နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အဖွဲ့ ခုနစ်ဖွဲ့က မြန်မာနိုင်ငံ၏ လက်ရှိအကျပ်အတည်းကို ဖြေရှင်းရန် တရုတ်နိုင်ငံက ကြားဝင်ဖြေရှင်းပေးမှုကို ကြိုဆို

ရှမ်းပြည်နယ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့၌ မတ်လ (၁၅) နှင့် (၁၆) ရက် နှစ်ရက်ကြာ ကျင်းပခဲ့သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ က မြန်မာနိုင်ငံ၏ လက်ရှိအကျပ်အတည်းကို ဖြေရှင်းရန် တရုတ်နိုင်ငံက ကြားဝင်ဖြေရှင်းပေးမှုကို ကြိုဆိုကြောင်း တရုတ်နိုင်ငံ ကျောထောက် နောက်ခံပြု တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အဖွဲ့ ခုနစ်ဖွဲ့က မတ်လ (၁၆) ရက်နေ့က အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့သည့် အချက် (၇) ချက်ပါ ကြေညာချက်တွင် ဖော်ပြခဲ့သည်။ နယ်စပ်ဒေသ တည်ငြိမ်ရန် တရုတ်အစိုးရနှင့်ဆက်လက် လက်တွဲလုပ်ကိုင်သွားမည်ဟုလည်း ဖော်ပြထားသည်။

အစည်းအဝေးကို ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ဥက္ကဋ္ဌ တာအိုက်ဖုန်း၊ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) ခေါ် မိုင်းလားတို့မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ ယင်းခုနစ်ဖွဲ့ထဲမှ UWSA၊ NDAA နဲ့ SSPP မှ ကိုယ်စားလှယ်တချို့သည် ဇန်နဝါရီလ (၅) ရက်နေ့၌ နေပြည်တော်တွင် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့နှင့် တွေ့ဆုံခဲ့သည်။

တရုတ်နိုင်ငံသည် နိုင်ငံတကာတွင် အထီးကျန်နေသော စစ်အစိုးရ၏ အဓိက မဟာမိတ်ဖြစ်ပြီး လက်နက် ထောက်ပံ့နေသူလည်း ဖြစ်သည်။ တရုတ်နိုင်ငံသည် လွန်ခဲ့သည့် ၂ နှစ်က ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရကို ဖြုတ်ချခဲ့သော စစ်ကောင်စီကို စစ်အာဏာရှင်ဟု ခေါ်ဆိုရန် ငြင်းဆိုထားသည်။

အင်အား ၂၅,၀၀၀ ဝန်းကျင်ရှိသည့် UWSP ၏ စစ်တပ်သည် အစိုးရ မဟုတ်သော စစ်တပ်များထဲမှ တစ်ခုဖြစ်သည်။ FPNCC ၏ ထုတ်ပြန်ချက်တွင် ဘေဂျင်းမှ မည်ကဲ့သို့ ပါဝင်ပတ်သက်မှုကို ကြိုဆိုမည်ကို အသေးစိတ် မဖော်ပြထားပေ။ နယ်စပ် ဒေသများ တည်ငြိမ်တိုးတက်စေရေးအတွက် တရုတ်အစိုးရနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ သို့သော် FPNCC အဖွဲ့ဝင် အများအပြားသည် စစ်တပ်အာဏာသိမ်းမှုကို ပြန်လည်တွန်းလှန်ရန် နိုင်ငံတဝှမ်းတွင် ပေါ်ပေါက်လာသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အား ခိုလှုံရာနှင့် လက်နက်သင်တန်းများ ပေးဆောင်ခဲ့ကြသည်။ ပြီးခဲ့သည့်နှစ်က ကချင်ပြည်နယ် မြောက်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော်က ကျင်းပသည့် ဖျော်ဖြေပွဲ၌ စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် လူ ၅၀ ခန့် သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရခဲ့သည်။

ဘေဂျင်း၏ Belt and Road ခါးပတ်လမ်းစီမံကိန်း၏ ပဏာမ စီမံကိန်း အများအပြားသည် မြန်မာနိုင်ငံ မြောက်ပိုင်းကိုဖြတ်၍ တရုတ်နိုင်ငံ၏ ကုန်းတွင်းပိတ် ယူနန်ပြည်နယ်ကို အိန္ဒိယသမုဒ္ဒရာနှင့် ချိတ်ဆက်ရန် စီစဉ်ထားသည်။ ဒီဇင်ဘာလတွင် ခန့်အပ်ခြင်းခံရသည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ၏ အထူးကိုယ်စားလှယ် တိန့်ရှီကျန်သည် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အနည်းဆုံး နှစ်ကြိမ် တွေ့ဆုံခဲ့ပြီး ဖေဖော်ဝါရီလတွင်လည်း UWSA, KIA, NDAA မှ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။

ဘေဂျင်း၏ သံတမန်များသည် ၂၀၁၇ ခုနှစ် စစ်တပ်၏ ဖြိုခွင်းမှုကြောင့် ထွက်ပြေးသွားသော ရိုဟင်ဂျာဒုက္ခသည်များကို နေရပ် ပြန်ပို့ရေး ရှေ့ပြေးအစီအစဉ်တစ်ခုအတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကြား စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိပြီး ယခုအခါ ကုလသမဂ္ဂ၏ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ နေရပ်ပြန်ပို့မှုများသည် မကြာမီစတင်တော့မည်ဖြစ်ကြောင်း ဒါကာဆိုင်ရာ ပေကျင်းသံအမတ်ကြီး Yao Wen က သတင်းထောက်များအား အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လယ်ဒိုမြို့ရှိ စစ်ကောင်စီဂိတ်စခန်း (၃)ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ မနေ့က ည (၁၂)နာရီအချိန်က လယ်ဒိုမြို့နယ်ရှိ စစ်ကောင်စီရဲ့ ဂိတ်စခန်း (၃)ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အင်းစိန်ထောင်က ရိုဟင်ဂျာ (၉၀၀)ကျော်ကို စစ်ကောင်စီ ရခိုင်ပို့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ ဒီကနေ့ နံနက် (၆)နာရီဝန်းကျင်ခန့်ကစပြီး လွတ်ရက်စေ့ ရိုဟင်ဂျာ (၉၃၆)ဦးကို စစ်ကောင်စီက အင်းစိန်ထောင်ကနေ ခေါ်ထုတ်သွားခဲ့တယ်လို့ PPNM
မြန်မာသတင်း

ရွှေကုက္ကိုလ်နဲ့ KK Park က ကျားဖြန့်လုပ်ကိုင်တဲ့ နိုင်ငံခြားသား (၈၀၀)နီးပါးကို စစ်ကောင်စီ ဖမ်းဆီး

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ မြဝတီမြို့ ရွှေကုက္ကိုလ်နဲ့ KK Park မှာ ကျားဖြန့်လုပ်ငန်းအပါအဝင် ဒုစရိုက်မှုတွေကျူးလွန်တဲ့ နိုင်ငံခြားသား (၇၉၉)ဦးကို ဖော်ထုတ်ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနိုင်ငံခြားသားတွေဟာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကနေတဆင့် မြန်မာနိုင်ငံကို
မြန်မာသတင်း

အခုနှစ်မှာ ချင်းပြည်ထဲ စစ်ကောင်စီကင်းစင်ဖို့ တိုက်ပွဲဝင်သွားမယ်လို့ ချင်းပြည်ကောင်စီပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁၅)ရက်။ အခု ၂၀၂၅ခုနှစ်မှာ ချင်းပြည်ထဲ ကျန်ရှိနေတဲ့ စစ်ကောင်စီစခန်းတွေ ကင်းစင်ဖို့ တိုက်ပွဲဝင်သွားမယ်လို့ ချင်းပြည်ကောင်စီ ဒုဥက္ကဋ္ဌ(၁) Salai Men Nyo က (၇၈)နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုတဲ့နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “
မြန်မာသတင်း

မြဝတီတောင်ဘက် ကနဲလေးရွာတိုက်ပွဲထဲ စစ်ကောင်စီထံက လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁၅)ရက်။ ဖေဖော်ဝါရီလ (၅)ရက်နေ့က မြဝတီမြို့တောင်ဘက်ရှိ ကနဲလေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Cobra Column 2 Venom ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၅)ရက်နေ့က ကနဲလေးစခန်းကို
မြန်မာသတင်း

မင်းလှမြို့မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁၅)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီခွဲအချိန်က မင်းလှမြို့ ဇရစ်မျှောင်ကျေးရွာနေ ခွက်မအုပ်စုအုပ်ချုပ်ရေးမှူး သန်းထွေးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ(၂)ထံက သိရပါတယ်။ “ ဇရစ်မျှောင်ကျေးရွာမှာနေတဲ့ ခွက်မအုပ်စု အုပ်ချုပ်ရေးမှူး သန်းထွေးကို သူ့ရဲ့နေအိမ်မှာပဲ
မြန်မာသတင်း

စစ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ TNLA ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည် ကူမင်းမြို့ကို ရောက်ရှိနေ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၁၅) ရက်။ တရုတ်အစိုးရရဲ့ စီစဉ်ပေးချက်အရ TNLA ရဲ့ ကိုယ်စားလှယ်တွေဟာ စစ်ကောင်စီကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ ဒီနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ကို ရောက်ရှိနေပြီ ဖြစ်တယ်လို့ TNLA
မြန်မာသတင်း

စစ်ကိုင်းတိုင်းထဲ စစ်ကောင်စီလေကြောင်းကြောင့် ပြည်သူထိခိုက်သေဆုံးတာ ပိုမိုများပြားလာ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 4 Views
ဖေဖော်ဝါကီလ (၁၅)ရက်။ ဖေဖော်ဝါရီလ (၁၂)ရက်ကစပြီး အခုအချိန်အထိ စစ်ကိုင်းတိုင်းထဲရှိ မုံရွာတောင်ပိုင်း ကျေးရွာတွေနဲ့ ချောင်းဦးမြို့က ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ မုံရွာတောင်ပိုင်း ကျေးရွာတွေနဲ့ ချောင်းဦးမြို့က ကျေးရွာတွေကို (၁၂)ရက်နေ့