နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

TNLA က ထောက်ပို့ပေးလိုက်တဲ့ ခဲယမ်းများကို NUG ၏ ခရိုင်တပ်ရင်းတခုက သိမ်းယူ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်၊ ခေတ်မျက်လုံး။

၁၀၂၇ စစ်ဆင်ရေးစတဲ့အခါမှာ မြေပြင်မှာရှိတဲ့ ဒေသတော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းပြီး ပြည်တော်ဝင်စစ်ဆင်ရေးအနေနဲ့ စစ်ကိုင်းတိုင်းထဲက စစ်ကောင်စီစခန်းတခု နိုဝင်ဘာလ (၈) ရက်နေ့မှာ စတိုက်ခဲ့ပါတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်က ခေတ်မျက်လုံးကို ပြောပါတယ်။

တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပြီး လေကြောင်းကပါ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။ တိုက်ပွဲပြင်းထန်နေချိန် ကျည်လိုအပ်ချက်ကြောင့် သူတို့ကို ကူညီထောက်ပံ့နေတဲ့ TNLA ဆီက ထောက်ပံ့တဲ့ ၇.၆၂ ကျည်တောင့် ၃ သောင်းကျော်၊ လျှက်ဆားပုလင်းဗုံး၊ TNT ယမ်း ၂၅ ကီလိုဂရမ်၊ သံပုရာသီးလက်ပစ်ဗုံး၊ RPG2 မီးကျည်ဆံ၊ RPG2 ရိုးရိုးကျည်၊ ၆၀ မမ တိုကို သယ်ဆောင်လာရာ ဒေသတော်လှန်ရေးတပ်ဖွဲ့ဆီရောက်ခါနီးမှာ စစ်ကိုင်းတိုင်းအထက်ပိုင်းက NUG ခရိုင်တပ်ရင်းက NUG တိုင်းမှုးအမိန့်အရ လိုကယ်များကို ဖြတ်သန်းခွင့်မပြုဘူးလို့ဆိုပြီး ပစ္စည်များကို သိမ်းဆည်းသွားပါတယ်။ သယ်ဆောင်လာတဲ့သူကိုတော့ ပြန်လွှတ်ပေးလိုက်လို့ သိရပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က MOD ကို ချိတ်ဆက်ပြီး တိုက်ပွဲတွင်းကို အမြန်ပို့ဆောင်နိုင်ရေး ကြိုးစားခဲ့ပေမယ့် NUG ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က လိုင်းအခက်အခဲကြောင့်ဆိုပြီး အခုသတင်းရေးနေချိန်အထိ ပြန်လည်ဆက်သွယ်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။ ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်ကတော့ ခေတ်မျက်လုံးသတင်းဌာနကတောင် ကျွန်တော်တို့ကို ဖုန်းဆက်သွယ်လို့ ရသေးတာ ပြန်မပေးချင်လို့ ဘောလီဘော ပုတ်နေတာသာ ဖြစ်တယ်လို့ ခေတ်မျက်လုံးကို ပြောပါတယ်။

ခေတ်မျက်လုံးမှ ခရိုင်ပကဖကို ဆက်သွယ်မေးမြန်းကြည့်ရာ ခရိုင်အတွင်း တိုက်ပွဲမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ ခရိုင်ပကဖအနေနဲ့ ဒီကိစ္စကို မသိဘူးလို့ ပြောကြားခဲ့ပြီး လိုကယ်များကို ဖြတ်သန်းခွင့်မပြုဆိုတာ မဟုတ်ဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

လက်ရှိအချိန်ထိ မိုးရွာထဲမှာ စစ်ဆိုင်ထားရတဲ့ရဲဘော်များအတွက် အမှန်တကယ် ကျည်လိုအပ်နေသောကြောင့် အမြန်ဆုံးပြန်လည်ရရှိလိုပါတယ်လို့ ခေတ်မျက်လုံးကို ပြောပါတယ်။

ခေတ်မျက်လုံးကို ဆက်သွယ်လာတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဟာ အာဏာသိမ်းခါစကတည်းက ရရာလက်နက်စွဲကိုင်ပြီး တော်လှန်ခဲ့ကြတဲ့အဖွဲ့ဖြစ်ပါတယ်။ ၂၀၂၁ ဇူလိုင်လမှာ ညီနောင် (၃) ဖွဲ့ဆီမှာလည်း စစ်ပညာသွားရောက်သင်ကြားခဲ့ပြီး ကိုယ့်ဒေသကို ပြန်လာပြီး တော်လှန်ရေးအတွက် တစိုက်မတ်မတ်လုပ်ဆောင်နေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

အဲ့ဒီအဖွဲ့အနေနဲ့ NUG-MOD လက်အောက်ကနေတိုက်ပွဲဝင်ဖို့ စာရင်းတင်ထားပေမယ့် အချိန်တော်တော်ကြာကြာအထိ စာရင်းမကျဘူးလို့ ပြောပါတယ်။

အဖွဲ့ခေါင်းဆောင်က “TNLA က ထောက်ပံ့ပေးတဲ့ လက်နက်များဖြစ်လို့ လိုကယ်များကို လက်နက်သယ်ယူခွင့် မပေးနိုင်ရင်လည်း NUG, MOD က တရားဝင် စာထုတ်တားမြစ်လိုက်ပါလို့ ပြောချင်ပါတယ်။ အခုလို တိုက်ပွဲဝင်နေတဲ့ ရှေ့တန်းရဲဘော်တွေ ခဲယမ်းလိုအပ်ချက်အရ အသက်အန္တရာယ် စိုးရိမ်နေရပါတယ်။ ပြည်သူတွေကိုလည်း NUG, MOD ရဲ့ မတရားလုပ်ရပ်ကို ဖော်ထုတ်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်” လို့ ခေတ်မျက်လုံးကို ပြောပါတယ်။

ခေတ်မျက်လုံးအနေနဲ့ နေရာများ၊ အဖွဲ့အမည်များကို ချန်လှပ်တင်ပြထားပါတယ်။ ဒေသကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်နဲ့လည်း တယ်လီဖုန်း၊ တယ်လီဂရမ်ကတဆင့် ဆက်သွယ်မေးမြန်းထားပြီး ဖြစ်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်ကိုလည်း Signal ကတဆင့် ဆက်သွယ်မေးမြန်းထားပေမယ့် အခုအချိန်အထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 132 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 117 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 106 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 100 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 80 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 81 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 75 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို