နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ လက်ပံလှရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်စီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် တောင်ခြမ်းရှိ လက်ပံလှရွာအား မကျီးတုံပျူများပါလာသည့် အင်အား (၁၀၀) ခန့် ရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် ဖေဖော်ဝါရီလ (၁၃) ရက်နေ့ ညနေ ၃ နာရီမှ ၅ နာရီအတွင်း ပြည်သူပိုင်နေအိမ် (၂၅၀) ကျော်အား မီးလောင်ဗုံးများ၊ ရေနံဆီမီးစာများဖြင့် မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် အသက် (၇၀) နှစ်အရွယ် သီလရှင်ဆရာလေးတစ်ဦးလည်း နေအိမ်အတွင်း၌ မီးရှို့သတ်ဖြတ်ခံခဲ့ရသည်ကို တွေ့ရှိခဲ့ရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြာရေး၏ FB လူမှုကွန်ရက်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

လက်ပံလှရွာတွင် မီးရှို့သတ်ဖြတ်ခံခဲ့ရသည့် အသက် (၇၀) နှစ်အရွယ် သီလရှင် ဆရာလေးရုပ်ကြွင်းနှင့် ကျေးရွာမြင်ကွင်းများ

ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး FB လူမှုကွန်ရက်၏ မှတ်ချက်များတွင် အင်အား (၁၀၀) ခန့် ရှိသည့် စစ်ကောင်စီစစ်ကြောင်းကို မကာကွယ်နိုင်သည့်အပေါ် “အင်အား၁၀၀ လောက်ကို ဘာမှ ပြန်မလုပ်နိုင်တာလား” ဟု မှတ်ချက်ပေးသူ ရှိသလို ပြည်သူအများစုမှာ ဝမ်းနည်းကြေကွဲရကြောင်း ရေးသားကြသည်၊

လက်ပံလှရွာတွင် မီးရှို့သတ်ဖြတ်ခံခဲ့ရသည့် အသက် (၇၀) နှစ်အရွယ် သီလရှင် ဆရာလေးရုပ်ကြွင်းနှင့် ကျေးရွာမြင်ကွင်းများ

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်ကြောင့် ကျဆုံးရဲဘော်ပြည်သူပေါင်း ၂၅၀ နီပါး ရှိပြီး မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသခံ၁သောင်းခွဲကျော် အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေရကြောင်း ဖော်ပြထားသည်။

မီးရှို့သတ်ဖြတ်ခံခဲ့ရသည့် ကျေးရွာမြင်ကွင်းများ
မီးရှို့သတ်ဖြတ်ခံခဲ့ရသည့် ကျေးရွာမြင်ကွင်းများ
မီးရှို့သတ်ဖြတ်ခံခဲ့ရသည့် ကျေးရွာမြင်ကွင်းများ


Source: ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြာရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တပ်ချုပ်အသစ်က လေတပ်ဦးစီးချုပ်နေရာ ဒုဗိုလ်ချုပ်ကြီး ထွန်းဝင်းကို ခန့်အပ်

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 17 Views
ဧပြီလ (၂၂)ရက်။ တပ်ချုပ်အသစ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက လေတပ်ဦးစီးချုပ်နေရာအတွက် ဒုဗိုလ်ချုပ်ကြီး ထွန်းဝင်းကို ရာထူးတိုးမြှင့်ခန့်အပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ လေတပ်ဦးစီးချုပ်အနေနဲ့
မြန်မာသတင်း

သရက်ကန်ပျူစောထီးရွာမှာ စစ်ကော်မရှင်ရဲတဦး မိုင်းဆွဲခံရကာ ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 22 Views
ဧပြီလ (၂၂)ရက်။ ဧပြီလ (၂၀)ရက်နေ့ ညနေ (၄)နာရီအချိန်က သရက်ကန်ပျူစောထီးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင်ရဲတဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ TYK ပြောက်ကြားတပ်ဖွဲ့ရဲ့
မြန်မာသတင်း

အာဆီယံနဲ့ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်မယ်ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 17 Views
လူမှုကွန်ရက်က သတင်းမှားတွေနဲ့ ဖိအားပေးနေတယ်လို့ဆို ဧပြီလ (၂၂)ရက်။ အာဆီယံနဲ့ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီး မင်းအောင်လှိုင်က မနေ့ကကျင်းပတဲ့ ကာ/လုံအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အာဆီယံနဲ့ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာ သမ္မတအနေနဲ့ ကျမ်းသစ္စာကျိန်ဆိုတဲ့အချိန်က မိန့်ခွန်းပြောတာမှာ
မြန်မာသတင်း

တနင်္သာရီမြို့မှာ တိုက်ပွဲတွေ အချိန်မရွေးဖြစ်ပေါ်နိုင်တာကြောင့် ဘေးကင်းရာပြောင်းရွှေ့ဖို့ PDF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 20 Views
ဧပြီလ (၂၂)ရက်။ တနင်္သာရီဒေသမှာ တိုက်ပွဲတွေ အချိန်မရွေး ဖြစ်ပေါ်နိုင်တာကြောင့် ဘေးကင်းရာပြောင်းရွှေ့ဖို့ PDF မြိတ်ခရိုင်တပ်ရင်း(၂)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ တနင်္သာရီမြို့ ဘောဓိကမ်း-ညောင်ပင်ကွင်းရွာလမ်းပိုင်းရှိ ဘန်လော၊ (၅)မိုင်၊ (၆)မိုင်နဲ့ ထုံးတော်ရွာတလျှောက်မှာ စစ်ကော်မရှင်တပ်က အင်အားသုံး
မြန်မာသတင်း

သမ္မတဦးဝင်းမြင့် မိသားစုထံ ပြန်ရောက်ရှိတဲ့အပေါ် SCEF ဝမ်းမြောက်သဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 25 Views
ဧပြီလ (၂၂)ရက်။ သမ္မတဦးဝင်းမြင့် မိသားစုထံ ပြန်လည်ရောက်ရှိလာတဲ့အပေါ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)က ဒီကနေ့မှာ ဝမ်းမြောက်သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ သမ္မတအနေနဲ့ တာဝန်ထမ်းဆောင်ချိန် အကြမ်းဖက်စစ်တပ်ရဲ့ မတရားဖမ်းဆီးအကျဉ်းချတာကို ခံခဲ့ရတဲ့ သမ္မတဦးဝင်းမြင့်ဟာ (၅)နှစ်ကျော်ကြာမှာ မိသားစုထံ ပြန်လည်ရောက်ရှိခဲ့တာလို့
မြန်မာသတင်း

“မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း”

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 26 Views
(ရုပ်သံတင်ဆက်မှုစာသားမူရင်း) ဒီနေ့ ကျွန်တော် တင်ပြချင်တဲ့ အကြောင်းအရာကတော့ စိတ်ဝင်စားစရာကောင်းတဲ့ ဟန်ဂေရီနိုင်ငံရဲ့ ရွေးကောက်ပွဲ အပြောင်းအလဲနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေကို နှိုင်းယှဥ်ပြီး သုံးသပ်ပြချင်တာ ဖြစ်ပါတယ်။ လူသတ်အာဏာရှင်တွေ ဘယ်လောက်ပဲ အာဏာကို အမြစ်တွယ်အောင် လုပ်ထားပါစေ၊
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိတာကို သက်သေပြဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 24 Views
ဧပြီလ (၂၁)ရက်။ ‌အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာ ရှိနေသေးတာကို သက်သေပြဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတခု All in One Piece Movement က မနေ့က စတင်လိုက်တယ်လို့ သိရပါတယ်။ “ အမေ့အတွက်
မြန်မာသတင်း

မင်းအောင်လှိုင် ငြိမ်းချမ်းရေးဖိတ်ခေါ်တာကို CNF ငြင်း

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 26 Views
ဧပြီလ (၂၁)ရက်။ မင်းအောင်လှိုင်က ငြိမ်းချမ်းရေး ဖိတ်ခေါ်တဲ့အပေါ် ချင်းအမျိုးသားတပ်ဦး(CNF)က ငြင်းဆိုလိုက်တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ NCA ကအစ ၂၀၀၈ဖွဲ့စည်းပုံအောက်ကနေ လုပ်ဆောင်တာမှန်သမျှကို ကန့်ကွက်ငြင်းပယ်တယ်။ SCEF ရဲ့ နိုင်ငံရေးရပ်တည်ချက်အတိုင်းပဲ ဆက်လက်လုပ်ဆောင် ရပ်တည်သွားမှာ”