နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

BPLA တပ်တည်ထောင်ခြင်း (၂)နှစ်ပြည့်နေ့ အခမ်းအနားပြုလုပ် KNLA ဒုတိယစစ်ဦး စီးချုပ်သဝဏ်လွှာပေးပို့ ၊ ခေတ်မှီနည်းပညာများဖြင့် စစ်အာဏာရှင်များကို တန်ပြန်စစ်ဆင်နိုင်ရမည်ဟု ပြောကြား

တော်လှန်ရေးကာလတွင် တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိနှင့်အတူ လုံခြုံရေးသတိပါ ရှိရမည် ဖြစ်ပြီး ခေတ်မှီနည်းပညာများဖြင့် စစ်အာဏာရှင်များကို တန်ပြန်စစ်ဆင်နိုင်ရန်အတွက် စဉ်ဆက်မပြတ်လေ့လာရမှာ ဖြစ်တယ်လို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဘောကျော်ဟဲက BPLA တပ်တည်ထောင်ခြင်း (၂) နှစ်ပြည့်နေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။


“ လက်ရုံးရည်ယှဉ်ပြိုင်တိုက်ခိုက်မှု နည်းပညာများနှင့်အတူ နှလုံးရည်တိုက်ပွဲ အတွက်ပါ တပ်တော်အနေဖြင့် ပြင်ဆင်ထားရမည်ဖြစ်တယ်” လို့ ဒုတိယဗိုလ်ချုပ်ကြီး ဘောကျော်ဟဲက ပြောပါတယ်။


ဒါ့အပြင် “ တိုင်းပြည်လိုအပ်ချက်အတွက်ဖြစ်စေ၊ တန်းတူရေးအတွက်ဖြစ်စေ၊ တရားမျှတမှုအတွက်ဖြစ်စေ တိုင်းပြည်အတွင်းရှိ အာဏာရှင်စနစ်အားလုံးကို အမြစ်ပြတ် တိုက်ထုတ်ရာတွင် ရဲဘော်များအနေဖြင့် အင်တိုက်အားတိုက် ဆက်လက်ပူးပေါင်းပါဝင်ရန် လိုအပ်ပြီး စစ်အာဏာရှင်များနှင့်အတူ မည်သည့်အာဏာရှင်မဆို အမြစ်ပြတ်ချေမှုန်းနိုင်မှ တိုင်းပြည်အနာဂတ်လည်း လှပမည်ဖြစ်ကြောင်း တပ်တော်နှင့် ရဲဘော်များအားလုံး နားလည်ထားရမည်” လို့ ဒုတိယဗိုလ်ချုပ်ကြီးဘောကျော်ဟဲက ဆိုပါတယ်။


ဒါ့အပြင် “ အခက်အခဲ၊ အကြပ်အတည်း၊ စိန်ခေါ်မှုကြား၌ တပ်တော်ဖွဲ့စည်းနိုင်ခြင်းနှင့်အတူ ရှေ့တန်းစစ်မျက်နှာများတွင် တော်လှန်တိုက်ပွဲဝင်လျက်ရှိသော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်၏ ခေါင်းဆောင်များ၊ ရဲဘော်များအတွက် (၂)နှစ်ပြည့်တပ်တော်မွေးနေ့၌ အသိအမှတ်ပြုပြီး လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်လျက်ရှိကြောင်း” KNLA ဒုစစ်ဦးစီးချုပ်က အသိပေးခဲ့ပါတယ်။


ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ဟာ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး မူတြော် (ဖာပွန်) ခရိုင်အုပ်ချုပ်နယ်မြေတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အမှတ် (၅) တပ်မဟာနဲ့အတူ လက်တွဲပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

Era’sEyes /Photo -BPLA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နောင်ချိုမြို့မှာ စစ်ကောင်စီက တရက်ထဲ ဗုံး (၁၁)လုံးကြဲချတိုက်ခိုက်၊ ပြည်သူ (၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 20 Views
ဇူလိုင်လ (၁)ရက်။ ဒီကနေ့ နေ့လယ် (၃)နာရီကျော်အချိန်က နောင်ချိုမြို့ရှိ သုံးဆယ်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး (၁၁)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

အိုးဘိုထောင်မှာ နိုင်/ကျဉ်းတွေ ရိုက်နှက်ခံရချိန် ကိုဝေမိုးနိုင် သွေးထွက်လွန်ပြီး သတိမေ့မျောခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 14 Views
ဇူလိုင်လ (၁)ရက်။ မုံရွာထောင်ကနေ မန္တလေးအိုးဘိုထောင်ကို ပြောင်းရွှေ့ရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး PPNM က ဒီကနေ့မှာ နောက်ဆက်တွဲ ထပ်မံထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၅၀၀)ကျော်အထိ သေဆုံးခဲ့တယ်လို့ AAPP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 29 Views
ဇူလိုင်လ (၁)ရက်။ ၂၀၂၁ခုနှစ် အာဏာသိမ်းချိန်ကစပြီး အခုနှစ် ဇွန်လ (၃၀)ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၅၀၅)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ အာဏာသိမ်း (၅)နှစ်တာထဲ
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က တရက်ထဲ ဗုံး (၈)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 32 Views
ဇွန်လ (၃၀)ရက်။ မနေ့က ကျောက်မဲမြို့ရှိ ရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံးအပါအဝင် စုစုပေါင်း ဗုံး (၈)လုံးအထိ ကြဲချခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းထိုးတဲ့ (၄)ရက်ထဲ ပြည်သူ (၁၁)ဦးအထိ သတ်ဖြတ်ခံရ

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 33 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၃)ရက်နေ့ကနေ (၂၆)ရက်နေ့အထိ ကန့်ဘလူမြို့နယ်တောင်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၀၀)ကျော်နဲ့ စစ်ကြောင်းထိုးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ စကစနဲ့ ပျူစောထီး ပူးပေါင်အင်အား (၁၀၀)ကျော်နဲ့ ကန့်ဘလူနယ်တောင်ခြမ်း
မြန်မာသတင်း

လယ်ဒိုမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအဝင် (၅)ဦး ဒဏ်ရာရ

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 23 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့ နေ့လယ် (၁)နာရီ (၂၂)မိနစ်အချိန်က လယ်ဒိုမြို့နယ်ရှိ ဟင်္သာဝဲကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဟင်္သာဝဲရွာထဲကို အကြမ်းဖက်စစ်ကောင်စီလေတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာ။
မြန်မာသတင်း

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 28 Views
မုံရွာအခြေစိုက် နမခတိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၂)ဦးသေဆုံးခဲ့ ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၇)ရက်နေ့ ညနေ (၅)နာရီခွဲအချိန်က မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ရော့ကတ် (၁၀)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Chindwin Rocket Brother(CRB)ရဲ့ မနေ့က
မြန်မာသတင်း

စဉ့်ကူးမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 25 Views
ဇွန်လ (၃၀)ရက်။ မနေ့က နံနက် (၁၁)နာရီ (၅၀)မိနစ်အချိန်က စဉ့်ကူးမြို့ လက်ပန်လှရွာရှိ ပြည်စိုးအောင်ရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က (၁၁)နာရီ (၅၀)မိနစ်လောက်မှာ လက်ပန်လှရွာ