နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

မုန်တိုင်းသင့် ရခိုင်ကို စစ်ကောင်စီ အကူအညီများ ရောက်ရှိ

မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခံရသည့် ရခိုင်ပြည်နယ်ကို စစ်ကောင်စီဘက်မှ အကူညီတွေ စတင်ရောက်ရှိနေပြီ လို့ သိရပါတယ်။


မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ရသော ရခိုင်ပြည်နယ်ကို စစ်ကောင်စီရဲ့ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီက ပေးအပ်လာတဲ့ကူညီထောက်ပံ့ရေး ပစ္စည်းတွေနဲ့အတူ ရောက်ရှိလာတာပဲဖြစ်ပါတယ်။

​ထောက်ပံ့ရေးပစ္စည်းတွေကတော့ ဂြိုဟ်တုဖုန်းတစုံ၊ ခေါက်ဆွဲခြောက် ၁၁၃ ဖာ၊ ဂျုံခေါက်ဆွဲထုတ် ၅၀၊ ဓာတ်ဆားထုတ် ၈၈၀၀၊ ကြက်ဉအလုံး ၁၄၃၀၀၊ ကြက်သား ပိဿာ ၃၀၊ ရေသန့် ၁၀ ကတ်၊ ငါးပိ ပိဿာ ၁၀၀၊ ငါးပိဿာ ၂၀၀၊ ဆန်အိတ် ၅ အိတ် နဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ဆန်အိတ် ၅၀၀၊ တာပေါ်လင်စ ၂၀၀ စတာတို့ ပါဝင်တယ်လို့ သိရပါတယ်။

စစ်ရေယာဉ် (မုတ္တမ) ဖြင့် ပို့ဆောင်ရာတွင် ဆန်အိတ် ၁၀၀၀၀၊ ဆယ်တင်သွပ် ၂၆၇၃၇ ချပ်၊သွပ်သံ ၉၁ ဖာ၊ အမိုး Screw ၁၆ ဖာ၊ချိန်းဆော အလက် ၂၀၊ သွပ်အချပ် ၄၇၈၉၀၊ အမယ်စုံ ထောက်ပံ့ပစ္စည်းပုံး ၃၀၀၊ စားအုန်းဆီ ၂၄၂တန်၊ စည်သွပ်ဘူး ၇၄၉ဖာ၊ ရေသန့်စင်စက်ကား နှစ်စီး (၄၄တန်)၊ MPT Mobile Van နှစ်စီး၊ တာဝါတိုင်တစုံ၊ Cable ကြိုးခွေ နှစ်ခွေ ၊ မီးစက် နောက်တွဲပါ ကား နှစ်စီး၊ ဒီဇယ်ဆီ အလုံး ၂၀ စသည့် စုစုပေါင်းတန်ချိန် ၉၂၈ တန်ခန့်ကို ပေးပို့ထားတယ်လို့ဆိုပါတယ်။

စစ်ရေယာဉ် (ပြည်တော်အေး-၂) မှာတော့ အမျိုးသားသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေး ကော်မတီမှ ဆန် ၁၂,၂၅၀ အိတ်၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ သွပ် ၈,၀၀၀ ချပ်၊ သွပ်သံ ၁၇ ဖာ၊ စားအုန်းဆီ ၁,၁၄၄ ဖာ၊ သွားတိုက်ဆေးဗူး ၆၆၇ ဖာ၊ သွားတိုက်တံ ၈၀ ဖာ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ မှတ်ပုံတင်တောင်းခံလွှာပုံစံများ ၄၈ ထုပ်၊ မြန်မာ့မီးရထားမှ တာပေါ်လင် ၁၅ ချပ်၊ မီးစက် ၂ လုံး၊ ချိန်းဆော ၂ လက်၊ Water Pump ၁ ခု၊ ပို့ဆောင်ရေးမှ တာပေါ်လင် ၅ လိတ်၊ မီးစက် ၂ လုံး၊ ၃ မူးနိုင်လွန်ကြိုး ၃ ခွေ၊ ချိပ်ကွင်း (၁၀၀၀) ခုပါ ၁ ထုပ်၊ စက်ပစ္စည်း ၂ ထုပ်၊ ရိက္ခာခြောက်ဂျပ်ဖာ ၃ ခု၊ ဖယောင်းပုဆိုး ၁ လိတ်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ မီးစက်နှင့် ဆက်စပ်ပစ္စည်းများ၊ ဆန် ၇၀ အိတ်၊ ဆီ ၇၀ ဗူး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ကော်ပုံးနဲ့ ဒံအိုးများ စုစုပေါင်း ၆၆၀ တန်တို့ကို စစ်တွေမြို့ကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရှိရပါတယ်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း ၅ ဒသမ ၄ သန်းနီးပါး မုန်တိုင်းဒဏ်ခံစားရနိုင်ပြီး ယင်းတို့အနက် ၃ ဒသမ ၂ သန်းမှာ ထိခိုက်လွယ်သူများ ဖြစ်သောကြောင့် လူသားချင်းစာနာမှုအကူညီများ လိုအပ်နိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA -Myanmar)က မေလ ၁၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။


Era’sEyes/ REF: Irrawaddy/ ပုံစာ-ရခိုင်ပြည်နယ်သို့ ရောက်ရှိလာသော စစ်ကောင်စီ ကယ်ဆယ်ရေးပစ္စည်းများ/CINCDS

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 28 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 25 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

“ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို အင်အားစုတွေ ဖိတ်ခေါ်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 30 Views
ဇွန်လ (၂၉)ရက်။ ‌တော်လှန်ရေးရဲဘော်တွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ “ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို ဖိတ်ခေါ်ထားချက်တွေအရ သိရပါတယ်။ တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အတူ အချင်းချင်းကြား သဘောထားကွဲလွဲတာဟာ ဓမ္မတာဖြစ်ပေမယ့် လက်နက်အားကိုးနဲ့ ဖြေရှင်းဖို ကြိုးပမ်းတာဟာ
မြန်မာသတင်း

ပုလဲမောင် လုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် သမာသမတ်ကျကျ ဖြေရှင်းပေးဖို့ အမှတ်(၁)စစ်ဒေသ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 21 Views
ဇွန်လ (၂၉)ရက်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာ လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် အမှတ်(၁)စစ်ဒေသက ဒီကနေ့မှာ အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာဟာ ဇွန်လ (၂၆)ရက်နေ့က ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှာ ခရိုင်အစည်းအဝေးပြုလုပ်ဖို့ စောင့်ဆိုင်းနေချိန် လုပ်ကြံသတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။
မြန်မာသတင်း

ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA ဆက်တိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 27 Views
ဇွန်လ (၂၉)ရက်။ ဧရာဝတီတိုင်း ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA က တခုပြီးတခု ဆက်တိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA က သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေဟာ ပွိုင့်(၂၈၈)ကုန်း၊ ပွိုင့်(၁၈၈)ကုန်းနဲ့
မြန်မာသတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းမှ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာလုပ်ကြံခြင်းခံရသည့်အတွက် သဘောထားထုတ်ပြန်ခဲ့။

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 25 Views
ရက်စွဲ ၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက် ထိုကိစ္စနှင့်ပတ်သက်၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် (PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ဝမ်းနည်းကြောင်းသဝဏ်လွှာနှင့် သဘောထား ထုတ်ပြန်ချက်တခုကို ထုတ်ပြန်ခဲ့
မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသင့်ပြီး စစ်ရေးနည်းနဲ့ ဖြေရှင်းတာက ကိုယ့်အင်အား ကိုယ်ဖြိုခွဲရာ ရောက်နေတယ်လို
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 44 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က (၅)နှစ်ထဲ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတာနဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ထဲ ငြိမ်းချမ်းရေး‌အတွက် ဆွေးနွေးကြဖို ပြောဆိုခဲ့ပါတယ်။ “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး