နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 4 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ရေစကြိုမြို့နယ်ရှိ ပြည်သူတွေပစ္စည်းများကို အဓမ္မသိမ်းယူပြီး စစ်ကြောင်းထိုးပြန်လာတဲ့ စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရ

မကွေးတိုင်းရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှစစ်ကြောင်းထိုးပြန်လာတဲ့ စစ်‌ကောင်စီတပ်သား တွေက ပြည်သူတွေပစ္စည်းများကို အဓမ္မသိမ်းယူကာ လှည်းနဲ့သယ်ဆောင်လာတာကြောင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ရေစကြိုက သတင်းထုတ်ပြန်ထားပါတယ်။


စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၇ ရက် ညနေ ၃ နာရီခွဲခန့်မှာရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှ စစ်ကြောင်းထိုးအပြန် လမ်းတလျှောက်ရှိ ကျေးရွာ‌တွေမှ ပစ္စည်းတွေကို ဝင်ရောက်ခိုးယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီတပ်သား ခုနစ်ဦးအနက် နှစ်ဦးသာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ကျန်ငါးဦးမှာ နေရာတွင်မထနိုင်ပဲထိခိုက်ဒဏ်ရာရရှိခဲ့တယ်။ သူတို့ဘက်က လက်နက်ကြီး‌တွေနဲ့ ပြန်လည်တိုက်ခိုက်ခါဒဏ်ရာရ တဲ့သူတို့ဘက်ကသူတွေကို လာရောက်ခေါ်ဆောင်သွားခဲ့တယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ရေစကြိုအဖွဲ့က ပြောပါတယ်။

ရေလယ်ကျွန်းဒေသရှိ ကျေးရွာ‌တွေဟာ စစ်တပ်အာဏာသိမ်းမှုကို လက်မခံဘဲ အကြမ်းမဖက် ဆန္ဒပြဆန့်ကျင်တော် လှန်ခြင်း၊ လက်နက်ကိုင် တော်လှန် ရေး အားကောင်းတဲ့ ဒေသတခုဖြစ်ရာ တော် လှန်ရေး အင်အားစုတွေ နယ်မြေ စိုးမိုးထားနိုင်မှုလည်း အားကောင်းနေတာကြောင့် စစ်ကောင်စီမှ နယ်မြေစိုးမိုးမှု ပြန်လည်ရရှိနိုင်စေဖို့ စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

“စစ်ကြောင်း ဝင်လာရင် သင့်တော်သလို ပြေးကြ ရှောင်ကြရတာ၊ တနေရာတည်းမှာ စုပြီးနေလို့ မရတော့ အချို့က နီးစပ်ရာတော ဘက်၊ အချို့က ဘေးလွတ်တဲ့ရွာက စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းလိုမျိုးတွေမှာ နေကြရတာပေါ့။ အခု ရွာကို ပြန်ဝင်လို့ ရရင်တောင် ဘာပစ္စည်းမှ ကျန်မယ် မထင်တော့ပါဘူး၊ သူတို့က လှည်းတွေ၊ စက်လှေတွေနဲ့ ပစ္စည်း တွေကို သယ်နေကြတာ” လို့ စစ်ဘေးရှောင်တစ်ဦးကလည်း ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းကလည်း ရေလယ်ကျွန်းဒေသကို စစ်ကြောင်း ၄ ကြောင်းခွဲကာ ကျေးရွာတွေကို စီးနင်းပြီး နေအိမ်‌တွေကို မီးရှို့ခြင်း၊ ဒေသခံပြည်သူ‌တွေကို သတ်ဖြတ်ခြင်း၊ ရွှေ၊ ငွေ၊ တန်ဖိုးကြီး ပစ္စည်းတွေကို လုယက်ခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 43 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 39 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 43 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 35 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 42 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 44 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 35 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို