နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 18 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

မြောင်မြို့နယ်ကို စစ်ကြောင်းထိုးတာကြောင့် ကျေးရွာပေါင်းဆယ်ရွာထက် မနည်း စစ်ရှောင်‌နေရပြီး ဒေသခံပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က ရက်ရှည်စစ်ကြောင်းထိုးနေ တာကြောင့် ဒေသခံကျေးရွာပေါင်း (၁၄) ရွာမှ ပြည်သူတစ်သောင်းကျော် စစ်ဘေးရှောင်နေရသလို ပြည့်သူကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး မီးရှို့သတ်ဖြတ်ခံထားရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ခေတ်မျက်လုံးကိုပြောဆိုခဲ့ပါတယ်။


စစ်ကောင်စီတပ်က အင်အား ၁၅၀ ခန့်ရှိ စစ်ကြောင်းဟာ စက်တင်ဘာလ ၁၄ ရက်နေ့နံနက် ၇ နာရီအချိန်ခန့်ကစပြီး မြောင်မြို့နယ် နဂါးပေါက်ကျေးရွာ၊ နေပူကုန်းကျေးရွာ၊ ဘုန်းကောင်ရွာ၊ ထုံးကြိုင်ရွာအပါအဝင် သောင်းကြီးကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာဖြစ်ပါတယ်။


“စစ်ဘေးရှောင်က ၁၀၀၀၀ ကျော်လောက် ရှိတယ်ဗျ။ မိုးကလည်းရွာ ရှောင်ရတဲ့ရွာတွေကလည်း များကြတော့ စားသောက်နေထိုင်ရေး အခက်အခဲတော့ ရှိကြတယ်။ မနေ့က (၁၄) ရွာ၊ ဒီနေ့က (၇) ရွာ၊ နဂါးပေါက်က ကျန်နေသေးတယ်။ ထုံးကြိုင်ကတော့ သောင်ကြီးကကောင်တွေနဲ့ ပေါင်းသွားပြီ” လို့ ဒေသခံသတင်းရင်းမြစ်ကပြောဆိုခဲ့ပါတယ်။


ဒါပြင် စစ်ကောင်စီ စစ်ကြောင်းဟာ စက်တင်ဘာလ (၁၅) ရက် မနက်ပိုင်းမှာ ကင်းစံပြကျေးရွာ ကိုဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် တစ်ဦးကိုလည်း ဖမ်းဆီးမီးရှို့ သတ်ဖြတ်ခံထားရကာ မြောင်နယ်မှာ PDF စခန်း (၃) ခု နဲ့ ဆိုင်ကယ် (၁၅) စီး ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။


အခုလက်ရှိ စက်တင်ဘာလ (၁၈) ရက်နေ့ထိ မြောင်နယ်ရှိ ကျေးရွာတွေကို အင်အား ၃၀၀ ခန့်ရှိစစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် နဂါးပေါက်ကျေးရွာ၊ နေပူကုန်းရွာ၊ ဘုန်းကောင်းရွာ၊ ထုံးကြိုင်ရွာ၊ သောင်ကြီးကျေးရွာ၊ ကင်းစံပြကျေးရွာ၊ ကင်းချောင်းကြီး၊ ရွာသစ်ရွာ၊ရွှေဘုံသာ၊ နဘက်စံပြကျေးရွာ၊ မင်းတန်းရွာ၊ အိုင်သာရွာ၊ ပေါက်တော၊ ကူးတို့ကုန်းရွာ၊ ဆွဲလဲအိုရွာ၊ ကျောက်ဖူကုန်းရွာ၊ သာထွန်းကျေးရွာတွေမှ ဒေသခံပြည်သူ ၁၀၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။


ဒါ့အပြင် စက်တင်ဘာ (၁၄) ရက်နေ့ကစတင်ကာ စစ်ကိုင်းမြို့၊ အနောက်တောင်ဘက် မြစ်ရိုးတလျှောက်ရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့ပြီး‌နောက် မြစ်ရိုး ခုနစ်ရွာရှိ ပစ္စည်းများ ခိုးယူသွားပြီး မြင်းဆည်ကျေးရွာမှ ဒေသခံပြည်သူ လေးဦး သတ်ဖြတ်သွားခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့ Sagaing District Medical Team အဖွဲ့က ပြောထားပါတယ်။


လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဟာ နဂါးပေါက်ကျေးရွာနဲ့ သောင်ကြီးရွာတွေမှာ တပ်စွဲထားကြောင်း သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 111 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 104 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 95 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 78 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 91 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို