နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

မီဇိုရမ်ပြည်နယ်က ချင်းစစ်ဘေးရှောင်များအရေး အမေရိကန် ပြည်ထောင်စုတွင် ဆွေးနွေးမည်။

အမေရိကန်ပြည်ထောင်စု မေရီလဲန်းပြည်နယ်အခြေစိုက် Chin Association of Maryland က လာမည့်ဇွန်လ ၂၇ ရက် နေ့တွင် မီဇိုရမ်ပြည်နယ်ရှိ ချင်းစစ်ဘေးရှောင်များအရေးနှင့်ပတ်သက်သော အစီရင်ခံစာထုတ်ပြန်ခြင်းနှင့်အတူ ဆွေးနွေး ပွဲတရပ်ကျင်းပပြုလုပ်မည်ဟုသိရသည်။


ဇွန်လ ၂၇ ရက် နေ့လည် ၂ နာရီမှ ၃ နာရီခွဲအထိ ဝါရှင်တန်ဒီစီ Open Society Foundations မှာ ယင်းအစီစဉ်ကို ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး Chin Association of Maryland ၏ “အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ ချင်းဒုက္ခသည်များ- ဒုက္ခသည်များကို ကူညီပေးခြင်းနှင့် ၎င်းတို့အား ကြိုဆိုနေသည့် ဒေသခံအသိုင်းအဝိုင်းများကို ပံ့ပိုးပေးခြင်း’’ ဆိုသည့် အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးကြမည်ဟု ဇွန်လ ၁၄ ရက်နေ့က Chin Association of Maryland က ထုတ် ပြန်သည်။

Chin Association of Maryland မှ Reverend Tim Siemens, CAM Board Chairman, Matthew Wilch, Advisor နှင့် Zo Tum Hmung, Executive Director တို့သည် ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ အိန္ဒိယနိုင်ငံ နယူး ဒေလီနှင့် မီဇိုရမ်ပြည်နယ်သို့ သွားရောက်ကာ ချင်းနှင့် မြန်မာနိုင်ငံမှ ဒုက္ခသည်များ၏ အခြေအနေကို အကဲဖြတ်လေ့လာခဲ့ ကြပြီး ယခုထုတ်ပြန်မည့်အစီရင်ခံစာသည် ခရီးစဉ်မှ အဓိက တွေ့ရှိချက်များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြေရှင်းရန်အတွက် အကြံပြုချက်များကို တင်ပြထားသည်ဟုဆိုသည်။

“မီဇိုရမ်ပြည်နယ်အစိုးရ၊ NGO တွေနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေက ချင်းတွေနဲ့ တခြားဒုက္ခသည်တွေကို လှိုက်လှိုက်လှဲ လှဲ ကြိုဆိုခဲ့ကြတာကို တွေ့ခဲ့ရပါတယ်” ဟု CAM အကြံပေးနှင့် အစီရင်ခံစာ ရေးသားသူ Matthew Wilch က ပြောသည်။
“ဒါပေမယ့် ဒုက္ခသည်တွေနဲ့ သူတို့ကို ကြိုဆိုတဲ့အသိုင်းအဝိုင်းတွေက နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အကူအညီကိုလည်း လိုအပ်နေပါတယ်’’ ဟု Matthew Wilch ကပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးမတည်ငြိမ်မှု၊ စစ်ရေးပဋိပက္ခနှင့် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီး သတ်ဖြတ်မှုရန်မှလွတ်မြောက်ရန် မြန်မာနိုင်ငံသားအမြောက်အများသည် အိမ်နီးချင်းအိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးခို လုံခဲ့ကြရသည်။

အိန္ဒိယနိုင်ငံတွင် မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံသားများ အထူးသဖြင့် ချင်းလူမျိုးများ ထွက်ပြေးခိုလုံမှုအများဆုံး ပြည်နယ်ဖြစ်ပြီး မီဇိုရမ်ပြည်နယ်အစိုးရ၏ စာရင်းအရ မီဇိုရမ်ပြည်နယ်တစ်ခုတည်းတွင် လူဦးရေ ၃၀၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်ခိုလုံနေကြရသည်ဟုဆိုသည်။

အိန္ဒိယနိုင်ငံသို့ထွက်ပြေးခိုလုံခဲ့ကြသည့် မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများသည် လူသားချင်းစာနာမှုအကူအညီများ လိုအပ်နေပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းလို နိုင်ငံတကာအဖွဲ့အစည်းများကလည်း အကူအညီများပေးအပ်သင့်သည်ဟု CAM အမှုဆောင် ဒါရိုက်တာ Pu Zo Tum Hmung ကပြောသည်။

“ဒုက္ခသည်တွေအတွက် အကာအကွယ်နဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေ ပိုလိုအပ်တယ်။ UNHCR၊ UNICEF၊ WFP နှင့် အခြားသော သက်ဆိုင်ရာ UN အေဂျင်စီများ အပါအဝင် ကုလသမဂ္ဂ အေဂျင်စီများအနေနဲ့ ယင်းကိစ္စကို ကူညီဖြေရှင်းပေးနိုင်ပါလိမ့်မယ်’’ ဟု Pu Zo Tum Hmung ကပြောကြားခဲ့သည်။

“တစ်ဖက်မှာလည်း ချင်းပြည်နယ်နဲ့ အနီးနား စစ်ကိုင်းနဲ့ မကွေးတိုင်း ဒေသကြီးတွေမှာ ပြည်တွင်းနေရပ်စွန့်ခွာသူ တစ်သ န်းကျော်ဟာ သူတို့ကို အကာအကွယ်ပေးဖို့နဲ့ သူတို့ရဲ့ ဆိုးရွားလှတဲ့ လူသားချင်းစာနာမှု လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးဖို့ အိန္ဒိယ-မြန်မာ နယ်စပ်ကို ဖြတ်ကျော်ပြီး အကူအညီတွေ ရယူသင့်တယ်’’ ဟု ၎င်းကဆက်ပြောသည်။

ယခုထုတ်ပြန်မည့် အစီရင်ခံစာသည် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် Chin Association of Maryland ၏ စတုတ္ထမြောက် အစီရင်ခံစာဖြစ်သည်။

Source & Photo- Thang Boo

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ထောင်ဖောက်ပြေးတဲ့ဖြစ်စဉ်အပေါ် အထူးစုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး အရေးယူမယ်လို့ Karenni-IEC ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 22 Views
ဖြစ်စဉ်ကြောင့် ကရင်နီလူထုနဲ့ တော်လှန်ရေးအင်အားစုတရပ်လုံးကို တောင်းပန်ထား ဇန်နဝါရီလ (၂၉)ရက်။ ထောင်ဖောက်ထွက်ပြေးတဲ့ဖြစ်စဉ်အပေါ် အဖြစ်မှန်ပေါ်ပေါက်ဖို့အတွက် အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းကာ အရေးယူသွားမယ်လို့ Karenni-IEC
မြန်မာသတင်း

ကုလအနေနဲ့ မြန်မာပြည်သူတွေအပေါ် ဒီကနေ့အထိ ပျက်ကွက်နေတယ်လို့ သံအမတ်ကြီး ကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 22 Views
ဇန်နဝါရီလ (၂၉)ရက်။ ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေအပေါ် ဒီကနေ့အထိ ပျက်ကွက်နေတယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက လုံခြုံရေးကောင်စီရဲ့ တံခါးဖွင့်ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တယ်လို့ ဒီကနေ့မှာ
မြန်မာသတင်း

သမ္မတ ဒူဝါလရှီးလ လုပ်ကြံခံရတယ်ဆိုတာ သတင်းမှားလို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 17 Views
ဇန်နဝါရီလ (၂၉)ရက်။ သမ္မတ ဒူဝါလရှီးလ လုပ်ကြံခံရတယ်ဆိုတာ သတင်းမှားလို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ စစ်အုပ်စုလော်ဘီ မှိုင်းဝေရဲ့ တယ်လီဂရမ်အကောင့်ကနေ နိုင်ငံတော်သမ္မတ ဒူဝါလရှီးလ လုပ်ကြံခံရတယ်၊
မြန်မာသတင်း

ကျောက်ဖြူမှာ စစ်ဘေးရှောင်နေရာတွေကို စစ်ကော်မရှင် လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 21 Views
ဇန်နဝါရီလ (၂၉)ရက်။ ရခိုင် ကျောက်ဖြူမြို့မှာ စစ်ဘေးရှောင်နေရာတွေကို စစ်ကော်မရှင်က ဒရုန်းအပါအဝင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်ဖြူမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေရှိတဲ့ နေရာတွေကို စစ်ကော်မရှင်က
မြန်မာသတင်း

ညွှန်ကြားချက်တွေကို ဆန့်ကျင်တာကြောင့် ရဲဘော်ညိုအောင်ကို PRF ရှုတ်ချထုတ်ပယ်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 46 Views
ဇန်နဝါရီလ (၂၈)ရက်။ အထင်အဆင့်အဖွဲ့တွေရဲ့ ညွှန်ကြားချက်ကို ဆန့်ကျင်တာကြောင့် နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ရဲဘော်ညိုအောင်ကို ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)က ရှုတ်ချထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။ PRF ရဲ့ ဗဟိုကော်မတီဝင်နဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ရဲဘော်ညိုအောင်ဟာ ဇန်နဝါရီလ (၈)ရက်နေ့ကစတင်ပြီး ညွှန်ကြားချက်နဲ့ ဆန့်ကျင်ကာ မဟာမိတ်ထိန်းချုပ်ဒေသမှာ
မြန်မာသတင်း

စစ်တပ်ရဲ့ စီးပွားရေးနဲ့ ဝါဒဖြန့်ချိတဲ့ အကောင့်ပေါင်း (၂၇၀)ကို Facebook ဖယ်ရှား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 38 Views
ဇန်နဝါရီလ (၂၈)ရက်။ စစ်တပ်ရဲ့ လူမှုကွန်ရက်စာမျက်နှာက စီးပွားရေးနဲ့ ဝါဒဖြန့်ချိတဲ့ အကောင့်ပေါင်း (၂၇၀)ခုကို Facebook က ဖယ်ရှားလိုက်တယ်လို့ Justice for Myanmar ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖယ်ရှားခံရတဲ့ အကောင့်အများစုဟာ
မြန်မာသတင်း

ကျိုက်ထိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် (၃)နှစ်အရွယ်အပါအဝင် ပြည်သူ (၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 38 Views
ဇန်နဝါရီလ (၂၈)ရက်။ ဇန်နဝါရီလ (၂၆)ရက်နေ့ ည (၉)နာရီ (၂၅)မိနစ်အချိန်က ဒူးသထူခရိုင်မှာ စစ်တပ်ရဲ့ ခမရ(၃)ကနေ ၁၂၀မမ လက်နက်ကြီး (၃)လုံး ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းသွားမယ်လို့ KNPP ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 40 Views
ဇန်နဝါရီလ (၂၈)ရက်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ KNPP က (၁၅)ကြိမ်မြောက် ပါတီကွန်ကရက်ဆိုင်ရာ ထုတ်ပြန်ကြေညာချက်မှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ KNPP အနေနဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ် အားကောင်းရေးကနေ ပြည်ထောင်စု အားကောင်းရေး ချဉ်းကပ်တဲ့ပုံစံနဲ့