နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 3 ရက်

ဆောင်းပါးများ

ဆောင်းပါးများ နည်းပညာ လက်တင်အမေရိက သိပ္ပံ အတွေးအမြင်ကဏ္ဍ အမေရိကန် အာရှ ဥရောပ

တရုတ်သမ္မတ ရှီကျင်းဖျင့် နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် တို့ တွေ့ဆုံ

တရုတ်သမ္မတ ရှီကျင်းဖျင့်သည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် နှင့် တွေ့ဆုံခဲ့သည်။

ထိပ်တန်းတရုတ်သံတမန် ဝမ်ယီ က ဝါရှင်တန်သည် ‘ပူးပေါင်းဆောင်ရွက်မှု နှင့် ပဋိပက္ခ ဖြစ်မှု ထိုနှစ်ခု အကြား တခုခုကို ရွေးချယ်ရမည်ဟု ပြောကြားခဲ့သည်။

၂၀၂၃ခုနှစ် ဂျွန်လ ၁၉ရက် ရှန်ဟိုင်း – အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်သည် တရုတ်သမ္မတ ရှီကျင်းဖျင့် ထံ တနင်္လာနေ့က အလည်အပတ်ရောက်ရှိခဲ့ပြီး ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံနှစ်ခုသည် ပထဝီဝင်နိုင်ငံရေး၊ ကုန်သွယ်ရေးနှင့် နည်းပညာဆိုင်ရာ တင်းမာမှုများကြောင့် ပြိုကွဲနေသော ဆက်ဆံရေးကို ပြေလည်အောင်ဖြေရှင်းရန် ကြိုးပမ်းခဲ့ကြသည်။

အဆိုပါတွေ့ဆုံမှုသည် တရုတ်နိုင်ငံမြို့တော်သို့ နှစ်ရက်အကြာလာရောက်လည်ပတ်သည့် ဘလင်ကန် အတွက် တရုတ်ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ရှီက ဘလင်ကန် သို့ ပြောကြားရာတွင် “တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား အပြန်အလှန် ဆက်ဆံမှုသည် အပြန်အလှန် လေးစားမှုနှင့် ရိုးသားမှုအပေါ် အခြေခံသင့်ပါသည်ဟုဆိုသည်။

ဤခရီးစဉ်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအနေနှင့်၊ တရုတ်-အမေရိကန် ဆက်ဆံရေးကို တည်ငြိမ်စေရန် အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုများ ပြုလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်” ဟု ရှီက နိုင်ငံပိုင် ရုပ်သံ CCTV တွင် ပြောကြားခဲ့ပါသည်။

တနင်္လာနေ့အစောပိုင်းတွင် တရုတ်နိုင်ငံ၏ ထိပ်တန်းသံတမန် ဝမ်ယီ က ဘေဂျင်း၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမှ ရှောင်ကြဉ်ပြီး ၎င်း၏နိုင်ငံ၏ သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်မှုအပေါ် တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းသင့်ကြောင်း ဘလင်ကန် သို့ ပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ယီ က ဘလင်ကန်၏ ခရီးစဉ်သည် တရုတ်-အမေရိကန် ဆက်ဆံရေးတွင် အရေးကြီးသည့် အလှည့်အပြောင်းတစ်ခုဖြစ်ကြောင်း ဘလင်ကန် သို့ ပြောကြားခဲ့သည်။ “တွေ့ဆုံဆွေးနွေးမှု သို့မဟုတ် ထိပ်တိုက်ရင်ဆိုင်မှု၊ ပူးပေါင်းဆောင်ရွက်မှု သို့မဟုတ် ပဋိပက္ခဖြစ်မှု တို့ တွင် တခုခုကို ရွေးချယ်ရန် လိုအပ်သည်” ဟု ဝမ်ယီက ပြောကြားခဲ့သည်။

ယခုခရီးစဉ်သည် ဘလင်ကန် အရင် ယခင်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို (Mike Pompeo)က ၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက်ပိုင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတစ်ဦး၏ ပထမဆုံး ခရီးစဉ်ဖြစ်သည်။ ၎င်းသည် အမေရိကန်လေပိုင်နက်အတွင်း တရုတ်သူလျှိုမီးပုံးပျံကို တွေ့ရှိပြီးနောက် ဖေဖော်ဝါရီတွင် ဖျက်သိမ်းခံခဲ့ရသည့် ခရီးစဉ်ကိုပြန်လည်စတင်ခြင်းဖြစ်သည်။

လက်ရှိဖြစ်ပွားနေသော နှစ်နိုင်ငံပြိုင်ဆိုင်မှု၏ အရင်းမြစ်များသည် ဝါရှင်တန်၏ နားလည်မှု လွဲမှားခြင်းအပေါ်တွင် တည်ရှိနေသည်ဟု တရုတ်နိုင်ငံ၏ ရေရှည်ရပ်တည်ချက်ကို ဝမ်က ထပ်လောင်းပြောကြားပြီး ထိုင်ဝမ်လွတ်လပ်ရေးကြိုးပမ်းမှုကို ပြတ်သားစွာကန့်ကွက်ရန် ဘလင်ကန် အား တိုက်တွန်းခဲ့သည်။

တနင်္ဂနွေနေ့ အစောပိုင်းတွင် ဘလင်ကန် သည် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း (Qin Gang) နှင့် တွေ့ဆုံခဲ့ပြီး ပြိုင်ဆိုင်မှုများကြားတွင် ထိပ်တိုက်ရင်ဆိုင်မှုများကို ရှောင်ရှားရန် နှစ်ဖက်စလုံးက ဆက်သွယ်ရေးကို ထိန်းသိမ်းရန် သဘောတူညီခဲ့ကြသည်။

တနင်္လာနေ့က တွေ့ဆုံမှုတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း နှင့် ဘလင်ကန် သည် တရုတ်မြို့တော်သို့ ၎င်း၏ နှစ်ရက်ကြာ ခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် တနင်္ဂနွေနေ့က တွေ့ဆုံခဲ့သည်။ နှစ်ဖက်စလုံးမှ ပြောကြားချက်များသည် ၎င်းတို့၏ ဆွေးနွေးပွဲများကို “ပွင့်ပွင့်လင်းလင်း၊ ခိုင်လုံသော၊ အပြုသဘောဆောင်သော” အဖြစ် ဖော်ပြပြီး မြင့်မားသောအဆင့်တွင်ရှိတာဝန်ရှိသူများနှင့် အပြန်အလှန်ဆက်ဆံရေးကို ထိန်းသိမ်းရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့သည်။ လွန်ခဲ့သည့် နှစ်နှစ်ခန့်က အလက်စကာတွင် ကျင်းပခဲ့သော ပြင်းထန်သောထိပ်တိုက် တွေ့ဆုံမှုတွင် တရုတ်တို့က ၎င်းတို့ကို အတိုက်အခံဖြစ်သော အမေရိကန်အစိုးရ “နှိမ့်ချသော” လေသံဖြင့် ပြောဆိုခဲ့သည်ဟု စွပ်စွဲခဲ့သည်။

အထင်အမြင်လွဲမှားမှုအန္တရာယ်ကို လျှော့ချရန် ပွင့်လင်းသော ဆက်သွယ်ရေးလမ်းကြောင်းများကို ထိန်းသိမ်းထားရန် အရေးကြီးကြောင်း ဝါရှင်တန်က ပြောကြားခဲ့ပြီး ဘေဂျင်းသည် တည်ငြိမ်သော၊ ကြိုတင်ခန့်မှန်းနိုင်သောနှင့် အပြုသဘောဆောင်သော ဆက်ဆံရေးကို တည်ဆောက်ရန် ၎င်း၏ကတိကဝတ်ကို ထုတ်ဖော် ပြောကြားခဲ့သည်။

“ချင် နဲ့ ဘလင်ကန် တို့ကြားက တွေ့ဆုံမှုဟာ ဆက်ဆံရေးတည်ငြိမ်ဖို့ နှစ်ဖက်စလုံးရဲ့ လိုလားချက်တွေကို ပြသခဲ့ပြီး ဒီနှစ်မှာ အောင်မြင်မှုအချို့ကို ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု Economist Intelligence Unit (EIU) မှ တရုတ်လေ့လာသုံးသပ်သူ ချင်မ် လီး (Chim Lee) က Nikkei Asia သို့ ပြောကြားခဲ့သည်။ ဘလင်ကန် ၏ ပြောကြားချက်များသည် တရုတ်နိုင်ငံရှိ အမေရိကန်စီးပွားရေးလုပ်ငန်းများကို ဝါရှင်တန်၏ ဦးစားပေးလုပ်ဆောင်မှုတွင် ကွဲပြားခြားနားသော အဆင့်များတွင် ပိုမိုဖလှယ်နိုင်စေရန် လမ်းခင်းပေးနိုင်သည်ကို ဖော်ပြခဲ့သည်။

မီးပုံးပျံ ဖြစ်စဉ်ဖြစ်ပွားခဲ့သော်လည်း ဖေဖော်ဝါရီလမှ စတင်ကာ အစိုးရနှင့် အစိုးရချင်း အစည်းအဝေးများ တိုးလာကြောင်း တရုတ်နိုင်ငံရှိ အမေရိကန် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ မိုက်ကယ်ဟတ်က Nikkei Asia သို့ ပြောကြားခဲ့သည်။

“နွေးထွေးလာတယ်လို့ မပြောလိုပါဘူး၊ နည်းနည်း နွေးထွေးလာတယ်လို့ပဲ ပြောချင်ပါတယ်” ဟု ဟတ် က ဆိုသည်။ သို့သော်လည်း ဘလင်ကန်၏လာရောက်လည်ပတ်မှုမှ ဖန်တီးခဲ့သော အရှိန်အဟုန်ကို နှစ်ဖက်စလုံးက တည်ဆောက်လုပ်ဆောင်နိုင်မလားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

EIU ၏ လီးက မီးပုံးပျံ ဖြစ်ရပ်ကို ရည်ညွှန်းပြီး “မမျှော်လင့်ပဲအကြီးအကျယ်ထိခိုက်မှု’ ဖြစ်ရပ်များကြောင့် ယိုယွင်းနေသော နှစ်နိုင်ငံ ဆက်ဆံရေး အောက်တွင် ရေရှည် ကြိုးပမ်းမှုများတွင် နောက်ထပ်ကောင်းလာနိုင်ချေနည်းသည်ဟု ကျွန်ုပ်တို့က အလွန်အဆိုးမြင်ထားပါ သည်။ နှစ်နိုင်ငံလုံးရှိ ပြည်တွင်းနိုင်ငံရေး ဖိအားများနှင့် ပထဝီဝင်နိုင်ငံရေး နှင့် စီးပွားရေး အကျိုးစီးပွားများ ကွဲလွဲနေခြင်းသည် အခြားသော အဆိုးဆုံးအချက်များဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင် သည် ၂၀၁၈ ခုနှစ်နောက်ပိုင်း တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သည့် ပထမဆုံးသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နှင့် လက်ဆွဲနှုတ်ဆက်ခဲ့သည်။

© Reuters (ဓါတ်ပုံ) China’s Xi Jinping meets U.S. Secretary of State Blinken ကို ခေတ်မျက်လုံးမှဘာသာပြန်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 36 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 48 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 43 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 41 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော