နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း အရှေ့အလယ်ပိုင်း အာရှ

မြန်မာနိုင်ငံ ဒီမိုကရေစီအရေးကို အားပေးသော တီမောသမ္မတ က တီမောနိုင်ငံသည် တနှစ်အတွင်း အာဆီယံအဖွဲ့ဝင် ဖြစ်တော့မည်ဟုဆို

တီမောလက်စ်တီနိုင်ငံအနေနှင့် အာဆီယံသို့ ဝင်ရောက်ရန် အတားအဆီးမရှိဟု သမ္မတရာမို့စ်ဟော်တာက ဆိုသည်။ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်သည် အခြားအဖွဲ့ဝင်နိုင်ငံများနှင့်အတူ မြန်မာနိုင်ငံကို ‘လမ်းညွှန်’ ပေးမည်ဖြစ်ကြောင်း ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ပြောကြားခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံများအသင်းတွင် တီမောလက်စ်တေနိုင်ငံ ပါဝင်ခွင့် လမ်းကြောင်းတွင် မည်သည့်အရာမှ တားဆီးထားခြင်းမရှိကြောင်း သမ္မတ ဂျိုဆေး ရာမို့စ်ဟော်တာက ဗုဒ္ဓဟူးနေ့တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ နှစ်ပတ် လည် အစည်းအဝေးတွင် ပြောကြားခဲ့ပြီး အာဆီယံအဖွဲ့ဝင်အဖြစ် သူ၏နိုင်ငံသည် တနှစ်အတွင်း စောစီးစွာ ဖြစ်လာနိုင် သည်ဟု ပြောကြားခဲ့သည်

“အာဆီယံကို ကျွန်တော်တို့ဝင်ခွင့်အတွက် အတားအဆီး မရှိပါဘူး” ဟု ဂျိုဆေး ရာမို့စ်ဟော်တာက Nikkei Asia သို့ ပြောကြားခဲ့သည်။ အရှေ့တီမောဟုလည်း လူသိများသော တီမောမှ တာဝန်ရှိသူများသည် ယခုနှစ်တွင် အာဆီယံ အစုအဖွဲ့၏ ထိပ်သီးအစည်းအဝေးတွင် တင်သွင်းရမည့် လမ်းပြမြေပုံကို ဆွေးနွေးရန် ဒေသတွင်း ခေါင်းဆောင်များနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံနေကြောင်း သမ္မတက ပြောကြားခဲ့သည်။

“ထုံးတမ်းစဉ်လာအတိုင်းအဖွဲ့ဝင်အဖြစ်လက်ခံမှုဟာ ဒီနှစ် ဒါမှမဟုတ် တစ်နှစ်အတွင်းမှာ ဖြစ်နိုင်ပါတယ်။” ဟုသူကဆို သည်။ ပြီးခဲ့သောနိုဝင်ဘာလတွင် ဖနွမ်းပင်၌ကျင်းပသော ၎င်းတို့၏ ထိပ်သီးအစည်းအဝေးတွင် တီမောလက်စ်တေ၏ အဖွဲ့ဝင်ဖြစ်ခွင့် လျှောက်ထားမှုနှင့်ပတ်သက်၍ အာဆီယံခေါင်းဆောင်များက “မူအရ” သဘောတူညီခဲ့ကြသည်။

ကမ္ဘောဒီးယားနိုင်ငံက အာဆီယံအသင်းဝင်အဖြစ် ၁၉၉၉ ခုနှစ်မှ စတင် ဝင်ရောက်ပြီးနောက်ပိုင်း တီမောကျွန်း၏ အရှေ့ဘက်တစ်ဝက်ကို ပိုင်ဆိုင်ထားသည့် တီမောလက်စ်တေနိုင်ငံသည် အာဆီယံ၏ ပထမဆုံးသော တိုးချဲ့မှုအဖြစ် အသိ အမှတ်ပြုခံရပါက (၁၁) နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်လာမည်ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် အင်ဒိုနီးရှားသည် တီမောလက်စ်တေ၏ အဖွဲ့ဝင်ဖြစ်ခွင့်လျှောက်လွှာကို အပြည့်အဝ ထောက်ခံပါသည်။

“ကျွန်တော်တို့မှာ ဘာပြဿနာမှ မရှိပါဘူး” ဟု အိမ်နီးနားချင်း တီမောလက်စ်တေ၏ လက်အောက်ခံအဖြစ် အင်ဒိုနီးရှား၏ ရေကြောင်းရေးရာနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညှိနှိုင်းရေးဝန်ကြီး လုဟတ် ပန်ဂျပ်တင် (Luhut Pandjaitan) က ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့တွင် သီးခြားအစည်းအဝေးတစ်ခု၌ ပြောကြားခဲ့သည်။ သို့သော် အာဆီယံအဖွဲ့ဝင် နိုင်ငံများကလည်း အခြားအဖွဲ့ဝင်များ၏ စကားကို နားထောင်သင့်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

“တီမောလက်စ်တေဟာ အင်ဒိုနီးရှားနိုင်ငံနဲ့ ရှည်လျားတဲ့သမိုင်းကြောင်းရှိပြီး ကျွန်တော်ဟာ သမိုင်းရဲ့အစိတ်အပိုင်းတစ်ခုပါ” ဟု ပေါ်တူဂီက ၎င်း၏ကိုလိုနီဟောင်းကို စွန့်လွှတ်ပြီးနောက် ၁၉၇၅ ခုနှစ်တွင် တီမောလက်စ်တီကို ကျူးကျော်ဝင်ရောက်ခဲ့သည့် အင်ဒိုနီးရှားစစ်တပ်တွင် ၃၁ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့သည့် ပန်ဂျပ်တင် က ပြောကြားခဲ့သည်။ အင်ဒိုနီးရှား၏ ရက်စက်ကြမ်းကြုတ်သော သိမ်းပိုက်မှုသည် ၁၉၉၉ ခုနှစ်တွင် အဆုံးသတ်ခဲ့သည်။ ပန်ဂျပ်တင် သည် သိမ်းပိုက်ရေးတပ်ဖွဲ့တွင်ပါဝင်ခဲ့သည့် သူတဦး ဖြစ်သည်။

သို့သော် ၁၉၉၀ တွင် သူသည် လွတ်လပ်ရေးရရန် ငြိမ်းချမ်းသောနည်းလမ်းဖြင့် အင်ဒိုနီးရှားကိုဆန့်ကျင်ခဲ့သော ဂျိုဆေး ရာမို့စ်ဟော်တာ နှင့် မိတ်ဆွေဖွဲ့ခဲ့သည်ဟု ဆိုသည်။ ဂျိုဆေး ရာမို့စ်ဟော်တာ သည် တီမော ဘုန်းတော်ကြီး ဘစ်ရှော့ ကားလိုစ် ဇီမဲနီး (Carlos Ximenes Belo) နှင့် ကြိုးပမ်းမှုအတွက် နိုဘယ်ငြိမ်းချမ်းရေးဆုကို ၁၉၉၆ ခုနှစ်တွင် မျှဝေရရှိ ခဲ့သည်။ သေးငယ်သောနိုင်ငံသည် ၂၀၀၂ ခုနှစ် အင်ဒိုနီးရှားထံမှ လွတ်လပ်ရေးရပြီးကတည်းက အာဆီယံအဖွဲ့ဝင်ဖြစ်ရန် ကြိုးပမ်းခဲ့သည်။ အာဆီယံအဖွဲ့ဝင်အချို့က ၎င်း၏အဖွဲ့ဝင်အဖြစ် အပြည့်အဝ ထောက်ခံခဲ့သော်လည်း အချို့က အဆင်သင့်မဖြစ်သေးသောကြောင့် ကန့်ကွက်ခဲ့ကြသည်။

၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း သမ္မတအဖြစ် ပထမဆုံးသက်တမ်းအတွင်း ရာမို့စ်ဟော်တာသည် အာဆိယံအဖွဲ့ဝင်အနိုင်ငံအဖြစ်အပြည့်အဝရရှိရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ပြီးခဲ့သောမေလတွင် ရာထူးမှပြန်လည်ရောက်ရှိလာပြီးကတည်းက ၎င်းသည် အာဆီယံအဖွဲ့ကြီးအား ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် ယခုနှစ်အတွက် အချိန်ကို အာရုံစိုက်ကာ အာဆီယံကို ထိပ်တန်းဦးစားပေးအဖြစ် သတ်မှတ်ခဲ့သည်။ အဖွဲ့ဝင်နိုင်ငံအချို့က သံသယရှိကြောင်း ထုတ်ဖော်ပြောဆိုရာတွင် အဆင်သင့်ဖြစ်မှုနှင့်ပတ်သက်၍ ရာမို့စ်ဟော်တာ က “ကျွန်တော်တို့ဟာ နိုင်ငံသစ်ဖြစ်လို့ ကျွန်တော်တို့ဘက်မှာ အားနည်းချက်တွေရှိပါတယ်။ လူသားအရင်းအမြစ်နဲ့ စီးပွားရေးမှာ အခက်အခဲတွေရှိနေတယ်” ဟု ပြောကြားခဲ့သည်။

လူဦးရေ ၁.၃ သန်းရှိသော နိုင်ငံသည် တက်ကြွသော ဒီမိုကရေစီနိုင်ငံကို ထူထောင်ထားသော်လည်း ၎င်း၏စီးပွားရေးသည် လွတ်လပ်ရေးရပြီးကတည်းက ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝင်ငွေအပေါ် မှီခိုနေရဆဲဖြစ်သည်။ နောက်ထပ်ဖြစ်နိုင်ချေရှိသော ပြဿနာမှာ မြန်မာနိုင်ငံဖြစ်သည်။ ဝါရင့်လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ရာမို့စ်ဟော်တာ သည် ပုဂ္ဂိုလ်ရေးအရ အကျိုးစီးပွားမရှိဘဲ မြန်မာနိုင်ငံနှင့် နှစ်ပေါင်း ၃၀ ကျော် ပါဝင်ပတ်သက်နေခဲ့သည်ဟု သူက အစည်းအဝေးပွဲတွင် ဆိုသည်။

ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်သည့် ဒါးဗို့စ်အစည်းအဝေးတွင် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲများတွင် ပိတ်ဆို့အရေးယူမှုများ သို့မဟုတ် ရေဒါစေ့စပ်ညှိနှိုင်းမှုများသည် ၂၀၂၁ ခုနှစ်ကတည်းက စစ်အုပ်ချုပ်ရေးအောက်တွင် ရှိနေသည့် မြန်မာနိုင်ငံအပါ အဝင် လူ့အခွင့်အရေးများ တိုးတက်ကောင်းမွန်လာစေရန် ပိုမိုထိရောက်မှု ရှိမရှိဟူသော အကျပ်အတည်းကို ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ဟန်ချက်ကိုညှိဖို့ အရမ်းခက်တယ်” ဟု သူကပြောသည်။

အာဆီယံအဖွဲ့ဝင်များအတွက်၊ အခြားနိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်မစွက်ဖက်ခြင်းမူဝါဒကို အားလုံးက ကန့်ကွက်သူမရှိ ထောက်ခံထားသည်ထိုအချက်နှင့် “အာဆီယံဗဟိုချုပ်ကိုင်မှု” ဟူသောအချက်သည် အာဆီယံအုပ်ချုပ်မှု၏ အခြေခံမဏ္ဍိုင်နှစ်ရပ်ဖြစ်သည်။

ဆယ်စုနှစ်များစွာကြာ စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီသို့ ကူးပြောင်းခဲ့သော အင်ဒိုနီးရှားသည် ၎င်းတွေ့ကြုံခဲ့ရသည့်အရာများကို မျှဝေနိုင်ကြောင်း ပန်ဂျပ်တင် က အလေးပေးပြောကြားခဲ့သည်။ “သူတို့က သူတို့ကိုယ်ပိုင် ဒီမိုကရေစီရှိနေလို့ အဲဒါကို ကျနော်တို့က တွန်းအားပေးမှာ မဟုတ်ဘူး” ဟု သူက ပြောသည်။ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ထိုင်းနိုင်ငံ ဒုတိ ယဝန်ကြီးချုပ် အညူတင်ချန်ေီရပ်ကူးလ် (Anutin Charnvirakul) က အလားတူ အစည်းအဝေးမှာ အင်ဒိုနီးရှားဝန်ကြီးအတိုင်း သံယောင်လိုက်ပြောခဲ့ ပါတယ်။ အထူးသဖြင့် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးခြင်းအားဖြင့် ဒုက္ခသည်တွေ နယ်စပ်ကို အလုံးအရင်းနဲ့ ဖြတ်ကျော်ဖို့ တတ်နိုင်သလောက် ကူညီဖို့ ကြိုးစားနေပါတယ်” ဟု ၎င်းက ဆိုသည်။

သို့သော် မြန်မာနိုင်ငံအပါအဝင် အခြားအဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းနိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်၍ မရနိုင်ကြောင်း သူကဆိုသည်။ အစည်းအဝေးတွင် ပါဝင်ခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဆိုတာဆက်ပင် (Sorasak Pan) က အာဆီယံ၏ ပထဝီဝင် အနေအထားအရ တီမောလက်စ်တေ၏ အပြည့်အဝအဖွဲ့ဝင်ဖြစ်မှုကို ထောက်ခံအားပေးရင်း အာဆီယံဗဟိုချုပ်ကိုင်မှု၏ အရေးကြီးပုံကို ထပ်လောင်းပြောကြားခဲ့သည်။ ရာမို့စ်ဟော်တာက “ကျွန်ုပ်၏ အာဆီယံ လုပ်ဖော်ကိုင်ဖက်များအနေနှင့် ကျွန်ုပ်အား မည်ကဲ့သို့လုပ်ဆောင်မည်နှင့် မည်သို့ပါဝင်ကူညီရမည်ကို လမ်းညွှန်ပါလိမ့်မည်” ဟု ပြောကြားခဲ့သည်။

Source: Nikkei Asia

အယ်ဒီတာမှတ်ချက်။ ။ မြန်မာ့အရေးကိုအ ားပေးခဲ့တဲ့ တီမောနိုင်ငံကို အာဆီယံမှပါဝင်လာမှာကို မြန်မာစစ်ခေါင်းဆောင် တွေက မလိုလားပါဘူး ဒါကြောင့်တီမောအနေနဲ့ အာဆီယံအဖွဲ့ဝင်ဖြစ်ဖို့ရန် ကိစ္စဟာ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံက သဘောတူညီချက် မပေးခဲ့ဘူးလို့ ယူဆပါတယ်။ အခုအချိန်မှာ မြန်မာကိုယ်စားလှယ် အနေနဲ့စစ်ကောင်စီက အာဆီယံမှ တက်ရောက်ခွင့်မရှိတဲ့အတွက် တီမောကိုအဖွဲ့ဝင်အဖြစ် ကန့်ကွက်နိုင်မဲ့ အခြေအနေမရှိပါဘူး။ တီမောသာ တနှစ်အတွင်း အာဆီယံအဖွဲ့ဝင်ဖြစ်လာရင် ဒီမိုကရေစီအင်အားစုများအတွက် အားထားစရာ နိုင်ငံတနိုင်ငံ ဖြစ်လာမှာသေချာပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 134 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 86 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို