နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အဖွဲ့ ခုနစ်ဖွဲ့က မြန်မာနိုင်ငံ၏ လက်ရှိအကျပ်အတည်းကို ဖြေရှင်းရန် တရုတ်နိုင်ငံက ကြားဝင်ဖြေရှင်းပေးမှုကို ကြိုဆို

ရှမ်းပြည်နယ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့၌ မတ်လ (၁၅) နှင့် (၁၆) ရက် နှစ်ရက်ကြာ ကျင်းပခဲ့သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ က မြန်မာနိုင်ငံ၏ လက်ရှိအကျပ်အတည်းကို ဖြေရှင်းရန် တရုတ်နိုင်ငံက ကြားဝင်ဖြေရှင်းပေးမှုကို ကြိုဆိုကြောင်း တရုတ်နိုင်ငံ ကျောထောက် နောက်ခံပြု တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အဖွဲ့ ခုနစ်ဖွဲ့က မတ်လ (၁၆) ရက်နေ့က အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့သည့် အချက် (၇) ချက်ပါ ကြေညာချက်တွင် ဖော်ပြခဲ့သည်။ နယ်စပ်ဒေသ တည်ငြိမ်ရန် တရုတ်အစိုးရနှင့်ဆက်လက် လက်တွဲလုပ်ကိုင်သွားမည်ဟုလည်း ဖော်ပြထားသည်။

အစည်းအဝေးကို ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ဥက္ကဋ္ဌ တာအိုက်ဖုန်း၊ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) ခေါ် မိုင်းလားတို့မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ ယင်းခုနစ်ဖွဲ့ထဲမှ UWSA၊ NDAA နဲ့ SSPP မှ ကိုယ်စားလှယ်တချို့သည် ဇန်နဝါရီလ (၅) ရက်နေ့၌ နေပြည်တော်တွင် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့နှင့် တွေ့ဆုံခဲ့သည်။

တရုတ်နိုင်ငံသည် နိုင်ငံတကာတွင် အထီးကျန်နေသော စစ်အစိုးရ၏ အဓိက မဟာမိတ်ဖြစ်ပြီး လက်နက် ထောက်ပံ့နေသူလည်း ဖြစ်သည်။ တရုတ်နိုင်ငံသည် လွန်ခဲ့သည့် ၂ နှစ်က ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရကို ဖြုတ်ချခဲ့သော စစ်ကောင်စီကို စစ်အာဏာရှင်ဟု ခေါ်ဆိုရန် ငြင်းဆိုထားသည်။

အင်အား ၂၅,၀၀၀ ဝန်းကျင်ရှိသည့် UWSP ၏ စစ်တပ်သည် အစိုးရ မဟုတ်သော စစ်တပ်များထဲမှ တစ်ခုဖြစ်သည်။ FPNCC ၏ ထုတ်ပြန်ချက်တွင် ဘေဂျင်းမှ မည်ကဲ့သို့ ပါဝင်ပတ်သက်မှုကို ကြိုဆိုမည်ကို အသေးစိတ် မဖော်ပြထားပေ။ နယ်စပ် ဒေသများ တည်ငြိမ်တိုးတက်စေရေးအတွက် တရုတ်အစိုးရနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ သို့သော် FPNCC အဖွဲ့ဝင် အများအပြားသည် စစ်တပ်အာဏာသိမ်းမှုကို ပြန်လည်တွန်းလှန်ရန် နိုင်ငံတဝှမ်းတွင် ပေါ်ပေါက်လာသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အား ခိုလှုံရာနှင့် လက်နက်သင်တန်းများ ပေးဆောင်ခဲ့ကြသည်။ ပြီးခဲ့သည့်နှစ်က ကချင်ပြည်နယ် မြောက်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော်က ကျင်းပသည့် ဖျော်ဖြေပွဲ၌ စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် လူ ၅၀ ခန့် သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရခဲ့သည်။

ဘေဂျင်း၏ Belt and Road ခါးပတ်လမ်းစီမံကိန်း၏ ပဏာမ စီမံကိန်း အများအပြားသည် မြန်မာနိုင်ငံ မြောက်ပိုင်းကိုဖြတ်၍ တရုတ်နိုင်ငံ၏ ကုန်းတွင်းပိတ် ယူနန်ပြည်နယ်ကို အိန္ဒိယသမုဒ္ဒရာနှင့် ချိတ်ဆက်ရန် စီစဉ်ထားသည်။ ဒီဇင်ဘာလတွင် ခန့်အပ်ခြင်းခံရသည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ၏ အထူးကိုယ်စားလှယ် တိန့်ရှီကျန်သည် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အနည်းဆုံး နှစ်ကြိမ် တွေ့ဆုံခဲ့ပြီး ဖေဖော်ဝါရီလတွင်လည်း UWSA, KIA, NDAA မှ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။

ဘေဂျင်း၏ သံတမန်များသည် ၂၀၁၇ ခုနှစ် စစ်တပ်၏ ဖြိုခွင်းမှုကြောင့် ထွက်ပြေးသွားသော ရိုဟင်ဂျာဒုက္ခသည်များကို နေရပ် ပြန်ပို့ရေး ရှေ့ပြေးအစီအစဉ်တစ်ခုအတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကြား စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိပြီး ယခုအခါ ကုလသမဂ္ဂ၏ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ နေရပ်ပြန်ပို့မှုများသည် မကြာမီစတင်တော့မည်ဖြစ်ကြောင်း ဒါကာဆိုင်ရာ ပေကျင်းသံအမတ်ကြီး Yao Wen က သတင်းထောက်များအား အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 95 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 89 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 75 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 63 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 61 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို