နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

စနိုက်ဘာ ရဲ ဘော်(၃၀)အား အထူးလက်ဖြောင့်မွန်းမံသင်တန်းပေး

မွန်ပြည်နယ်အခြေစိုက် ရေးဘီလူးတပ်ဖွဲ့၊ မွန်တော်လှန် ရေးတပ်နှင့် ကရင်ပြည်နယ်အခြေစိုက် နဂါးနီစစ်ကြောင်းတို့မှ စနိုက်ဘာရဲဘော်(၃၀)ကို အထူးလက်ဖြောင့်မွမ်းမံသင်တန်း အောင်မြင်စွာသင်ကြပို့ချပြီး ခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F က ထုတ်ပြန်ထားပါတယ်။


အဆိုပါ စနိုက်ဘာ(လက်ဖြောင့်)ရဲဘော်(၃၀)ကို NUG၊ ကာကွယ်ရေးဝန် ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F ကတာဝန်ယူပြီး KNU တပ်မဟာ(၆) နယ်မြေ အတွင်း မှာ အထူးလက်ဖြောင့်မွန်းမံသင်တန်း ကို တစ်လကြာ ပို့ချခဲ့တာဖြစ်ပြီး မေ ၁၉ ရက်နေ့ က သင်တန်းဆင်းခဲ့ကြတာပါ။


စနိုက်ဘာရဲဘော်များ၏ ပူးပေါင်းစစ်ဆင်ရေးတာဝန်များကို KNU တပ်မဟာ(၆)ထိန်းချုပ်နယ်မြေတွင်ဖြစ်စေ၊တပ်မဟာ(၄) ၏ထိန်းချုပ်နယ်မြေတွင်ဖြစ်စေ လိုအပ်လျှင်လိုအပ်သလို စနိုက်ဘာရဲဘော်များကို အားပြုပြီး စစ်ဆင်ရေးများပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။


မွမ်းမံသင်တန်းပြီးမြောက်ခဲ့သော အထူးလက်ဖြောင့်ရဲဘော် (၃၀) ဦးအား KNU တပ်မဟာ (၆)၊တပ်မဟာ(၄) နယ်​မြေရှိ တပ်ရင်းတပ်ဖွဲ့အသီးသီးနှင့် စစ်ကြောင်းများတွင် စစ်ဆင်ရေးတာဝန်များ ပေးအပ်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားပါတယ်။
Era’sEyes/(ရဲ​ဘော်များကို အထူးလက်​ဖြောင့်မွန်းမံသင်တန်း​ပေး​နေစဥ်။ဓါတ်ပုံ-SOF)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

မီဇိုရမ်ပြည်နယ်မှာ CNF ခေါင်းဆောင်အပါအဝင် (၅) ဦးကို လက်နက်ခဲယမ်းနဲ့အတူ ဖမ်းဆီးရမိဟု မီဇိုရမ်ရဲတပ်ဖွဲ့ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 7 Views
ဇန်နဝါရီလ (၁၆) ရက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ မာမစ်ခရိုင်မှာ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ခေါင်းဆောင် ပူးဘီလ်ကျုံး (Pu Bil
မြန်မာသတင်း

ရေးမြို့ရှိ စကခ(၁၉)အနီး စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 8 Views
(၃)ရက်တာတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၇၀)ဦးခန့် သေဆုံးခဲ့ ဇန်နဝါရီလ (၁၆)ရက်။ ဇန်နဝါရီလ (၉)ရက်နေ့ကစပြီး (၁၁)ရက်နေ့အထိ ရေးမြို့ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အနီး (၄)မိုင်အကွာမှာ
မြန်မာသတင်း

မန္တလေးမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ် ပစ်ခတ်ရာက သေ‌ဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 6 Views
ဇန်နဝါရီလ (၁၆)ရက်။ ဒီကနေ့ နံနက် (၅)နာရီခွဲအချိန်က မန္တလေး ပြည်ကြီးတံခွန်မြို့နယ်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့တယ်လို့ ‌မြို့ခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ ဖြစ်တာက ပြည်ကြီးတံခွန် (၁၂၅)လမ်း၊ (၅၉)နဲ့
မြန်မာသတင်း

ရန်ကုန်မှာ အငှားယာဉ်မောင်းတစ်ဦး ဓါးဒဏ်ရာတွေနဲ့ သေဆုံးမှုဖြစ်ပွား

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 6 Views
ဇန်နဝါရီလ (၁၆)ရက်။ မနေ့က ည (၉)နာရီ (၅၀)မိနစ်အချိန်က ရန်ကုန်တိုင်း ဒေါပုံမြို့နယ်မှာ အငှားယာဉ်မောင်း အမျိုးသားတစ်ဦး ဓါးဒဏ်ရာတွေနဲ့ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ ဒေါပုံ ဇေယျာသီရိ(၆)လမ်းထိပ် ပေ(၈၀)လမ်းပေါ်မှာ တက္ကစီကားပေါ်
မြန်မာသတင်း

ဖားကန့်မှာ ရွှံ့နွံကန်ပြိုကျတဲ့ဖြစ်စဉ်ထဲ သေဆုံးသူ (၃၁)ဦးအထိရှိခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 6 Views
ဇန်နဝါရီလ (၁၆)ရက်။ ဖားကန့်မြို့ ဆိပ်မူကျေးရွာအုပ်စုရှိ စပေါ့ကျေးရွာအနီး ရွှံ့နွံကန်ပြိုကျတဲ့ဖြစ်စဉ်ထဲ သေဆုံးသူ (၃၁)ဦးအထိရှိခဲ့တယ်လို့ မြေပြင်ကူညီပေးနေတဲ့ လူမှုကုညီရေးအဖွဲ့တွေရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ စပေါ့ရွာမှာ ရွှံ့နွံကန်ပြိုကျတာမှာ (၃)ရက်ထဲ ရှာဖွေခဲ့တာ ရွံတွေအောက်ကနေ သေဆုံးအလောင်းတွေ
မြန်မာသတင်း

ကော့ကရိတ်မြို့မှာ စစ်ကောင်စီဒရုန်းကြောင့် အရပ်သားတစ်ဦး သေ‌ဆုံး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 6 Views
ဇန်နဝါရီလ (၁၆)ရက်။ ဇန်နဝါရီလ (၁၄)ရက်နေ့က ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ကမိုင်ကုန်းကျေးရွာကို ဒရုန်းဗူံတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မောင်းမရွာအုပ်စု ကမိုင်ကုန်းရွာကို စကစက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ
မြန်မာသတင်း

ပုံနှိပ်ထုတ်ဝေသူတွေ ဥပဒေဖောက်ဖျက်ရင် တရားစွဲမယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 6 Views
ဇန်နဝါရီလ (၁၆)ရက်။ ပုံနှိပ်သူနဲ့ ထုတ်ဝေသူတွေအနေနဲ့ ဥပဒေစည်းကမ်းချက်တွေ ဖောက်ဖျက်ရင် ဥပဒေနဲ့အညီ တရားစွဲမယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ သတိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပုံနှိပ်တာနဲ့ ထုတ်ဝေတဲ့လုပ်ငန်းဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ထုတ်ဝေစာတွေကို ဖတ်ရှုလေ့လာစိစစ်ပြီး ကြပ်မတ်စိစစ်နေတယ်လို့ စစ်ကောင်စီပြန်ကြားရေးက ဆိုပါတယ်။
မြန်မာသတင်း

မုံရွာအခြေစိုက် နမခတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ၊ စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် (၆)ဦး ပွဲချင်းပြီးသေဆုံး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 6 Views
ဇန်နဝါရီလ (၁၆)ရက်။ ဇန်နဝါရီလ (၁၄)ရက်နေ့ ည(၉)နာရီခွဲကျော်အချိန်က မုံရွာအခြေစိုက် စစ်ကောင်စီရဲ့ နမခတိုင်းစစ်ဌာနချုပ်ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာအခြေစိုက်