နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 14 ရက်

ဆောင်းပါးများ

ဆောင်းပါးများ နည်းပညာ လက်တင်အမေရိက အတွေးအမြင်ကဏ္ဍ အမေရိကန် အာရှ

တရုတ်သမ္မတရှီကျင့်ဖျင်နှင့်မိုက်ခရိုဆော့ဖ် ပိုင်ရှင်ဘီလီယံနာသူဌေးကြီးဘီလ်ဂိတ်တွေ့ ။

တရုတ်သမ္မတရှီကျင့်ဖျင်က အမေရိကန်-တရုတ် ချစ်ကြည်ရင်းနှီးမှု ဆက်လက်ရှိရန် မျှော်လင့်ကြောင်း ဘီလ်ဂိတ်ကို ၂၀၂၃ခုနှစ် ဂျွန်လ ၁၆ရက်နေ့ကတွေ့ဆုံစဉ်က ပြောကြားခဲ့သည်။

နှစ်များစွာအတွင်း ပထမဆုံးအကြိမ် တွေ့ဆုံမှုတွင် ‘လူသားထုတစ်ရပ်လုံးအတွက် အကျိုးရှိစေမည့် လုပ်ဆောင်မှုများ’ ကို လျှောက်လှမ်းရန် အကြံပြုထားပါသည်။ရှီကျင့်ဖျင်သည် ဘီလ်ဂိတ်အား “မိတ်ဟောင်းဆွေဟောင်းကြီး” ဟုခေါ်ပြီး တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိသော လှုပ်ရှားမှုများကို အတူတကွ လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က နှစ်များစွာအတွင်း အမေရိကန်လုပ်ငန်းရှင်တစ်ဦးနှင့် ပထမဆုံးအကြိမ်ပြန်လည် တွေ့ဆုံမှုတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ခေါင်းဆောင်များသည် သမိုင်းဝင် အရေးကြီးသည့် နိုင်ငံခြားဧည့်သည်များကို လက်ခံတွေ့ဆုံနေကြဖြစ်သည့် ဘေဂျင်းရှိ Diaoyutai ပြည်နယ် ဧည့်ရိပ်သာတွင် ရှီက Microsoft ကို ပူးတွဲတည်ထောင်သူနှင့် ပရဟိတလူမှုရေးသမားဖြစ်သည့်ဘီလ်ဂိတ်နှင့် သုံးနှစ်အကြာတွင် တွေ့ရခြင်းမှာ အလွန်ဝမ်းသာ ပျော်ရွှင် ကြောင်းနှင့်ဒီနှစ်အတွင်း ပထမဆုံးတွေ့ သော အမေရိကန်မိတ်ဆွေဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ အမေရိကန်-တရုတ် ဆက်ဆံရေးရဲ့ အခြေခံအုတ်မြစ်ဟာ ပြည်သူတွေနဲ့ သက်ဆိုင်တယ်လို့ ကျွန်တော် မကြာခဏ ပြောလေ့ရှိပါတယ်။ အမေရိကန် ပြည်သူတွေအပေါ် ကျွန်တော့်ရဲ့ မျှော်လင့်ချက်တွေကို ထားရှိထားပါတယ်” ဟု နိုင်ငံပိုင် ရုပ်သံလိုင်း CCTV မှ ထုတ်ဝေသည့် ဗီဒီယိုတွင် ရှီက ပြောကြားခဲ့သည်။ “လက်ရှိကမ္ဘာ့အခြေအနေအရ ကျွန်တော်တို့နိုင်ငံနဲ့ ပြည်သူတွေအတွက် အကျိုးပြုလုပ်ငန်းတွေ၊ လူသားထု တစ်ရပ်လုံးအတွက် အကျိုးရှိစေမယ့် လှုပ်ရှားမှုတွေကို ဆောင်ရွက်နိုင်မှာပါ” ဟု ၎င်းက ဆိုသည်။ ဗုဒ္ဓဟူးနေ့က ဘေဂျင်းမြို့ကို ရောက်ရှိခဲ့တဲ့ ဂိတ် က ရှီကို တွေ့ဆုံခွင့်ရတဲ့အတွက် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့ပါတယ်။ “ ကျွန်တော်တို့ အမြဲတမ်း ကောင်းမွန်တဲ့ စကားဝိုင်းတွေ ရှိခဲ့ပြီး ဒီနေ့ ဆွေးနွေးဖို့ အရေးကြီးတဲ့ ခေါင်းစဉ်တွေ အများကြီး ရှိပါလိမ့်မယ်။

လွန်ခဲ့တဲ့ လေးနှစ်တာ ကာလအတွင်း ကျွန်တော် မလာနိုင်ခဲ့လို့ အရမ်းစိတ်ပျက်မိပါတယ်၊ ဒါကြောင့် အခုလို ပြန်လာရတာ အရမ်း စိတ်လှုပ်ရှားမိပါတယ်” ဟုဂိတ်ကဆိုသည်။ ရှီကျင့်ဖျင်သည် ကပ်ရောဂါကာလအတွင်းနိုင်ငံရပ်ခြားသို့ခရီးထွက်ခြင်းကိုရပ်တန့်ထားခဲ့သည်။ တရုတ်နိုင်ငံ၏ နယ်နိမိတ်များ နှင့် ၎င်း၏ နိုင်ငံတကာ အစည်းအဝေးများကိုလည်း ပိတ်ထားပြီး ပြန်လည်ဖွင့်လှစ်ချိန်မှစ၍ သူနှင့်လာရောက် တွေ့ဆုံသည့်အများစုမှာ အခြားနိုင်ငံများမှ ခေါင်းဆောင်များ ဖြစ်သောကြောင့် နိုင်ငံရပ်ခြားသို့ ခရီးသွားလာခြင်းကို သုံးနှစ်နီးပါး ရပ်တန့်ခဲ့သည်။

ဂိတ်နှင့်ရှီတွေ့ဆုံမယ့် အစီအစဉ်တွေကို Reuters က ပထမဆုံး ဖော်ပြခဲ့ပါတယ်။

ယခုနှစ်အစောပိုင်းတွင် ပြန်လည်ဖွင့်လှစ်ပြီးကတည်းက စီအီးအိုအချို့သည် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ကြသော်လည်း အများစုမှာ အစိုးရဝန်ကြီးများနှင့် တွေ့ဆုံခဲ့ကြသည်။ ဂိတ် သည် ကမ္ဘာ့ကျန်းမာရေး၊ ပညာရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပရဟိတလုပ်ငန်းများကို အာရုံစိုက်ရန် ၂၀၂၀ ခုနှစ်တွင် မိုက်ခရိုဆော့ဖ် ဘုတ်အဖွဲ့မှ နုတ်ထွက်ခဲ့သည်။

ရှီနှင့် ဂိတ်တို့ကြား နောက်ဆုံးတွေ့ဆုံမှုမှာ ၂၀၁၅ ခုနှစ်က ဟိုင်နန်ပြည်နယ် Boao ဖိုရမ်ပြုလုပ်နေစဉ် ကြားတွင်သီးသန့် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်အစောပိုင်းတွင် ရှီသည် တရုတ်နိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးအတွက် ဘီလ်နှင့် မယ်လင်ဒါဂိတ် ဖောင်ဒေးရှင်းမှ ဒေါ်လာ ၅ သန်းအပါအဝင် တရုတ်နိုင်ငံကို အကူအညီပေးခဲ့သည့်အတွက် ဘီလ်နှင့် မယ်လင်ဒါဂိတ်ကို ကျေးဇူးတင်ကြောင်း စာတစ်စောင်ရေးသားပေးပို့ခဲ့သည်။တရုတ်-အမေရိကန် တင်းမာမှုများ ပြင်းထန်လာကာ ရှီက နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို အာရုံစိုက်လာခြင်းကြောင့် တရုတ်နိုင်ငံအပေါ် နိုင်ငံခြားစီးပွားရေးအသိုင်းအဝိုင်းက သတိထားဆက်ဆံလာခဲ့ကြသည်။

ဂိတ် ၏ ခရီးစဉ်သည် ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နှစ်နိုင်ငံနှင့် ဗျူဟာမြောက် ပြိုင်ဘက်များကြား ဆက်ဆံရေး တည်ငြိမ်စေရန် ရည်ရွယ်၍ တရုတ်နိုင်ငံသို့ ကာလရှည်ကြာ ကြန့်ကြာနေသည့် ခရီးစဉ်မတိုင်မီ ထွက်ပေါ်လာခြင်းဖြစ်သည်။

ဘလင်ကန် သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း နှင့် ဗုဒ္ဓဟူးနေ့တွင် တင်းမာသော ဖုန်းခေါ်ဆိုမှုတစ်ခုပြုလုပ်ခဲ့ပြီး ချင် သည် တရုတ်နိုင်ငံ၏အရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းကို ရပ်တန့်ရန်နှင့်နိုင်ငံ၏ လုံခြုံရေးကို ထိခိုက်စေရန်လုပ်ဆောင်နေမှုကိုရပ်တန့်ရန် အမေရိကန်အား တိုက်တွန်းခဲ့သည်။

ဂိတ် နှင့် တွေ့ဆုံစဉ် ရှီက တရုတ်နိုင်ငံသည် “ဗိုလ်ကျစိုးမိုးနိုင်သည့်နိုင်ငံ”၏ ယခင်လမ်းကြောင်း ဟောင်းကို မလိုက်ဘဲ ဘုံဖွံ့ဖြိုးတိုးတက်မှုရရှိရန် အခြားနိုင်ငံများနှင့် လက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားချက်ကို ပြည်သူ့နေ့စဉ် (People’s Daily) သတင်းစာက ဖော်ပြခဲ့သည်။

တရုတ်သည် အမေရိကန်ကို ယခင်က ဗိုလ်ကျစိုးမိုးရေးလမ်းစဉ်ကိုလိုက်နေသည်ဟု မကြာခဏ စွပ်စွဲခဲ့သည်။ရှီနှင့်တွေ့ဆုံခြင်းအပြင်၊ ဂိတ် သည် ၎င်း၏ခရီးစဉ်အတွင်း ကမ္ဘာ့ကျန်းမာရေးဆိုင်ရာစိန်ခေါ်မှုများကိုဖြေရှင်းရန် နည်းပညာအသုံးပြုရန် လိုအပ်ကြောင်း ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအတွက် ဆေးဝါးဖော်ထုတ်ရေးအင်စတီကျူ့ (Global Health Drug Discovery Institute) တွင် မိန့်ခွန်းပြောကြားခဲ့သည်။

ဆင်ဝှာ (Tsinghua) တက္ကသိုလ်တို့နှင့်အတူ အင်စတီကျုကို တည်ထောင်ခဲ့သည့် ဘေဂျင်းမြူနီစီပယ်အစိုးရ နှင့် ဘီလ်နှင့်မလင်ဒါ ဖောင်ဒေးရှင်း နှစ်ဖက်လုံး ကလည်း အင်စတီကျု၏ မူးယစ်ဆေးဝါးရှာဖွေတွေ့ရှိမှုစွမ်းရည်ကို မြှင့်တင်ရန်အတွက် ဒေါ်လာ သန်း ၅၀ စီ ပံ့ပိုးပေးမည်ဟု ကတိပြုခဲ့သည်။

China’s Xi tells Bill Gates he hopes U.S.-China friendship continues ကို ခေတ်မျက်လုံးမှ ဘာသာပြန်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန်

အဆုံးအဖြတ်ပေးမည့် ရှီနှင့်တွေ့ဆုံပွဲမတိုင်မီ ထရမ့် တရုတ်နိုင်ငံသို့ ဆိုက်ရောက်

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 13 Views
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့သည် နည်းပညာ၊ ကုန်သွယ်ရေး၊ အီရန်နှင့် ထိုင်ဝမ် အရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြရမည်ဖြစ်သည်။ CNN –
နိုင်ငံတကာသတင်း အမေရိကန်

“ မင်းသားခေါင်းထဲကိုကျဥ်ဆံပစ်ထည့်လိုက်မယ်” တက္ကဆက် ပြည်နယ်အောက်လွှတ်တော်အမတ်ဟောင်း မာဂျော်ရီတေလာဂရင်း (Marjorie Taylor Greene) ၏ ရင်ဖွင့်သံ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 26 Views
၂၀၂၆ ခုနှစ်၊ မေလ ၃ ရက် ကျွန်မ အသတ်ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ စတင်ရရှိခဲ့တယ်၊ အဲဒါက ကျွန်မကို “သစ္စာဖောက်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ထံ တင်ပြသည့် ကမ်းလှမ်းချက်မှာ “ကျိုးကြောင်းဆီလျော်မှုရှိကြောင်း” ထရမ့်၏ ပယ်ချမှုအပြီးတွင် အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာဂါယီ (Esmail Baghaei) က စစ်ပွဲအဆုံးသတ်ရန် အမေရိကန်ထံ တင်ပြခဲ့သည့် အီရန်၏ နောက်ဆုံးကမ်းလှမ်းချက်မှာ ကျိုးကြောင်းဆီလျော်ပြီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အစိုးရနှင့် ဆက်လက်ဆွေးနွေးသွားမည်ဟု ထရမ့် အရိပ်အမြွက်ပြောကြား

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်ဘက်မှ နောက်ဆုံးကမ်းလှမ်းချက်ကို ပယ်ချခဲ့သော်လည်း လက်ရှိအီရန်အစိုးရနှင့် သံတမန်နည်းလမ်းအရ ဆက်လက်ဖြေရှင်း သွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် အရိပ်အမြွက် ပြောကြားခဲ့သည်။ အီရန်အစိုးရအတွင်းရှိ သဘောထားတင်းမာသူများနှင့် ပတ်သက်၍လည်းကောင်း၊ ခေါင်းဆောင်မှုပိုင်း
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အီရန် ဆွေးနွေးပွဲတိုးတက်မှုသည် ထရမ့်၏ တရုတ်ခရီးစဉ် ရလဒ်အပေါ် မူတည်နိုင်ဟု သတင်းရင်းမြစ်ဆို

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား ဆွေးနွေးမှုများသည် ယခုသီတင်းပတ် နှောင်းပိုင်းတွင် သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ မတွေ့ဆုံမီအထိ သိသာထင်ရှားသော တိုးတက်မှုများ ရှိလာမည်မဟုတ်ကြောင်း ညှိနှိုင်းမှုလုပ်ငန်းစဉ်နှင့် နီးစပ်သည့် ဒေသတွင်းသတင်းရင်းမြစ်တစ်ခုအရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

‘အမေရိကန်နှင့် သဘောတူညီချက်ရယူမှုကို နှောင့်ယှက်ဖျက်ဆီးနေသည့် အီရန်၏ အစွန်းရောက်သဘောထားတင်းမာသူများ

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၀ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်တို့အကြား ဆွေးနွေးပွဲများသည် အရေးပါသော အဆင့်သို့ ရောက်ရှိလာချိန်တွင်၊ သြဇာညောင်းသည့် သဘောထားတင်းမာသော အဖွဲ့ငယ်တစ်ခုသည် ဝါရှင်တန်နှင့် ဖြစ်ပေါ်လာနိုင်သော သဘောတူညီချက်ကို နှောင့်ယှက်ရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့သည်။ ၎င်းလုပ်ရပ်များသည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အိုမန်ပင်လယ်ကွေ့အတွင်း ‘စည်းကမ်းဖောက်ဖျက်သော’ ရေနံတင်သင်္ဘောအား သိမ်းဆည်းခဲ့ကြောင်း အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 46 Views
Aljazeera- ၂၀၂၆ခုနှစ်၊ မေလ ၈ရက် အီရန်အစိုးရရုပ်သံလိုင်းက IRGC တပ်ဖွဲ့ဝင်များ ဘာဘေးဒိုးစ်အလံတင် Ocean Koi သင်္ဘောပေါ်သို့ တက်ရောက်စီးနင်းပြီး ထိန်းသိမ်းလိုက်သည့် ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့သည်။ အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ် (IRGC) သည် အိုမန်ပင်လယ်ကွေ့အတွင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲမှ ထွက်ပေါက်ရှာနေတဲ့ ထရမ့် မိမိရဲ့ ဗျူဟာနဲ့ ချောက်ပိတ်မိနေ

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 65 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၇)ရက် အကယ်၍ စကားလုံးများဖြင့် စစ်တိုက်၍ရပါက ဒေါ်နယ်ထရမ့်၏ အီရန်ပဋိပက္ခမှာ ဟိုးယခင် ကတည်းက ပြီးဆုံးသွားလောက်ပြီ ဖြစ်သည်။ သို့သော် သမ္မတသည် တစ်လခွဲထက်မပိုစေရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ ၁၀ ပတ်မြောက်အထိ