တနင်္သာရီတိုင်း ပုလောမြို့နယ်၊ ကဒဲကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဘုန်းကြီး ကျောင်းအပါ အဝင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြိတ်ခရိုင် PDF တပ်ရင်း (၁)က ထုတ်ပြန်ထားပါတယ်။ ကဒဲကျေးရွာအနီးရောက်ရှိလာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင် တပ်ရင်း (၁)က ပြောပါတယ်။
နှစ်ဘက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုများရှိနိုင်တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁) က ပြောကြားပေမယ့် အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။ အဆိုပါတိုက်ပွဲဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီ ၁၆ ရက်တွင် ကဒဲကျေး ရွာမှ ဘုန်းကြီးကျောင်းတစ်ကျောင်းအပါအဝင် နေအိမ်အလုံး (၅၀)ခန့်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒေသခံ ပြည်သူများနှင့် တော် လှန်ရေးရဲဘော်များပူးပေါင်းပြီး မီးငြှိမ်းသတ်ခဲ့ရတယ်လို့သိရပါတယ်။
လက်ရှိ စစ်ရေးအခြေအနေများအရ စစ်ကောင်စီတပ်နှင့် အချိန်မရွေးတိုက်ပွဲများထပ်မံဖြစ်ပွားလာနိုင်သောကြောင့် ပြည်သူများ သတိပြုနေထိုင်ကြရန် မြိတ်ခရိုင် PDF တပ်ရင်း (၁)က အသိပေးထုတ်ပြန်ထားပါတယ်။