နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

အမေရိကန်

အမေရိကန် အာရှ ဥရောပ

တရုတ်က ရုရှားကို သေစေနိုင်တဲ့ လက်နက်တွေ လျှို့ဝှက်ကမ်းလှမ်းနေမှု အမေရိကန် သတိပေး

တာဝန်ရှိသူများက အမေရိကန်မှရရှိသော ထောက်လှမ်းရေး၏ အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း အဆိုပါ အချက်အလက်များကို ဂျာမနီနိုင်ငံ မြူးနစ်လုံခြုံရေးညီလာခံတွင် မဟာမိတ်များနှင့် မိတ်ဖက်များထံ မျှဝေခဲ့ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်သည် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့် တွေ့ဆုံရာတွင် အဆိုပါကိစ္စကို (၁၈) ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ရုရှားနှင့် ၎င်း၏ ဆက်ဆံရေးကို နက်ရှိုင်းစွာ တိုးမြှင့်လုပ်ဆောင်နေခြင်းနှင့်ပတ်သက်၍ ညီလာခံတွင် အမေရိကန် ဒုသမ္မတ ဟားရစ်စ်က စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့ပါသည်။

ညီလာခံမိန့်ခွန်းတွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီက ဥရောပနှင့် ပူးပေါင်းဆောင်ရွက်မှုကို အလေးထားပြီး ရုရှားနှင့် ယူကရိန်းတို့အား ငြိမ်းချမ်းရေး အဆိုပြုချက်ကို တင်ပြလိုကြောင်း ပြောကြားခဲ့သည်။

မိန့်ခွန်းအပြီးတွင် ဥရောပကော်မရှင်ဥက္ကဋ္ဌ ဗွန်ဒါလီယန်အား ရုရှားအား စစ်ရေးအကူအညီပေးရန် ဥရောပသမဂ္ဂမှ တရုတ်ကို တားမြစ်လိုက်သည်ဟု ထင်မြင်ခြင်း ရှိမရှိ CNN က မေးမြန်းခဲ့သည်။

မစ္စတာဗွန်ဒါလီယန်က ရုရှားကို တရုတ်က မကူညီကြောင်း ပြသရန် နောက်ထပ် အထောက်အထားနှင့် အရေးယူရန် လိုအပ်ကြောင်း ၎င်းက ပြန်လည်ဖြေကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ၁၈ ရက်နေ့ထုတ် CBS TV နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ တရုတ်ကုမ္ပဏီတွေဟာ ရုရှဆီ ပေးပို့ထားတဲ့ သေစေနိုင်တဲ့ လက်နက်တွေ ပေးအပ်ဖို့ ထည့်သွင်းစဉ်းစားနေသည်ဟု ဆိုခဲ့သည်။ တရုတ်ကုမ္ပဏီများနှင့် နိုင်ငံတော်အကြား ခွဲခြားမှု မရှိကြောင်း ၎င်းက ထောက်ပြသည်။

ရုရှားအား လက်နက်များ ပေးအပ်ခြင်း၏ ဆိုးရွားသော အကျိုးဆက်များကို တရုတ်နိုင်ငံအား ရှင်းရှင်းလင်းလင်း သတိပေးထားပြီးဖြစ်ကြောင်း အမေရိကန်က ပြောကြားခဲ့သည်။

ရုရှားသည် ယူကရိန်းကို မကျူးကျော်မီတွင် တရုတ်နှင့် “အဆုံးမရှိ” ချစ်ကြည်ရေး ကြေညာခဲ့သည်။ တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဝမ်ယီသည် ယခုလအတွင်း ရုရှားနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားသည်။

Source: CNN
ဓာတ်ပုံမူပိုင်။ အေပီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 11 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 37 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်