နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

BPLA တပ်တည်ထောင်ခြင်း (၂)နှစ်ပြည့်နေ့ အခမ်းအနားပြုလုပ် KNLA ဒုတိယစစ်ဦး စီးချုပ်သဝဏ်လွှာပေးပို့ ၊ ခေတ်မှီနည်းပညာများဖြင့် စစ်အာဏာရှင်များကို တန်ပြန်စစ်ဆင်နိုင်ရမည်ဟု ပြောကြား

တော်လှန်ရေးကာလတွင် တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိနှင့်အတူ လုံခြုံရေးသတိပါ ရှိရမည် ဖြစ်ပြီး ခေတ်မှီနည်းပညာများဖြင့် စစ်အာဏာရှင်များကို တန်ပြန်စစ်ဆင်နိုင်ရန်အတွက် စဉ်ဆက်မပြတ်လေ့လာရမှာ ဖြစ်တယ်လို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဘောကျော်ဟဲက BPLA တပ်တည်ထောင်ခြင်း (၂) နှစ်ပြည့်နေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။


“လက်ရုံးရည်ယှဉ်ပြိုင်တိုက်ခိုက်မှု နည်းပညာများနှင့်အတူ နှလုံးရည်တိုက်ပွဲ အတွက်ပါ တပ်တော်အနေဖြင့် ပြင်ဆင်ထားရမည်ဖြစ်တယ်” လို့ ဒုတိယဗိုလ်ချုပ်ကြီး ဘောကျော်ဟဲက ပြောပါတယ်။


ဒါ့အပြင် “တိုင်းပြည်လိုအပ်ချက်အတွက်ဖြစ်စေ၊ တန်းတူရေးအတွက်ဖြစ်စေ၊ တရားမျှတမှုအတွက်ဖြစ်စေ တိုင်းပြည်အတွင်းရှိ အာဏာရှင်စနစ်အားလုံးကို အမြစ်ပြတ် တိုက်ထုတ်ရာတွင် ရဲဘော်များအနေဖြင့် အင်တိုက်အားတိုက် ဆက်လက်ပူးပေါင်းပါဝင်ရန် လိုအပ်ပြီး စစ်အာဏာရှင်များနှင့်အတူ မည်သည့်အာဏာရှင်မဆို အမြစ်ပြတ်ချေမှုန်းနိုင်မှ တိုင်းပြည်အနာဂတ်လည်း လှပမည်ဖြစ်ကြောင်း တပ်တော်နှင့် ရဲဘော်များအားလုံး နားလည်ထားရမည်” လို့ ဒုတိယဗိုလ်ချုပ်ကြီးဘောကျော်ဟဲက ဆိုပါတယ်။


ဒါ့အပြင် “အခက်အခဲ၊ အကြပ်အတည်း၊ စိန်ခေါ်မှုကြား၌ တပ်တော်ဖွဲ့စည်းနိုင်ခြင်းနှင့်အတူ ရှေ့တန်းစစ်မျက်နှာများတွင် တော်လှန်တိုက်ပွဲဝင်လျက်ရှိသော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်၏ ခေါင်းဆောင်များ၊ ရဲဘော်များအတွက် (၂)နှစ်ပြည့်တပ်တော်မွေးနေ့၌ အသိအမှတ်ပြုပြီး လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်လျက်ရှိကြောင်း” KNLA ဒုစစ်ဦးစီးချုပ်က အသိပေးခဲ့ပါတယ်။


ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ဟာ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး မူတြော် (ဖာပွန်) ခရိုင်အုပ်ချုပ်နယ်မြေတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အမှတ် (၅) တပ်မဟာနဲ့အတူ လက်တွဲပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

Era’sEyes /Photo -BPLA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 94 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 87 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 80 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 74 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 63 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 78 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 59 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို