နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 24 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ရေစကြိုမြို့နယ်ရှိ ပြည်သူတွေပစ္စည်းများကို အဓမ္မသိမ်းယူပြီး စစ်ကြောင်းထိုးပြန်လာတဲ့ စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရ

မကွေးတိုင်းရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှစစ်ကြောင်းထိုးပြန်လာတဲ့ စစ်‌ကောင်စီတပ်သား တွေက ပြည်သူတွေပစ္စည်းများကို အဓမ္မသိမ်းယူကာ လှည်းနဲ့သယ်ဆောင်လာတာကြောင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ရေစကြိုက သတင်းထုတ်ပြန်ထားပါတယ်။


စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၇ ရက် ညနေ ၃ နာရီခွဲခန့်မှာရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှ စစ်ကြောင်းထိုးအပြန် လမ်းတလျှောက်ရှိ ကျေးရွာ‌တွေမှ ပစ္စည်းတွေကို ဝင်ရောက်ခိုးယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ စစ်ကောင်စီတပ်သား ခုနစ်ဦးအနက် နှစ်ဦးသာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ကျန်ငါးဦးမှာ နေရာတွင်မထနိုင်ပဲထိခိုက်ဒဏ်ရာရရှိခဲ့တယ်။ သူတို့ဘက်က လက်နက်ကြီး‌တွေနဲ့ ပြန်လည်တိုက်ခိုက်ခါဒဏ်ရာရ တဲ့သူတို့ဘက်ကသူတွေကို လာရောက်ခေါ်ဆောင်သွားခဲ့တယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ရေစကြိုအဖွဲ့က ပြောပါတယ်။

ရေလယ်ကျွန်းဒေသရှိ ကျေးရွာ‌တွေဟာ စစ်တပ်အာဏာသိမ်းမှုကို လက်မခံဘဲ အကြမ်းမဖက် ဆန္ဒပြဆန့်ကျင်တော် လှန်ခြင်း၊ လက်နက်ကိုင် တော်လှန် ရေး အားကောင်းတဲ့ ဒေသတခုဖြစ်ရာ တော် လှန်ရေး အင်အားစုတွေ နယ်မြေ စိုးမိုးထားနိုင်မှုလည်း အားကောင်းနေတာကြောင့် စစ်ကောင်စီမှ နယ်မြေစိုးမိုးမှု ပြန်လည်ရရှိနိုင်စေဖို့ စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

“ စစ်ကြောင်း ဝင်လာရင် သင့်တော်သလို ပြေးကြ ရှောင်ကြရတာ၊ တနေရာတည်းမှာ စုပြီးနေလို့ မရတော့ အချို့က နီးစပ်ရာတော ဘက်၊ အချို့က ဘေးလွတ်တဲ့ရွာက စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းလိုမျိုးတွေမှာ နေကြရတာပေါ့။ အခု ရွာကို ပြန်ဝင်လို့ ရရင်တောင် ဘာပစ္စည်းမှ ကျန်မယ် မထင်တော့ပါဘူး၊ သူတို့က လှည်းတွေ၊ စက်လှေတွေနဲ့ ပစ္စည်း တွေကို သယ်နေကြတာ” လို့ စစ်ဘေးရှောင်တစ်ဦးကလည်း ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းကလည်း ရေလယ်ကျွန်းဒေသကို စစ်ကြောင်း ၄ ကြောင်းခွဲကာ ကျေးရွာတွေကို စီးနင်းပြီး နေအိမ်‌တွေကို မီးရှို့ခြင်း၊ ဒေသခံပြည်သူ‌တွေကို သတ်ဖြတ်ခြင်း၊ ရွှေ၊ ငွေ၊ တန်ဖိုးကြီး ပစ္စည်းတွေကို လုယက်ခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တပ်နဲ့ကင်းကွာတဲ့ ရဲဘော်တွေ ပြန်လည်တာဝန်ထမ်းဆောင်ဖို့ မတ္တရာမြို့နယ်ပကဖ ဆင့်‌ခေါ်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 27 Views
စစ်တပ်ဘက် ကူးပြောင်းပြီး သွေးဆောင်ဖျားယောင်းနေတဲ့ ရဲဘော်ဟောင်းတွေကို အရေးယူမယ်လို့ဆို ဧပြီလ (၂၃)ရက်။ တပ်နဲ့ကင်းကွာနေတဲ့ ရဲဘော်တွေ ပြန်လည်လာရောက်ပြီး တာဝန်ထမ်းဆောင်ကြဖို့ မတ္တရာမြို့နယ်ပကဖက
မြန်မာသတင်း

အာဆီယံနဲ့ ပုံမှန်ဆက်ဆက်ရေး ပြန်ရဖို့ ထောက်ခံပေးမယ်ဆိုပြီး နေပြည်တော်ရောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 25 Views
ဧပြီလ (၂၃)ရက်။ မနေ့က နေပြည်တော်ကို ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးတို့ နှစ်နိုင်ငံဆွေးနွေးပွဲ ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲမှာ
မြန်မာသတင်း

နေပြည်တော်အနီး စစ်ကော်မရှင်ရဲ့ ခမရ(၄၁၁) ပူးပေါင်းစခန်း တိုက်ခိုက်သိမ်းပိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 27 Views
ဧပြီလ (၂၃)ရက်။ မနေ့က နံနက် (၅)နာရီအချိန်က နေပြည်တော် လယ်ဝေးမြို့ အောင်ချမ်းသာရွာသစ် ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်ရဲ့ ခမရ(၄၁၁)ကို တိုက်ခိုက်ခဲ့တယ်လို့ သံတောင်မြောက်ပိုင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ခမရ(၄၁၁) စခန်းသိမ်းတိုက်ပွဲဟာ (၁၅)မိနစ်ခန့် ကြာမြင့်ခဲ့ပြီး
မြန်မာသတင်း

KTLA ရဲ့ ခြုံခိုတိုက်ခိုက်တာကြောင့် KNLA တပ်ဖွဲ့ဝင် (၄)ဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 25 Views
ဧပြီလ (၂၃)ရက်။ မနေ့က နံနက် (၄)နာရီအချိန်က ကစယ်ဒိုမြို့ သမီးပေါ်သောရွာမှာ KNLA တပ်ဖွဲ့ဝင်တွေကို KTLA က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သမီးပေါ်သောရွာထဲ လုံခြုံရေးယူနေတဲ့
မြန်မာသတင်း

ငဖဲမြို့အခြေစိုက် စစ်ကော်မရှင်ရဲ့ ကပစ(၁၄) ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 27 Views
ဗိုလ်အဆင့်အပါအဝင် (၃)ဦးသေဆုံးပြီး (၁၃)ဦး ဒဏ်ရာရခဲ့ ဧပြီလ (၂၃)ရက်။ ဧပြီလ (၂၀)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က ငဖဲမြို့ရှိ စစ်ကော်မရှင်ရဲ့ ကပစ(၁၄)ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ CDF-Asho ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

တပ်ချုပ်အသစ်က လေတပ်ဦးစီးချုပ်နေရာ ဒုဗိုလ်ချုပ်ကြီး ထွန်းဝင်းကို ခန့်အပ်

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 30 Views
ဧပြီလ (၂၂)ရက်။ တပ်ချုပ်အသစ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက လေတပ်ဦးစီးချုပ်နေရာအတွက် ဒုဗိုလ်ချုပ်ကြီး ထွန်းဝင်းကို ရာထူးတိုးမြှင့်ခန့်အပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ လေတပ်ဦးစီးချုပ်အနေနဲ့ ရာထူးတိုးမြှင့်ခန့်အပ်ခံရတဲ့ ထွန်းဝင်းဟာ ၁၉၈၉ခုနှစ်မှာ စစ်တပ်ထဲ စတင်ဝင်ရောက်ခဲ့ပြီး စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၃၄)ဆင်းဖြစ်တယ်လို့
မြန်မာသတင်း

သရက်ကန်ပျူစောထီးရွာမှာ စစ်ကော်မရှင်ရဲတဦး မိုင်းဆွဲခံရကာ ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 32 Views
ဧပြီလ (၂၂)ရက်။ ဧပြီလ (၂၀)ရက်နေ့ ညနေ (၄)နာရီအချိန်က သရက်ကန်ပျူစောထီးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင်ရဲတဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ TYK ပြောက်ကြားတပ်ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲဒီနေ့က ကျွန်တော်တို့ ပတ်ပြီးကြည့်တဲ့အချိန် မိုင်းကွင်းထဲမှာ
မြန်မာသတင်း

အာဆီယံနဲ့ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်မယ်ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 27 Views
လူမှုကွန်ရက်က သတင်းမှားတွေနဲ့ ဖိအားပေးနေတယ်လို့ဆို ဧပြီလ (၂၂)ရက်။ အာဆီယံနဲ့ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီး မင်းအောင်လှိုင်က မနေ့ကကျင်းပတဲ့ ကာ/လုံအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အာဆီယံနဲ့ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာ သမ္မတအနေနဲ့ ကျမ်းသစ္စာကျိန်ဆိုတဲ့အချိန်က မိန့်ခွန်းပြောတာမှာ