နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

မီဇိုရမ်ပြည်နယ်က ချင်းစစ်ဘေးရှောင်များအရေး အမေရိကန် ပြည်ထောင်စုတွင် ဆွေးနွေးမည်။

အမေရိကန်ပြည်ထောင်စု မေရီလဲန်းပြည်နယ်အခြေစိုက် Chin Association of Maryland က လာမည့်ဇွန်လ ၂၇ ရက် နေ့တွင် မီဇိုရမ်ပြည်နယ်ရှိ ချင်းစစ်ဘေးရှောင်များအရေးနှင့်ပတ်သက်သော အစီရင်ခံစာထုတ်ပြန်ခြင်းနှင့်အတူ ဆွေးနွေး ပွဲတရပ်ကျင်းပပြုလုပ်မည်ဟုသိရသည်။


ဇွန်လ ၂၇ ရက် နေ့လည် ၂ နာရီမှ ၃ နာရီခွဲအထိ ဝါရှင်တန်ဒီစီ Open Society Foundations မှာ ယင်းအစီစဉ်ကို ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး Chin Association of Maryland ၏ “အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ ချင်းဒုက္ခသည်များ- ဒုက္ခသည်များကို ကူညီပေးခြင်းနှင့် ၎င်းတို့အား ကြိုဆိုနေသည့် ဒေသခံအသိုင်းအဝိုင်းများကို ပံ့ပိုးပေးခြင်း’’ ဆိုသည့် အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးကြမည်ဟု ဇွန်လ ၁၄ ရက်နေ့က Chin Association of Maryland က ထုတ် ပြန်သည်။

Chin Association of Maryland မှ Reverend Tim Siemens, CAM Board Chairman, Matthew Wilch, Advisor နှင့် Zo Tum Hmung, Executive Director တို့သည် ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ အိန္ဒိယနိုင်ငံ နယူး ဒေလီနှင့် မီဇိုရမ်ပြည်နယ်သို့ သွားရောက်ကာ ချင်းနှင့် မြန်မာနိုင်ငံမှ ဒုက္ခသည်များ၏ အခြေအနေကို အကဲဖြတ်လေ့လာခဲ့ ကြပြီး ယခုထုတ်ပြန်မည့်အစီရင်ခံစာသည် ခရီးစဉ်မှ အဓိက တွေ့ရှိချက်များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြေရှင်းရန်အတွက် အကြံပြုချက်များကို တင်ပြထားသည်ဟုဆိုသည်။

“မီဇိုရမ်ပြည်နယ်အစိုးရ၊ NGO တွေနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေက ချင်းတွေနဲ့ တခြားဒုက္ခသည်တွေကို လှိုက်လှိုက်လှဲ လှဲ ကြိုဆိုခဲ့ကြတာကို တွေ့ခဲ့ရပါတယ်” ဟု CAM အကြံပေးနှင့် အစီရင်ခံစာ ရေးသားသူ Matthew Wilch က ပြောသည်။
“ဒါပေမယ့် ဒုက္ခသည်တွေနဲ့ သူတို့ကို ကြိုဆိုတဲ့အသိုင်းအဝိုင်းတွေက နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အကူအညီကိုလည်း လိုအပ်နေပါတယ်’’ ဟု Matthew Wilch ကပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးမတည်ငြိမ်မှု၊ စစ်ရေးပဋိပက္ခနှင့် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီး သတ်ဖြတ်မှုရန်မှလွတ်မြောက်ရန် မြန်မာနိုင်ငံသားအမြောက်အများသည် အိမ်နီးချင်းအိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးခို လုံခဲ့ကြရသည်။

အိန္ဒိယနိုင်ငံတွင် မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံသားများ အထူးသဖြင့် ချင်းလူမျိုးများ ထွက်ပြေးခိုလုံမှုအများဆုံး ပြည်နယ်ဖြစ်ပြီး မီဇိုရမ်ပြည်နယ်အစိုးရ၏ စာရင်းအရ မီဇိုရမ်ပြည်နယ်တစ်ခုတည်းတွင် လူဦးရေ ၃၀၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်ခိုလုံနေကြရသည်ဟုဆိုသည်။

အိန္ဒိယနိုင်ငံသို့ထွက်ပြေးခိုလုံခဲ့ကြသည့် မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများသည် လူသားချင်းစာနာမှုအကူအညီများ လိုအပ်နေပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းလို နိုင်ငံတကာအဖွဲ့အစည်းများကလည်း အကူအညီများပေးအပ်သင့်သည်ဟု CAM အမှုဆောင် ဒါရိုက်တာ Pu Zo Tum Hmung ကပြောသည်။

“ဒုက္ခသည်တွေအတွက် အကာအကွယ်နဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေ ပိုလိုအပ်တယ်။ UNHCR၊ UNICEF၊ WFP နှင့် အခြားသော သက်ဆိုင်ရာ UN အေဂျင်စီများ အပါအဝင် ကုလသမဂ္ဂ အေဂျင်စီများအနေနဲ့ ယင်းကိစ္စကို ကူညီဖြေရှင်းပေးနိုင်ပါလိမ့်မယ်’’ ဟု Pu Zo Tum Hmung ကပြောကြားခဲ့သည်။

“တစ်ဖက်မှာလည်း ချင်းပြည်နယ်နဲ့ အနီးနား စစ်ကိုင်းနဲ့ မကွေးတိုင်း ဒေသကြီးတွေမှာ ပြည်တွင်းနေရပ်စွန့်ခွာသူ တစ်သ န်းကျော်ဟာ သူတို့ကို အကာအကွယ်ပေးဖို့နဲ့ သူတို့ရဲ့ ဆိုးရွားလှတဲ့ လူသားချင်းစာနာမှု လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးဖို့ အိန္ဒိယ-မြန်မာ နယ်စပ်ကို ဖြတ်ကျော်ပြီး အကူအညီတွေ ရယူသင့်တယ်’’ ဟု ၎င်းကဆက်ပြောသည်။

ယခုထုတ်ပြန်မည့် အစီရင်ခံစာသည် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် Chin Association of Maryland ၏ စတုတ္ထမြောက် အစီရင်ခံစာဖြစ်သည်။

Source & Photo- Thang Boo

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းခွင့်ကို ကြိုဆိုတယ်ဆိုပြီး အီးယူထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 24 Views
မတ်လ (၅)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကော်မရှင်က နိုင်ငံရေးအကျဉ်းသား အများအပြားကို လွတ်ငြိမ်းပေးခဲ့တဲ့အပေါ် ကြိုဆိုတယ်ဆိုပြီး အီးယူက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
မြန်မာသတင်း

စက်သုံးဆီ ရက်(၄၀)စာရှိတယ်လို့ ဇော်မင်းထွန်း ပြောဆို‌နေပေမယ့် ဆီဆိုင်တွေမှာ အလုအယက် တန်းစီဝယ်နေကြ

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 16 Views
မတ်လ (၅)ရက်။ နိုင်ငံထဲ စက်ဆုံးဆီ အရန်ဆီအနေနဲ့ နောက်ထပ် ရက်(၄၀)စာ ရှိတယ်ဆိုပြီး စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ပြောဆိုထားတယ်လို့
မြန်မာသတင်း

KTLA အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်တာကြောင့် KNLA ရဲဘော် (၅)ဦး ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 19 Views
မတ်လ (၅)ရက်။ မနေ့က နေ့လယ် (၃)နာရီအချိန်က ကစယ်ဒိုမြို့မှာ KTLA အဖွဲ့က KNLA တပ်ဖွဲ့ဝင်တွေကို ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA တပ်သားတွေက စစ်တပ်နဲ့
မြန်မာသတင်း

ကျောက်ပန်းတောင်းမြို့မှာ စစ်တပ်က အရပ်သားတဦးကို ပစ်သတ်ပြီး နေအိမ် (၇၀)ကျော်ကို မီးရှို့

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 17 Views
မတ်လ (၄)ရက်။ အခုနှစ်ရက်ထဲ ကျောက်ပန်းတောင်းမြို့က ကျေးရွာအချို့က နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ကျောက်ပန်းတောင်းလူငယ်ကွန်ရက်ထံက သိရပါတယ်။ “ မနေ့က နေ့လယ် (၂)နာရီကျော်လောက်ကစပြီး အကြမ်းဖက် စခ၊ ပျူနဲ့ ဒလံတွေ ဦးဆောင်ပြ စိတ္တိန်းမြောက်ရွာကနေ
မြန်မာသတင်း

တနင်္သာရီမြို့မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 4 ရက်
  • 32 Views
မတ်လ (၄)ရက်။ ပြီးခဲ့တဲ့လကုန်ပိုင်းက တနင်္သာရီမြို့ တမုတ်ချုံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖေဖော်ဝါရီလ (၂၀)ရက်နေ့ကနေ (၂၈)ရက်နေ့အထိ တမုတ်ချုံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့
မြန်မာသတင်း

ဒိုက်ဦးထောင်မှာ လွတ်ရမယ့် နိုင်/ကျဉ်း (၂၀၀)ကျော်ကို ဆက်အကျဉ်းချထားဆဲလို့ဆို

  • 2026 ခုနှစ်၊ မတ်လ 4 ရက်
  • 28 Views
မတ်လ (၄)ရက်။ အကျဉ်းထောင်တွေမှာ ပုဒ်မ ၅၂(က)နဲ့ ပုဒ်မ ၅၀(ည)တို့နဲ့ ဖမ်းဆီးခံထားရသူတွေ လွတ်ငြိမ်းစာရင်းမှာ နာမည်ပါပေမယ့် မလွတ်လာသေးဘူးလို့ PPNM ထံက သိရပါတယ်။ “ ပုဒ်မ ၅၂(က)၊ ၅၀(ည)နဲ့ ဖမ်းခံထားရသူတွေ လွတ်ငြိမ်းစာရင်းမှာ
မြန်မာသတင်း

ပခုက္ကူမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး (၃)ဦးသေ

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 47 Views
မတ်လ (၃)ရက်။ မနေ့က ပခုက္ကူမြို့ ကိုးပင်ရွာအနီး ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ Earthquake PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကိုးပင်ရွာနားမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကော်မရှင်တပ်သားတွေကို ကျနော်တို့
မြန်မာသတင်း

စက်သုံးဆီချွေတာနိုင်ဖို့ဆိုပြီး ပုဂ္ဂလိကပိုင်ကားတွေကို ရက်ခွဲပြီး မောင်းနှင်ဖို့ စစ်ကော်မရှင်ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 42 Views
မတ်လ (၃)ရက်။ စက်သုံးဆီချွေတာဖို့ဆိုပြီး ပုဂ္ဂလိကပိုင်ကားတွေကို ရက်ခွဲပြီး မောင်းနှင်အသုံးပြုဖို့ စစ်ကော်မရှင်က ဒီကနေ့ ညပိုင်းမှာ ကြေညာထားတယ်လို့ သိရပါတယ်။ အခု ကမ္ဘာ့အလယ်ပိုင်းအခြေအနေတွေအရ အရှေ့အလယ်ပိုင်းဒေသထဲ စစ်ရေးပဋိပက္ခတွေကြောင့် လောင်စာဆီတင်သွင်းတဲ့ သင်္ဘောတွေနဲ့ သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်းတလျှောက် အတားအဆီး