သုံးနှင့် စပါးကျီ နှစ်လုံးတို့ကို ထိမှန် မီးလောင်ပျက်စီးခဲ့ရတာဖြစ်ပါတယ်။ ဒ့ါအပြင် လယ်ထွန်စက် လေးစီး ၊ ဆိုင်ကယ်နှစ်စီး၊ အင်တာနက်ဝိုင်ဖိုင်စလောင်းတချပ်နှင့် ဆန်စက်တလုံး စုစုပေါင်း ကာလတန်ဖိုး သိန်းတထောင်ကျော် ဆုံးရှုံးခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားတာပါ။

စစ်ကောင်စီဟာ တိုက်လေယာဉ် သုံးစီးနဲ့ ဖေဖေါ်ဝါရီ (၁၄) ရက်ကလည်း ဒေဘုနိုကျေးရွာအတွင်းကို ဗုံးသီး ခြောက်လုံးနဲ့ လာရောက်ကြဲချရာ လူသူမဲ့အဆောက် အဦခြောက်လုံးထိမှန်ကာ မီးလောင်ပျက်စီးသွားခဲ့ရတယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။

အခုလို လေကြောင်း တိုက်ခိုက်မှုတွေ ကြောင့် ပြည်သူတွေ ထိတ်လန့်ကြောက်ရွံ့နေကြရပြီး နေ့စဉ် လုပ်ငန်းခွင်ကိုပါ အနှောက်အယှက်ဖြစ်ရတယ်လို့ တပ်မဟာ(၅)က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်နှင့် တပ်မဟာ (၆)နယ်မြေ ညောင်လေးပင်ခရိုင်တို့ ကို ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းက လေကြောင်း တိုက်ခိုက်မှု အကြိမ် (၆၀) နီးပါး ပြုလုပ်ခဲ့ပြီး ဗုံးအလုံး ရေ (၂၀၀) ကျော် ကြဲချတိုက်ခိုက်ခဲ့ပြီး စက်သေနတ်တွေနဲ့လည်း ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ သေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ ထုတ်ပြန် အသိပေးထားပါတယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 109 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 103 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 93 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 76 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 90 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို