နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

တရုတ်ကုမ္ပဏီက မံစီနယ်မှာ မြေရှားသတ္တုကို တူးဖော်နေ၊ ဒေသခံများ အလုံးအရင်းဖြင့် ကန့်ကွက်

KIO ထိန်းချုပ်နယ်မြေ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်က အင်ဘာပါကျေးရွာအနီးမှာ တရုတ်လူမျိုးတွေပါဝင်တဲ့ ကုမ္ပဏီတခုက မြေရှားသတ္တု တူးဖော် ဖို့ ပြင်ဆင်နေတာကို ဒေသခံတွေက ကန့်ကွက် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
အင်ဘာပါကျေးရွာနဲ့ ဒိန်ဆိန်းပါကျေးရွာတွေက ကစ်သလစ်အသင်းတော်၊ ကချင်နှစ်ခြင်း ခရစ်ယာန် ဘာသာရေးခေါင်း ဆောင်တွေနဲ့ ဒေသခံ ၃၀၀ ကျော်က မြေရှားသတ္တု တူးဖော်ဖို့ ပြင်ဆင်နေတဲ့ ကုမ္ပဏီကို ဇန်နဝါရီ (၁၃) ရက်မှာ ကန့်ကွက် ဆန္ဒပြခဲ့ကြတာပါ။


အဲဒီကုမ္ပဏီကို တရုတ်လူမျိုးတွေက ကျောထောက်နောက်ခံပြုထားတာ ဖြစ်ပေမယ့် ကုမ္ပဏီအမည်ကိုတော့ မသိကြရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ အင်ဘာပါနဲ့ ဒိန်ဆိန်းပါဒေသတွေမှာ မြေရှားသတ္တု တူးဖော်တာကို လုံးဝရပ်သွားတဲ့အထိ ကန့်ကွက်သွားမယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဦးဆောင်ကန့်ကွက်သူတွေက ပြောကြားခဲ့ပါတယ်။ အခုလို ကန့် ကွက်တာ ဟာ KIO ကို ကန့်ကွက်နေတာမျိုးမဟုတ်ဘဲ မြေရှားသတ္တုဟာ ဒေသခံတွေအတွက် အန္တရာယ်ဖြစ်နိုင်တဲ့ တူးဖော်မှု ဖြစ်နေလို့ ကန့်ကွက်တာလို့ ဆိုပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာ ၁၄ ရက်ကလည်း အင်ဘာပါ ကျေးရွာအနီးတစ်ဝိုက်မှာ မြေရှားသတ္တုတူးဖော်ဖို့ ပြင်ဆင်မှုတွေရှိလာနေတာကို ရပ်တန့်ပေးဖို့ အင်ဘာပါကျေးရွာအပါအဝင် အဲအနီးတစ်ဝိုက်က အသင်းတော် ရှစ်ခုက ဘာသာရေးခေါင်းဆောင်တွေနဲ့ ဒေသခံတွေက KIO ထံ ကန့်ကွက်စာ ပို့ခဲ့ပါသေးတယ်။ ဒီဒေသမှာ မြေရှားသတ္တု တူးဖော်ဖို့အတွက် တရုတ်လူမျိုးတွေပါဝင်တဲ့ ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၁ ရက် နေ့မှာ ကနဦး လာရောက်စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ၂၀၂၂ နှစ်ကုန်ပိုင်းမှာ စက်ပစ္စည်းအစုံအလင်နဲ့ ဝင်ရောက်လာတာ ဖြစ်ပါတယ်။


KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်ဒေသ အင်ခေါင်းပါ စစ်ဘေးဒုက္ခသည်စခန်း အနီး မထန်ကျေးရွာနဲ့ ဂျခရိုင် ကျေးရွာဘက်တွေမှာလည်း KIO ရဲ့ ခွင့်ပြုချက်နဲ့အတူ မြေရှားသတ္တုတွေ အကြီးအကျယ် တူးဖော်နေတယ် လို့လည်း ဒေသခံတွေက ပြောပါတယ်။ မြေရှားသတ္တုတူးဖော်တဲ့အခါ အောက်ဇားလစ် အက်စစ် (Oxalic acid) နဲ့ အမိုနီယမ် ဘိုင်-ကာဘွန်နိတ် (Ammo-nium bi-carbonate) လို အားပြင်းအက်စစ် ငါးမျိုးလောက်ကို သတ္တုရှိနိုင်မယ့် တောင်သားနဲ့ မြေပြင်တွေထဲ ထိုးသွင်းပြီး ရှာဖွေတူးဖော်ရတာလို့ သတ္တုတူးဖော်ရေးလုပ်ငန်း ကျွမ်းကျင်သူတစ်ဦးက ပြောကြားထားပါတယ်။


အမေရိကန်ပြည်ထောင်စု၊ ဟားဗတ်တက္ကသိုလ်က ထုတ်ဝေတဲ့ မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ The Harvard International Review ရဲ့ အချက်အလက်အရ ၂၀၁၇ မေလကနေ ၂၀၂၁ ဩဂုတ်လအထိ မြန်မာနိုင်ငံမှာ မြေရှားသတ္တုတန်ချိန် တစ်သိန်းလေးသောင်းကျော် ထုတ်လုပ်ခဲ့ပြီး အဲဒီပမာဏ ထုတ်ဖော်ဖို့ အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်း (overall toxic waste) ၂၈၄ မီလီယံ တန်ချိန်၊ ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်း (radioactive waste) ၀.၁၄ မီလီယံတန်ချိန်နဲ့ အန္တရာယ်ရှိ ဓာတ်ငွေ့ (waste gas) ၄၉၅ ဘီလီယံဂါလန်ထိ ထွက်ရှိတာကို တွေ့ရပါတယ်။


ကချင်ပြည်နယ် သဘာဝပတ်ဝန်းကျင်အရေး လုပ်ရှားသူတစ်ဦးကလည်း မြေရှားသတ္တု တူးဖော်မှုဟာ အန္တရာယ်များတဲ့ သတ္တုတူးဖော်မှုဖြစ်တဲ့အတွက် ရပ်တန့်ပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ လျှပ်စစ်ပစ္စည်း အများအပြားထုတ်လုပ်တဲ့ တရုတ်နိုင်ငံရဲ့ လိုအပ်ချက်ကြောင့် Rare Earth လို့ခေါ်တဲ့ မြေရှားသတ္တုကို ကချင်ပြည်နယ်က ချီဖွေ၊ ပန်ဝါဒေသမှာ တရုတ်ကုမ္ပဏီတွေ လာရောက်တူးဖော်နေပြီး လုပ်ကွက်ပေါင်း ၃၀၀ မှာ အားပြင်းအက်စစ် သတ္တုရည်ကန်ပေါင်း ၂၇၀၀ ကျော်ကို တွေ့ရတယ်လို့ ၂၀၂၂ ခုနှစ် သြဂုတ် ၉ ရက်နေ့ထုတ် Global Witness အစီရင်ခံစာက ဖော်ပြပါတယ်။


အမေရိကန်ပြည်ထောင်စု ဘူမိဗေဒလေ့လာရေးဌာန USGS ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ မြေရှားသတ္တုတန်ချိန် နှစ်သိန်း ရှစ်သောင်းလောက်ထွက်ရှိခဲ့ပြီး အဲဒီအထဲမှာ တရုတ်နိုင်ငံက တန်ချိန် တစ်သိန်း ခြောက်သောင်း ရှစ်ထောင်နဲ့ ပထမ၊ အမေရိကန်က တန်ချိန် လေးသောင်း သုံးထောင် နဲ့ ဒုတိယ၊ မြန်မာနိုင်ငံက တန်ချိန် နှစ်သောင်း ခြောက်ထောင်နဲ့ တတိယ အများဆုံး တူးဖော်နေတာ ဖြစ်ပါတယ်။

Era’sEyes | REF : RFA | Video – CJ | Edit By: Era’s Eye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 134 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 86 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို