နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

BPLA တပ်တည်ထောင်ခြင်း (၂)နှစ်ပြည့်နေ့ အခမ်းအနားပြုလုပ် KNLA ဒုတိယစစ်ဦး စီးချုပ်သဝဏ်လွှာပေးပို့ ၊ ခေတ်မှီနည်းပညာများဖြင့် စစ်အာဏာရှင်များကို တန်ပြန်စစ်ဆင်နိုင်ရမည်ဟု ပြောကြား

တော်လှန်ရေးကာလတွင် တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိနှင့်အတူ လုံခြုံရေးသတိပါ ရှိရမည် ဖြစ်ပြီး ခေတ်မှီနည်းပညာများဖြင့် စစ်အာဏာရှင်များကို တန်ပြန်စစ်ဆင်နိုင်ရန်အတွက် စဉ်ဆက်မပြတ်လေ့လာရမှာ ဖြစ်တယ်လို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဘောကျော်ဟဲက BPLA တပ်တည်ထောင်ခြင်း (၂) နှစ်ပြည့်နေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။


“ လက်ရုံးရည်ယှဉ်ပြိုင်တိုက်ခိုက်မှု နည်းပညာများနှင့်အတူ နှလုံးရည်တိုက်ပွဲ အတွက်ပါ တပ်တော်အနေဖြင့် ပြင်ဆင်ထားရမည်ဖြစ်တယ်” လို့ ဒုတိယဗိုလ်ချုပ်ကြီး ဘောကျော်ဟဲက ပြောပါတယ်။


ဒါ့အပြင် “ တိုင်းပြည်လိုအပ်ချက်အတွက်ဖြစ်စေ၊ တန်းတူရေးအတွက်ဖြစ်စေ၊ တရားမျှတမှုအတွက်ဖြစ်စေ တိုင်းပြည်အတွင်းရှိ အာဏာရှင်စနစ်အားလုံးကို အမြစ်ပြတ် တိုက်ထုတ်ရာတွင် ရဲဘော်များအနေဖြင့် အင်တိုက်အားတိုက် ဆက်လက်ပူးပေါင်းပါဝင်ရန် လိုအပ်ပြီး စစ်အာဏာရှင်များနှင့်အတူ မည်သည့်အာဏာရှင်မဆို အမြစ်ပြတ်ချေမှုန်းနိုင်မှ တိုင်းပြည်အနာဂတ်လည်း လှပမည်ဖြစ်ကြောင်း တပ်တော်နှင့် ရဲဘော်များအားလုံး နားလည်ထားရမည်” လို့ ဒုတိယဗိုလ်ချုပ်ကြီးဘောကျော်ဟဲက ဆိုပါတယ်။


ဒါ့အပြင် “ အခက်အခဲ၊ အကြပ်အတည်း၊ စိန်ခေါ်မှုကြား၌ တပ်တော်ဖွဲ့စည်းနိုင်ခြင်းနှင့်အတူ ရှေ့တန်းစစ်မျက်နှာများတွင် တော်လှန်တိုက်ပွဲဝင်လျက်ရှိသော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်၏ ခေါင်းဆောင်များ၊ ရဲဘော်များအတွက် (၂)နှစ်ပြည့်တပ်တော်မွေးနေ့၌ အသိအမှတ်ပြုပြီး လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်လျက်ရှိကြောင်း” KNLA ဒုစစ်ဦးစီးချုပ်က အသိပေးခဲ့ပါတယ်။


ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ဟာ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး မူတြော် (ဖာပွန်) ခရိုင်အုပ်ချုပ်နယ်မြေတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အမှတ် (၅) တပ်မဟာနဲ့အတူ လက်တွဲပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

Era’sEyes /Photo -BPLA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နှင်းဆီလှုပ်ရှားမှု လုံခြုံရေး သတိပြုကြဖို အသိပေးနှိးဆော်ထား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 12 Views
ဇွန်လ (၁၈)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အနေနဲ့ ပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှု ပြုလုပ်မယ့်အပေါ် လုံခြုံရေးသတိပြုဖို အင်အားစုတွေက အသိပေးထားတယ်လို သိရပါတယ်။
မြန်မာသတင်း

မုံရွာမှာ စစ်ကော်မရှင်တပ်တွေ တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံးကာ ကား(၂)စီးပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 15 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၅)ရက်နေ့က မုံရွာမြိုမှာ စစ်ကော်မရှင်တပ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

NMSP ထိန်းချုပ်နယ်မြေထဲရှိ စစ်ရှောင်စခန်းကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 18 Views
ဇွန်လ (၁၈)ရက်။ ဒီကနေ့ နံနက် (၁)နာရီခွဲခန့်က NMSP ထိန်းချုပ်နယ်မြေထဲက ရေးချောင်းဖျားဒေသရှိ စစ်ရှောင်စခန်းကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နံနက်အစောပိုင်း (၁)နာရီခွဲလောက် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေက စစ်ရှောင်စခန်းကို စစ်တပ်က
တရုတ် မြန်မာ့နိုင်ငံရေး မြန်မာသတင်း

တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပံ့ပိုးကူညီသွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 20 Views
ဇွန်လ (၁၈)ရက်။ တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပံ့ပိုးကူညီသွားမယ်ဆိုပြီး မနေ့က နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပူးတွဲကြေညာချက်ထဲ စစ်ကော်မရှင်က မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် တရုတ်က ပါဝင်တဲ့အပေါ် ကျေးဇူးတင်တယ်လို့ ဆိုထားပါတယ်။ နောက်ပြီး
မြန်မာသတင်း

အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းတာမလုပ်ဖို့ဆိုပြီး SSPP ကို စစ်ကော်မရှင်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 24 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၂)ရက်နေ့က နေပြည်တော်မှာ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီနဲ့ SSPP/SSA ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို SSPP ဘက်က ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ခွန်ဆိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့
မြန်မာသတင်း

ဝက်လက်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 23 Views
ဇွန်လ (၁၇)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီကျော်အချိန်က ဝက်လက်နယ်ဝက်လက်နယ်အရှေ့တောင်ခြမ်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁၂)နာရီ (၄၂)မိနစ်နဲ့ (၄၅)မိနစ်က ညောင်ပင်ကြီးတောရွာတောင်ပိုင်းကို တံတားဦးတက်ကနေ ဂျက်ဖိုက်တာနဲ့
မြန်မာသတင်း

ဆိပ်ဖြူမြို့အဝင်မှာ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါအဝင် (၁၀)ဦးသေဆုံးကာ ကား(၂)စီး ပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 22 Views
ဇွန်လ (၁၇)ရက်။ မနေ့က ညနေပိုင်းအချိန်က ဆိပ်ဖြူမြို့အဝင်မှာ စစ်တပ်ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဆိပ်ဖြူမြို့ပေါ်ကနေ ထွက်လာတဲ့ စကစတပ်ဖွဲ့ဝင်တွေပါတဲ့ (၆)ဘီးကားတစီးနဲ့ အိမ်စီးကားတစီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ စစ်တပ်ဘက်က မျက်မြင်
မြန်မာသတင်း

ရန်ကုန်-ပြည်လမ်းမပေါ်မှာ စစ်ကော်မရှင်ကားတွေ ပစ်ခတ်ခံရပြီး ဗိုလ်ကြီးနဲ့ ဗိုလ်အဆင့်ပါ (၄)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 23 Views
ဇွန်လ (၁၆)ရက်။ မနေ့က နံနက် (၈)နာရီအချိန်က ရန်ကုန်-ပြည်လမ်းမပေါ်ရှိ ကိုးပင်-ဆတ်သွားလမ်းပိုင်းတနေရာမှာ စစ်ကော်မရှင်ကားတစီးကို ပစ်ခတ်ခဲ့တယ်လို Nay Pyi Taw PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ တောင်တွင်းကြီး ဆတ်သွားရွာဘက်ကနေ ထွက်လာတဲ့