နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဖလောရီဒါသည် ခိုးဝင်လာသူများကိုထိန်းသိမ်းထားရန်ယာယီထိန်းသိမ်းရေးစခန်းတခုကို အဲဗားဂလိပ်နေရာတွင်ဆောက်လုပ်ထားသည်။

၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂ရက်

ဖလော်ရီဒါအစိုးရ ရှေ့နေချုပ် ဂျိမ်းစ်အက်မိုင်ယာ (James Uthmeier)က ထိုနေရာကို “မိကျောင်းအယ်ကက်တက်ဇ်” ဟု အမည်ပေးထားပြီး သူက ဘယ်နေရာကိုမှ သွားလို့မရ သလို ဘယ်နေရာမှာမှ ပုန်းအောင်း နေလို့လဲ မရပါဘူး ဟုဆိုသည်။ စခန်းအရွယ်အစားက ၃၉စတုရန်း မိုင်ကျယ်ဝန်း ပါသည်။အဲဒီနေရာမှာ ယာယီဆင်းသက်ရန် ၁၀၅၀၀ ပေရှည် လျားတဲ့ လေယဥ်ပြေးလမ်း လည်းရှိပြီးမိုင်ယာမီနှင့် နေပဲလ် သို့လေကြောင်းဖြင့် သွားလာ နိုင်သည်။ အဲဗားဂလိပ်ကို ရေပတ်ပတ်လည် ဝန်းရံထားသည်။ စခန်းတွင် ကုတင် ၁၀၀၀ အိပ်ယာနေရာ စီစဥ်ထားသည်။

မူရင်းအယ်ကက်တက်ဇ်ကျွန်းပေါ်ရှိအကျဥ်းထောင်ဟောင်းကိုပြန်ဖွင့်ရန်ထရန့်ကစီစဥ်နေပြီး ထိုအတွက်ကုန်ကျငွေသည် နိုင်ငံကို တနှစ်လျှင် ဒေါ်လာသန်း၄၅၀ခန့်ရှိမည်ဟုခန်းမှန်းထားပြီး လွတ်မြောက်ထွက်ပြေးရန်မဖြစ်နိုင်သည့်နေရာဟု အမိမြေလုံခြုံရေးဌာနကဆိုသည်။

မိုင်ယာမီ ဒိတ်ကောင်တီ အုပ်ချုပ်ရေးမှူး ဒယ်နယ်လီယာလာဗင်းကာဗာက ထိုနေရာတွင် ယာယီနေရာချထားခြင်းနှင့်ပတ်သက်ပြီး “ဒီနေရာကိုနိုင်ငံအနေနဲ့ ကျမတို့သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး နဲ့ ရေအရင်းအမြစ်အထောက်အပံ့အတွက် ဘီလီယံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံထားခဲ့ရတယ်  ဒီနေရာဟာ ဖက်ဒရယ်အစိုးရရဲ့ကြီးကြပ်မှု အောက်ကနေ အဲဗားဂလိပ်ကိုပြန်လည်ပြုပြင်ထိန်းသိန်းရေးကိုလုပ်ဆောင်ဖို့ရှိပါတယ်။ ဖလောရီဒါအတွက် ကုတင် ၅၀၀၀နေရာ ထိန်းသိမ်းရေး စင်တာတခုတည်ဆောက်ဖို့ ဇူလိုင်လဆန်းမှာလုပ်ဖို့ရှိပြီး အဲဗားဂလိပ်ခြံဝင်းကြီးကို ပေါ့စားတည်ဆောက်မှုတွေနဲ့တည်ဆောက်မှာဖြစ်ပြီး ရွက်ဖျင်တဲတွေ နောက်တွဲယဥ် (Traliers)တွေနဲ့တည်ဆောက်မှာဖြစ်တယ်” လို့ဆိုသည်။ ဇူလိုင်လ ပထမပတ်တွင်အဆင်သင့်ဖြစ်မယ်လို့ဆိုသည်။ ဖလောရီအခြေချနေထိုင်သူများ ညွန့်ပေါင်းအဖွဲ့ (Florida Immigrant Coalition)ဖြစ်သည်အောက်ခြေထုလှုပ်ရှားမှုအဖွဲ့က ဒီလိုအချိန်ဇယားဟာ သဘာဝမကျဘူးလို့ဆိုပါသည်။

မိုင်ယာမီရှိ သမ္မတ ဒေါ်နယ်ထရန့် ၏အပန်းဖြေစခန်းမှ အနောက်ဘက် မိုင် ၅၀ ထက်မနည်းသော ဖလော်ရီဒါ အဲဗားဂလိပ်စ် (Everglades) သည် စိမ့်နွံ နှင့်ရေပတ်လည် စိုစွတ်သော ဧရိယာအတွင်း၌ ၎င်း၏အုပ်ချုပ်ရေးအဖွဲ့၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကြိုးပမ်းမှုတွင် နောက်ဆုံးပေါ်တိုက်ပွဲနေရာဖြစ်ပြီး မိကျောင်းအယ်ကက်ထရက်ဇ် (“Alligator Alcatraz”) ဟုအမည်ပေးထားသည့် ယာယီထိန်းသိမ်းရေးစခန်းရှိသည်။

ရက်အနည်းငယ်အတွင်း အလုပ်သမားများသည် အင်္ဂါနေ့တွင် ဒိတ်-ကော်လီယာ (Dade-Collier) လေ့ကျင့်ရေးနှင့် အကူးပြောင်းလေဆိပ် ကို ပေ ၁၁,၀၀၀ ရှည်လျားသည့် ပြေးလမ်း ရှိသည့် နေရာတွင် ယာယီတဲမြို့အဖြစ် ပြောင်းလဲခဲ့ပြီး ထရန့် မှလာရောက်ကြည့်ရှုစစ်ဆေး ခဲ့သည် ။

ထိုစခန်းပြီးစီးပါက နေရပ်ပြန်ပို့ရန် ထိန်းသိမ်းထားသည့် ရွှေ့ပြောင်းနေထိုင်သူ ၅,၀၀၀ အထိ ထားရှိမည်ဖြစ်ကြောင်း တာဝန်ရှိသူများက CNN သို့ ပြောကြားခဲ့သည်။

“အဲဒါကိုလုပ်ဖို့ ပြည်ထောင်စုအစိုးရဆီက တောင်းဆိုချက်တစ်ခုရှိတယ်၊ ဒါကြောင့် ‘ Alligator Alcatraz’ ကိုဖန်တီးလိုက်တယ်” ဟု ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်တစ် (Ron DeSantis) က ပြီးခဲ့သည့်သီတင်းပတ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“လုံခြုံရေးရှုထောင့်ကနေကြည့်ရင် ရှင်းရှင်းပြောရရင် တစ်ယောက်ယောက်က ထွက်ပြေးရင် မင်း (နဲ့)ရင်ဆိုင်ရမယ့် မိကျောင်းတွေ အများကြီးရှိတယ်” လို့ ဒီဆန်တစ်က ဆိုသည်။ “ဒါကိုလုပ်လိုက်တာနဲ့ ဘယ်သူကမှ ဘယ်နေရာကိုမှ မသွားနိုင်တော့ဘူး။ ဒါဟာမင်းအနေနဲ့ အကောင်းဆုံးလုပ်နိုင်တဲ့ လုံခြုံစိတ်ချရမှုဘဲ”ဟုဆိုသည်။

သို့သော် ရီပတ်ဘလီကန်များက ၎င်းနေရာအား သဘာဝမိခင် မှပေးထားသော ခိုင်ခံ့သော ကုန်ကျစရိတ်သက်သာသည့် အဆောက်အအုံတစ်ခုအဖြစ် ကြွေးကြော်နေချိန်တွင် အဆိုပါ စီမံကိန်းသည် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အခွင့်အရေးလှုပ်ရှားသူများနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများသာမက ပြည်နယ်၏ ဌာနေ တိုင်းရင်းသား အသိုက် အဝန်းမှ အဖွဲ့ဝင်များကပါ အဆိုပါစီမံကိန်းသည် ၎င်းတို့၏မြင့်မြတ်သောမြေများကို ခြိမ်းခြောက်မှု တစ်ခုအဖြစ်မြင်နေပါသည်။

ဟာရီကိန်းမုန်တိုင်းများကဲ့သို့ သဘာဝဘေးဒဏ်ကြောင့် ရွှေ့ပြောင်းနေထိုင်ရသူများအား ထိုတဲများကို မကြာခဏအသုံးပြုလေ့ရှိကြောင်း ဒီဆန်တစ်၏ ရုံးမှ ပြောကြားခဲ့သည်။ အမှန်မှာ၊ အပူချိန်များသည် ၉၀ နှစ်များအတွင်း မြင့်တက်လာပြီး အဲဗားဂလိပ်စ် (Everglades) ကိုဖြတ်ကျော်ကာ အင်အားပြင်းမုန်တိုင်းများအဖြစ် ရွေ့လျားလာသောကြောင့် ၎င်းတို့သည် တစ်ခုတည်းသော အမိုးအကာများကို ပံ့ပိုးပေးရမည်ဖြစ်သည်။

ပြင်းထန်သော ရာသီဥတုအခြေအနေတွင် ထိုနေရာအတွက် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အစီအစဉ်များ ရေးဆွဲထားကြောင်း ပြည်နယ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါ အဆောက်အအုံသည် ကုတင် ၅၀၀၀ အထိ တည်းခိုနိုင်မည်ဟု မျှော်လင့်ထား ကြောင်း အမိမြေလုံခြုံရေး DHS အရာရှိက ပြောကြားပြီး တစ်ရက်လျှင် အိပ်ရာတစ်ခု အတွက် ၂၄၅ ဒေါ်လာ ကုန်ကျကြောင်း သိရသည်။

ရေ၊ မိလ္လာနှင့် လျှပ်စစ်မီး စသည့် အသုံးအဆောင်များကို မိုဘိုင်းလ်စက်များဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်က Fox သတင်း အတွက် ဆိုက်ကို လည်ပတ်ကြည့်ရှုစဉ်တွင်၊ ဒီဆန်တစ်(DeSantis) သည် ဆိုက်ပေါ်ရှိ အဆောက်အဦများကို အေးမြစေရန်အတွက် သယ်ဆောင်ရလွယ်ကူသော လေအေးပေးစက် အများအပြားကို အသုံးပြုမည်ဟု ပြောကြားခဲ့သည်

ဒီဆန်တစ် က ထရန့်အစိုးရ၏ တရားမဝင် နိုင်ငံတွင်းဝင်ရောက်မှုများကို ဖြိုခွင်း တိုက်ဖျက်မှု အတွင်း ထိုဝင်ရောက်လာမှုကို မြင်တွေ့သိရှိခဲ့သည့် ပြည်နယ်၏ တရားဥပဒေ စိုးမိုးရေး အေဂျင်စီများနှင့် အကျဉ်းထောင်များတွင် ဝန်ထုပ်ဝန်ပိုးများ သက်သာစေရန် ယခု အဆောက်အအုံများသည် ယာယီဖြစ်ပြီး လိုအပ်ကြောင်း ပြောကြားခဲ့သည်။

အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို ဖမ်းဆီး၍ ပြည်နှင်ဒဏ်ပေးရန် အစိုးရ၏ တိုးမြှင့်လုပ်ဆောင်မှုများတွင် အဆောက်အအုံသည် “အင်အား အများအပြားကိုထိန်းသိမ်း” ထားနိုင်မည်ဟု မျှော်လင့်ကြောင်း အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

ရွှေ့ပြောင်းနေထိုင်သူအခွင့်အရေးကို ဆောင်ရွက်ပေးသည့် တက်ကြွလှုပ်ရှားသူများသည်  အဆောက်အအုံတည်ထောင်မှုသည် ‘လူမဆန်အောင်ပြုလုပ်ခြင်း’အဖြစ်ရှုတ်ချကြသည်။

“ Alligator Alcatraz” သည် တစ်နှစ်တာလည်ပတ်ရန် ဒေါ်လာ သန်း ၄၅၀ ကုန်ကျမည်ဟု မျှော်လင့်ထားကြောင်း CNN Florida သို့ အမိမြေလုံခြုံရေး အရာရှိတစ်ဦးက ပြောကြား ခဲ့သည်။ အကျဥ်းစခန်း ၏ကုန်ကျစရိတ်များကို ရှေ့ရှုကာ FEMA နှင့် အမိမြေလုံခြုံရေးဌာန တို့မှ တဆင့် ပြန်လည်ပေးဆပ်ရန် တောင်းဆိုမှုများကို တင်ပြမည်ဖြစ်ကြောင်း CNN သို့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

CNN မှရရှိသောပြည်တွင်းအချက်အလက်များအရပြီးခဲ့သည့်အပတ်တွင်၊ ရွှေ့ပြောင်း အခြေချသူ ၅၈,၀၀၀ ကျော်သည် ICE အချုပ်အနှောင်တွင်ရှိခဲ့သည်။ ICE သည် ပျမ်းမျှအားဖြင့် လူပေါင်း ၄၁,၀၀၀ ကို ထောက်ပံ့ထားသောကြောင့် အများအပြားသည် ဒေသတွင်း အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသည်။

“ကျွန်တော်တို့ ထိန်သိမ်းထားတဲ့ လူ ၃၀၀၀ ကို အဲဗားဂလိပ် မှာရှိတဲ့ ရွက်ဖျင်တဲတွေ ထဲမှာ ထားမယ် ၊ ပူပြင်းတဲ့ ဖလော်ရီဒါ နွေရာသီ အလယ်မှာ ဟာရီကိန်း ရာသီ အတွင်း တဲတွေ မှာ ချုပ်နှောင် ထားမယ် ဆိုတဲ့ အချက် က အတော့်ကိုဆိုးတဲ့အကြံဉာဏ်ဘဲ အဲဒါကိုဆန့်ကျင်ပြီး ရပ်တန့် ဖို့ လို အပ်ပါတယ်”သဘာဝထိန်းသိမ်းမှုအဖွဲ့ဝင်တဦးကဆိုသည်။

ဒီမိုကရက်များနှင့် အခြားသော ရွှေ့ပြောင်းအခြေချသူများ အခွင့်အရေး တက်ကြွလှုပ်ရှားသူ အဖွဲ့ဝင် များသည် ထိန်းသိမ်းရေးစခန်းအား “လူမဆန်သော” လုပ်ရပ်ဟု ရှုတ်ချခဲ့ကြသည်။

ဒေသခံလူမျိုးနွယ်စုဝင်များသည်လည်း ‘သူတို့အိမ်ယာအတွက် ခုခံရပ်တည်နေကြသည်’

ဘက်တီ အော့စီအိုလာ (Betty Osceola) သည် တနင်္လာနေ့တွင် Dade-Collier လေဆိပ်တံခါးဝတွင် ရပ်ကာ စည်ကားနေသော ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို စိုက်ကြည့်နေခဲ့သည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဖြစ်သည့်သူမသည် လူမှုမီဒီယာတွင် သူမ၏နောက်လိုက်များအတွက် “Alligator Alcatraz” အမြန်ဆောက်လုပ်မှုကို မှတ်တမ်း တင်ထားပြီး လွန်ခဲ့သည့်အပတ်က အဝေးပြေးလမ်း ၄၁(Highway 41) တစ်လျှောက် ဆန္ဒပြသူများထဲတွင် ပါဝင်ခဲ့သည်။

သို့သော် အော့စီအိုလာ အတွက်၊ အထူးသဖြင့် ဤတိုက်ပွဲသည် ပုဂ္ဂိုလ်ရေးအရ ခံစားရသည်။ သူမသည် ဖလော်ရီဒါပြည်နယ်ရှိ မစ်ကိုဆပ်ကီး အင်ဒီးယန်း(Miccosukee Indians) မျိုးနွယ်စုဝင်တစ်ဦးဖြစ်ပြီး လေဆိပ်နှင့် ပြေးလမ်းနှင့် ကပ်လျက်တွင်နေထိုင်ခဲ့သည်။

အော့စီအိုလာ က CNN အား ယာယီ ထိန်းသိမ်းရေး စခန်းသည် သူမနှင့်သူမ၏ လူများ အတွက် အထွတ်အမြတ်ထားရာ မြေပေါ်တွင် တည်ဆောက်နေပြီး ၎င်းကို ရန်စမှုဟု ယူဆခဲ့သည်။

“ဒါကို ပထမဆုံးကြားရတုန်းကတော့ ‘ဒါဟာဟာသပြောတာ’ လို့ထင်ခဲ့တာ။” ဒါပေမယ့် ဆောက်လုပ်ရေးသမားတွေက အိမ်နဲ့ ၂ မိုင်မဝေးတဲ့ ကားလမ်းပေါ် ရောက်ရှိ လာတော့မှ အမှန်ဖြစ်နေတာကိုသိခဲ့ရတယ်” ဟုဆိုသည်။

“ဒီမှာ ဘယ်သူမှ မနေဘူး၊ ဘယ်သူ့ကိုမှ အဆင်မပြေဖြစ်မှာမဟုတ်ဘူး” လို့ သူတို့ပြောတဲ့အခါ အထူးစိတ်မကောင်းဖြစ်မိပါတယ်” လို့ သူမက ပြောခဲ့သည်။ “ငါကော၊ လူမျိုးတွေကို ကော ဘယ်လိုသဘောထားသလဲ”ဟုပြန်မေးခဲ့သည်။

“ငွေတောင်းခံလွှာ လက်မှတ်ထိုးခြင်း သို့မဟုတ် ချက်လက်မှတ် ရေးထိုးခြင်းသည် သင်ကအားလုံးကို နားလည်တယ်လို့ မဆိုလိုပါ” ဟု သူမက ဆိုသည်။

“ဟာရီကိန်းမုန်တိုင်းဝင်ရင် အဲဒီ မိလ္လာတွေ အားလုံး ဘာဖြစ်သွားမလဲ။ … ဒါက တောင်ဖလော်ရီဒါနေထိုင်သူ ၈ သန်းအတွက် သောက်ရေကန်၊ မစ်ကိုဆပ်ကီး အင်ဒီးယန်း(Miccosukee Indians) မျိုးနွယ်စုတွေအတွက်တင် မဟုတ်ပါဘူး။

“ဒါက ငါတို့ ဘိုးဘွားပိုင်နက်ပဲ။ ငါဆုတောင်းဖို့ ထွက်လာတာ။ ဒါက ငါတို့အိမ်ပဲ။ ငါတို့အိမ်အတွက် ငါတို့ ကြံကြံခံမတ်တပ်ရပ်နေတယ်။”

ထရန့်၊ ဒီဆန်တစ် နှင့် အမိမြေလုံခြုံရေးဝန်ကြီးခရစ်တီနုံး တို့ ဖ‌လော််ရီဒါ အဲဗားဂလေ့စ် ထိန်းသိမ်းရေးစခန်းကိုစစ်ဆေးနေပုံ

ဆန္ဒပြဆန့်ကျင်သူများ

ဒေသခံတိုင်းရင်းသား ကန့်ကွက် ဆန္ဒပြသူများ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက