နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 8 ရက်

အမေရိကန်

အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ယူကရိန်းသမ္မတ ကုလအထွေထွေညီလာခံကို တက်ရောက်ဖို့ နယူးယောက်ကို ရောက်ရှိ

ယူကရိန်းသမ္မတ ဇလန်စကီးဟာ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်ဖို့ စက်တင်ဘာလ (၁၈) ရက်နေ့က နယူးယောက်ကို ရောက်ရှိခဲ့ပါတယ်။ သူ့ရဲ့အမေရိကန်ခရီးစဉ်အတွင်း နိုင်ငံအများအပြားမှ ခေါင်းဆောင်များနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပြီး ရုရှားစစ်တပ်ကို တန်ပြန်ထိုးစစ်ဆင်နေတဲ့ ယူကရိန်းကို ထောက်ခံအားပေးဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုဖို့ ရည်ရွယ်ထားပါတယ်။


သမ္မတဇလန်စကီးဟာ အခုသီတင်းပတ်အတွင်း ဝါရှင်တန်မှာ အမေရိကန် သမ္မတ ဘိုင်ဒင်နဲ့ အမေရိကန် လွှတ်တော်အမတ်တွေနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်း မပြောကြားမီ သမ္မတဇလန်စကီးဟာ စစ်တင်ဘာလ ၁၈ ရက်နေ့က နယူးယောက်မှာ ပြန်လည်ထူထောင်ရေးလုပ်ဆောင်နေတဲ့ ယူကရိန်းစစ်သားတွေကို သွားရောက်တွေ့ဆုံခဲ့ပါသေးတယ်။ လာမယ့် စက်တင်ဘာလ (၂၀) ရက်နေ့မှာတော့ ဘရာဇီးလ်သမ္မတလူလာနဲ့ ပထမဦးဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံမှာ ဖြစ်ပါတယ်။ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အခုလို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။


ယူကရိန်းစစ်ပွဲဟာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အဓိက ဆွေးနွေးရမယ့် ခေါင်းစဉ်တစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။

Source: CNN
ပုံစာ/ယူကရိန်းသမ္မတ ဇလန်စကီး ဒဏ်ရာရ ယူကရိန်းစစ်သားများအား နယူးယောက်ဆေးရုံသို့ သွားရောက်ကြည့်ရှုစဉ်/Angela Weiss/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အား ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် မြို့တော်တွင် လူထုစုဝေးပွဲကျင်းပပြီး အီလွန်မတ်လာရောက်ပြီး ထရန့်အား ထောက်ခံမိန့်ခွန်းပြော

  • 2024 ခုနှစ်၊ အောက်တိုဘာလ 6 ရက်
  • 5 Views
အောက်တိုဘာလ (၆) ရက်။ ရီပတ်ဘလစ်ကန်သမ္မတလောင်း အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်သည် ဇူလိုင်လက လုပ်ကြံခံခဲ့ရသည့်နေရာဖြစ်သည့် ပဲန်စီလ်ဘေးနီးယားပြည်နယ် ဘတ်တလာတွင် အောက်တိုဘာလ ၅
မြန်မာသတင်း အမေရိကန်

မြန်မာနိုင်ငံက ရဲစွမ်းသတ္တိရှိတဲ့ ဆရာ/ဆရာမတွေကို ဂုဏ်ပြုတယ်လို့ အမေရိကန်သံရုံး ထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 5 ရက်
  • 18 Views
အောက်တိုဘာလ (၅)ရက်။ မြန်မာနိုင်ငံက ရဲစွမ်းသတ္တိရှိတဲ့ ဆရာ/ဆရာမတွေကို ဂုဏ်ပြုတယ်လို့ ဒီကနေ့မှာကျရောက်တဲ့ ကမ္ဘာ့ဆရာမျာနေ့မှာ ရန်ကုန်ရှိ အမေရိကန်သံရုံးက ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
နိုင်ငံတကာသတင်း အမေရိကန်

ရီပတ်ပလီကင် ဒုသမတဟောင်း ဒစ်ချိန်နီ၏သမီး အထက်လွှတ်တော်အမတ်ဟောင်း လစ်ဇ်ချိန်နီ ကင်မလာအား ထောက်ခံစည်းရုံး ဟောပြော

  • 2024 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 16 Views
အောက်တိုဘာလ (၄) ရက်။ ကင်မလာဟဲရစ်၏ မဲဆွယ်စည်းရုံးရေးဆင်းနေသည့် အကြိတ်အနယ်ပြည်နယ်တခုဖြစ်သည့် ဝစ်ကွန်ဆင် ပြည်နယ် ရီပွန်မြို့ တွင် ဟဲရစ်နှင့်အတူ ရီပတ်ပလီကင် ဒုသမတဟောင်း ဒစ်ချိန်နီ၏ သမီးအထက်လွှတ်တော်အမတ်ဟောင်း လစ်ဇ်ချိန်နီက ပါဝင်ပြီး ကင်မလာအား ထောက်ခံစည်းရုံးဟောပြောခဲ့သည်။ လစ်ဇ်ချိန်နီက
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အီရန်က အစ္စရေးကို ဒုံးကျည် ၁၈၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ကြေညာ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 2 ရက်
  • 20 Views
အောက်တိုဘာလ ၂ ရက်။ အီရန်က အစ္စရေးကို ဒုံးကျည် ၁၈၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးက အောက်တိုဘာလ (၁) ရက်နေ့က ကြေညာခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသတွင် အလုံးစုံစစ်ပွဲအတွက် စိုးရိမ်မှုများ ကြီးထွားလာနေပါသည်။ အောက်တိုဘာလ (၁)
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အစ္စရေးစစ်တပ် လက်ဘနွန်တောင်ပိုင်းမြေပြင်ကျူးကျော်တိုက်ခိုက်ကြောင်း ကြေညာ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 2 ရက်
  • 422 Views
အောက်တိုဘာလ (၁) ရက်။ ဒေသစံတော်ချိန် အောက်တိုဘာ ၁ ရက် အစောပိုင်းတွင် အစ္စရေးစစ်တပ်သည် လက်ဘနွန်တောင်ပိုင်းတွင် “ ကန့်သတ်မြေပြင်စစ်ဆင်ရေး” ကို စတင်ခဲ့ကြောင်း ကြေညာခဲ့သည်။ နယ်စပ်အနီး CNN သတင်းအဖွဲ့၏ အခြေစိုက်စခန်းမှ သေနတ်သံများကြားရပြီး
နိုင်ငံတကာသတင်း အမေရိကန်

ပင်ဆယ်ဗေးနီးယားလူထုစုဝေးပွဲ၌ ဒုသမတဟဲရစ်အား ‘စွပ်စွဲပြစ်တင်ခြင်းနှင့် တရားစွဲဆိုခြင်း’ ပြုလုပ်ရန် ထရန့်က တောင်းဆိုလိုက်သည်။

  • 2024 ခုနှစ်၊ အောက်တိုဘာလ 1 ရက်
  • 13 Views
စက်တင်ဘာလ (၂၉) ရက်/ABC သတင်းဌာန။ တနင်္ဂနွေနေ့တွင် ၎င်း၏ လူထုစုဝေးပွဲအတွင်း ဟဲရစ်အပေါ် ထရန့်၏ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုမှာ ပြင်းထန်ခဲ့သည်။ နိုဝင်ဘာလ ရွေးကောက်ပွဲမတိုင်မီ ရက်ပေါင်း ၄၀ သာ ကျန်တော့ပြီး သမ္မတဟောင်း ‌ဒေါ်နယ်ထရန့်
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

Update’ အစ္စရေး-လက်ဘနွန်စစ်ရေးသတင်းများ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 30 ရက်
  • 14 Views
++++++++++++++++++++++++++++ ABC သတင်းများ ဘေရွတ်မြို့လယ်တွင် ၁၈ နှစ်အတွင်း ပထမဆုံးအကြိမ် လူအသေအပျောက် အများဆုံး တိုက်ခိုက်ခြင်းခံခဲ့ရ။ စက်တင်ဘာလ (၃၀) ရက်။ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့လယ် ကိုလာ (Cola) ရပ်ကွက်ရှိ တိုက်ခန်းအဆောက်အုံတခုကို ညဘက်တွင်
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် ဟာဆန် နာဆာရာလာ သေဆုံးသွားပြီဖြစ်ကြောင်း ဟစ်ဇဘိုလာအဖွဲ့အတည်ပြု

  • 2024 ခုနှစ်၊ စက်တင်ဘာလ 28 ရက်
  • 28 Views
စက်တင်ဘာလ (၂၈) ရက်။ လက်ဘနွန်အခြေစိုက် ရှီးယိုက်အစ္စလာမ္မစ်အဖွဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် ဟာဆန် နာဆာရာလာ (Hassan Nasrallah) သည် ပြီးခဲ့သည့်ရက်က လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တောင်ပိုင်း ဒါဟီမြို့ကို လေကြောင်းတိုက်ခိုက်မှုအတွင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) မှ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း