နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရခိုင်တွင် အိမ်ဆောက်ပစ္စည်းများ ဈေးအဆမတန်မြင့်တက်နေ၊ အချို့ဝယ်ယူလို့မရဖြစ်နေ၊ ဈေးတင် မရောင်းရန် သတိပေးထားသော်လည်း လိုက်နာခြင်း မရှိကြ ၊ ပုံမှန်စျေးထက် ၃ ဆခန့် မြင့်တက်နေ

မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် မြို့ပေါ်ဒေသနှင့် ကျေးလက်ဒေသများတွင် နေအိမ်အများအပြားပျက်စီးခဲ့ပြီးနောက်တွင် ရခိုင်ဒေသရှိ အိမ်ဆောက်ပစ္စည်းများ ဈေးအဆမတန်မြှင့်တက်လျက်ရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။


လက်တလောတွင် သံဖြူ၊ တာပေါ်လိန်၊ သစ်၊ ဝါး၊ အိမ်ဆောက်သံမှိုတို့မှာ ပုံမှန်ဈေးထက် ဈေးအဆမတန် မြှင်မားပြီး ရောင်းချနေကြသလို မုန်တိုင်းဒဏ် ခံရသည့် နေရာများတွင် ဝယ်ယူရရှိရန်ပင်ခက်ခဲလျက်ရှိနေကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

နေအိမ်များပျက်စီးမှုကို ပြန်လည်ပြုပြင်ရန်အတွက် သွပ်များဝယ်ယူသည့်အခါ ဝယ်ယူ၍မရဘဲ ကြိုတင်စာရင်းပေးထားပြီးမှ ဝယ်ယူလို့ရတယ်လို့ စစ်တွေမြို့ခံတွေကပြောကြပါတယ်။

သွပ်ဈေးနှုန်းများမှာ တစ်ပေလျှင် ၁၈၀၀ကျပ်၊ ၂၅၀၀ကျပ်၊ ၃၆၀၀ကျပ်၊ ၄၃၀၀ကျပ်အထိ အရည်အသွေးအလိုက် ဈေးအမျိုးမျိုးရှိနေပြီး အဆိုပါဈေးနှုန်းများမှာ ပုံမှန်ထက် ဈေးမြင့်တက်နေကြပြီး တစ်ချို့မြို့နယ်များမှာ ၃ ဆအထိဈေးနှုန်း မြှင့်တက်လျှက်ရှိနေတာပဲဖြစ်ပါတယ်။

ရခိုင်ပြည်အတွင်းသို့ ပြည်မဖက်မှ အိမ်ဆောက်ပစ္စည်းတင်ဆောင်လာသည့် ကုန်တင်ကားများ ဝင်ရန်ရှိနေပြီး လက်ရှိတွင် ဈေးအဆမတန်ပေးကာ မဝယ်ယူကြရန် စစ်တွေမှ အိမ်ဆောက် ပစ္စည်းရောင်းနေသူ တစ်ဦးကပြောသည်။

မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု များပြားခဲ့သည့် ရခိုင်ဒေသတွင် အိမ်ဆောက်ပစ္စည်းများအပါအဝင် ကုန်ဈေး‌နှုန်းများကို ဈေးတင်မရောင်းကြဖို့ ULA/AAဖက်က ပြောဆိုထားသော်လည်း လိုက်နာမှုမရှိ ဈေးမြင့်ရောင်းလျက် ရှိနေကြသည်။

မိုခါမုန်တိုင်းသည် ရခိုင်ပြည်နယ်သို့ မေလ ၁၄ရက်နေ့တွင် ဝင်ရောက်ခဲ့ပြီး တစ်နာရီလျှင် လေတိုက်နှုန်း အနည်းဆုံး မိုင် ၁၅၀ ကျော်အထိတိုက်ခတ်ခဲ့ကာ ရခိုင်မှ မြို့အားလုံးကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ ကျောက်ဖြူ၊ ကျောက်တော်၊ မောင်တော အဆိုပါ မြို့နယ်များမှာ ထိခိုက်ပျက်စီးအများဆုံးဖြစ်ခဲ့ရပါတယ်။

Era’sEyes/ပုံစာ-ရခိုင်ပြည် ရသေ့တောင်မြို့နယ်က မုန်တိုင်းသင့်ခဲ့သည့် ဘုန်းတော်ကြီးကျောင်းတကျောင်းအား တွေ့ရစဉ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 137 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 110 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 103 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 83 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို