နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်- အီရန် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် လျှို့ဝှက်သံတမန်ရေးရာ ကြိုးပမ်းမှုများ အသေးစိတ် ထွက်ပေါ်လာခဲ့သည်။

CNN —

ထရမ့်အစိုးရသည် အရပ်ဘက်စွမ်းအင် ထုတ်လုပ်သည့် နျူကလီးယား အစီအစဉ် တည်ဆောက်ရန်အတွက်အီရန်ကို ဒေါ်လာ ၃၀ဘီလီယံ အကူအညီပေးပြီး စီးပွားရေး ပိတ်ဆို့ထားမှုများကို လျော့ချပေးမည့်အပြင် ဘီလီယံ နှင့်ချီပြီး အေးခဲထားခဲ့သော အီရန်ပိုင်ငွေများကို ပြန်လည် အသုံးပြုခွင့်ပေးမည် ဖြစ်ကြောင်းအီရန်အား ဆွေးနွေးရေး စားပွဲပေါ်သို့ ပြန်လည်လာရောက်ရန် မက်လုံးပေးကမ်းလှန်း ခဲ့သည်ဟု အဆိုပါကိစ္စနှင့် နီးစပ်သူ လေးဦးကပြောသည်။

ပြီးခဲ့သော နှစ်ပတ်အတွင်း အီရန်နှင့် အစ္စရေးတို့၌ စစ်ရေးအရ တိုက်ခိုက်မှုများ ရှုပ်ရှက်ခတ် နေချိန်တွင်ပင် အမေရိကန်နှင့် အရှေ့အလယ်ပိုင်းမှ အဓိက ညှိနှိုင်းနေသူများသည် အီရန်များ နှင့် ဆွေးနွေးခဲ့ကြသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိပြီးနောက် ယခု သီတင်းပတ်အတွင်း ဆွေးနွေးမှုများ ဆက်လက် ဖြစ်ပွားခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

အဆိုပြုချက်များစွာကို တင်ပြခဲ့ကြသည်ဟု ထရန့် အုပ်ချုပ်ရေးအရာရှိများက အလေးပေးပြောကြားခဲ့သည်။ ၎င်းတို့တွင် တသမတ်တည်း ညှိနှိုင်း၍မရသော တစ်ခုတည်းသော အချက်မှာ အီရန်က ယူရေနီယံ သန့်စင်မှု လုံးဝမလုပ်ရန်ဖြစ်ပြီး အီရန်မှလည်း ထိုကဲ့သို့ လုပ်ရန်သူတို့အနေနှင့်လိုအပ်သည်ဟုဆိုထားသည်။ ၊ သို့သော် ရင်းမြစ်နှစ်ခုမှ CNN သို့ ဖော်ပြထားသော ပဏာမမူကြမ်း အဆိုပြုချက် အနည်းဆုံးတစ်ခုတွင် အီရန်အတွက် မက်လုံးများစွာ ပါဝင်သည်။

အမေရိကန် အထူးသံတမန် စတီ့ဗ် ဝတ်ကော့ဖ် (Steve Witkoff)နှင့် ပင်လယ်ကွေ့ လုပ်ဖော်ကိုင်ဖက်များအကြား လျှို့ဝှက်စွာ နာရီပေါင်းများစွာကြာ တွေ့ဆုံမှုအတွင်း အသေးစိတ်အချက်အချို့ကို အီရန်ကို အမေရိကန်စစ်တပ်က မတိုက်ခိုက်မီ တစ်ရက်အလိုတွင် အိမ်ဖြူတော်၌ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ခဲ့သည်ဟု အဆိုပါတွေ့ဆုံမှုနှင့် နီးစပ်သူနှစ်ဦးက CNN သို့ ပြောကြားခဲ့သည်။

ယခင်က အစီရင်ခံခြင်းမပြုရသေးသည့် ဆွေးနွေးထားသည့် စည်းကမ်းချက်များထဲတွင် အရပ်ဘက်စွမ်းအင်အတွက်သာ အသုံးပြုမည့် အီရန်၏ နျူကလီးယား သန့်စင်ခြင်း မဟုတ်သည့် အစီအစဉ်သစ်တွင် ခန့်မှန်းခြေ ဒေါ်လာ ၂၀ မှ ၃၀ ဘီလီယံ ရင်းနှီးမြုပ်နှံမှု ဖြစ်သည်ဟု ထရန့် အုပ်ချုပ်ရေးအရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက CNN သို့ ပြောကြားခဲ့သည်။ထိုငွေကြေးများသည် အမေရိကန် ထံမှ တိုက်ရိုက် လာမည်မဟုတ်ဘဲ အာရပ်ပါတနာများကပေးသွားမည်ဖြစ်ကြောင်း အရာရှိတစ်ဦးက အခိုင်အမာဆိုသည်။ မကြာသေးမီလများအတွင်း အီရန်၏ နျူကလီးယားစွမ်းအင်ဆိုင်ရာ စက်ရုံများတွင် ရင်းနှီးမြှုပ်နှံမှုကို ယခင်လများအတွင်း နျူကလီးယားဆွေးနွေးပွဲများတွင် ဆွေးနွေးခဲ့သည်။

“အမေရိကန်က အီရန်နဲ့ ဒီဆွေးနွေးပွဲတွေကို ဦးဆောင်ပြောဆိုသွားဖို့ ဆန္ဒရှိပါတယ်” ဟု ထရန့် အစိုးရအရာရှိတဦးက CNN သို့ ပြောကြားခဲ့သည်။ “ပြီးတော့ တစ်စုံတစ်ယောက်ဟာ နျူကလီးယား အစီအစဉ် တည်ဆောက်ဖို့ အတွက် ကုန်ကျစရိတ်ကို ပေးဆောင်ရမှာ ဖြစ်ပေမယ့် အဲဒီ ကတိကဝတ်ကို ကျနော်တို့ ကလုပ်ဆောင်မှာ မဟုတ်ပါဘူး။

အခြားမက်လုံးများတွင် အီရန်အပေါ် ပိတ်ဆို့အရေးယူမှုအချို့ကို ဖယ်ရှားခြင်းနှင့် တီဟီရန်အား လွတ်လပ်စွာသုံးစွဲခြင်းမှ ကန့်သတ်ထားသည့် နိုင်ငံခြားဘဏ်စာရင်းများတွင် လက်ရှိထိန်းထားသော ဒေါ်လာ ၆ ဘီလီယံကို တီဟီရန်ရယူခွင့်ပေးခြင်းလည်း ပါဝင်သည်ဟု CNN သို့ ဖော်ပြထားသည့် မူကြမ်းအရ သိရသည်။

လွန်ခဲ့သည့် သီတင်းပတ်က တွေးတောကြံဆနေကြသည့် နောက်ထပ် အကြံဥာဏ်တစ်ခုမှာ ပင်လယ်ကွေ့ရှိ အမေရိကန် ကျောထောက်နောက်ခံပြု မဟာမိတ်များက သီတင်းပတ်ကုန်က အမေရိကန်က ဘန်ကာဗုံးကြဲချသော ဗုံးများဖြင့် တိုက်ခိုက်ခဲ့သည့် ဖော်ဒိုနျူကလီးယား စက်ရုံ ကိုနျူကလီးယားသန့်စင်ရန်မဟုတ်သည့် ပြန်လည်ပြင်ဆင်ရန် ကုန်ကျမှုများကို ကျခံကြမည်ဖြစ်သည်ဟု – အဆိုပါ ကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ် နှစ်ခုက ပြောကြားခဲ့သည်။ အီရန်သည် အဆိုပါဆိုက်ကို ကိုယ်တိုင်အသုံးပြုနိုင်မည်ဆိုသည်ကို ချက်ချင်းရှင်းလင်းစွာ မသိရသေးသလို အဆိုပါ အဆိုပြုချက်ကို မည်မျှလေးလေးနက်နက် ထည့်သွင်းစဉ်းစားထားကြောင်းလည်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။

“မတူကွဲပြားတဲ့လူတွေက စိတ်ကူးစိတ်သန်းတွေ အများကြီးနဲ့ တီထွင်ဖန်တီးဖို့ ကြိုးစားနေကြတယ်” ဟု ဆွေးနွေးမှုများနှင့် ရင်းနှီးသော သတင်းရင်းမြစ်တစ်ဦးမှ CNN သို့ ပြောကြားခဲ့သည်။

“ဒီမှာ ဘာဖြစ်မယ်ဆိုတာ လုံးဝ မသေချာဘူးလို့ ကျွန်တော်ထင်ပါတယ်” ဟု အစ္စရေးနှင့် အီရန်နျူကလီးယား အစီအစဉ်ကို အမေရိကန် မတိုက်ခိုက်မီက ပြုလုပ်ခဲ့သည့် အမေရိကန်နှင့် အီရန်တို့ကြား ပထမအကြိမ် ဆွေးနွေးပွဲ ငါးကြိမ်နှင့် ရင်းနှီးသည့် သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

အမေရိကန်သည် “အလုံးစုံငြိမ်းချမ်းရေးသဘောတူညီချက်” ကိုရှာဖွေနေကြောင်း ဝတ်ကော့ဖ် (Witkoff) က ဗုဒ္ဓဟူးနေ့တွင် CNBC သို့ပြောကြားခဲ့ပြီး အဆိုပြုချက်များအားလုံးသည် အီရန်နျူကလီးယားလက်နက်မရရှိရန် တားဆီးရန် ရည်ရွယ်ထားကြောင်း ထရန့် အုပ်ချုပ်ရေး အရာရှိတစ်ဦးက အလေးပေးပြောကြားခဲ့သည်။

အီရန်သည် ငြိမ်းချမ်းသော အရပ်ဘက် ရည်ရွယ်ချက်အတွက် နျူကလီးယား အစီအစဉ် ရှိကောင်းရှိနိုင်သည်ဟု အမေရိကန်က ပြောကြားခဲ့သော်လည်း ထိုအစီအစဉ်အတွက် ယူရေနီယံကို သန့်စင်ခွင့်မပေးနိုင်ကြောင်း ပြောကြားခဲ့သည်။ ယင်းအစား အမေရိကန်က သန့်စင်ပြီး ယူရေနီယံကို တင်သွင်းနိုင်ကြောင်း အီရန်ကို အကြံပြုထားသည်။ ဝတ်ကော့ဖ် သည် အလားအလာရှိသော အစီအစဉ်ကို ယူအေအီးနိုင်ငံနှင့် နှိုင်းယှဉ်ခဲ့သည်။

“အခု ပြဿနာနဲ့ အီရန်နဲ့ စကားပြောဆိုမှုတွေ ထဲမှာ၊ နျူကလီးယားကိုသန့်စင်ခြင်းမပြုဘဲ မင်းအတွက် ပိုကောင်းတဲ့ အရပ်ဘက်နျူကလီးယား အစီအစဉ်ကို ဘယ်လို ပြန် တည်ဆောက် မလဲဆိုတာဘဲဖြစ်တယ်”ဟု သူက CNBC ကိုပြောပါတယ်။

အမေရိကန်အစိုးရက အီရန်နိုင်ငံကို သူတို့လိုလားတဲ့အချက်အလက်တွေကိုတင်ပြဖို့ အခွင့်အရေးရှိနိုင်သည်။ အမေရိကန်နှင့် အီရန်တို့သည် လာမည့်သီတင်းပတ်တွင် စားပွဲထိုင်ဆွေးနွေးကြမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည် – အီရန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ အစ်စမေးလ် ဘက်ဟေအီ (Esmail Baghaei) က လာမည့်သီတင်းပတ်တွင် ဆွေးနွေးပွဲများကို သတိမပြုမိသေးကြောင်း ပြောကြားခဲ့ပြီး အသေးစိတ်အချက်အလက်များကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း အဆိုပါ အစီအစဉ်တွင် ပါဝင်ပတ်သက်သူများက ပြောကြားခဲ့သည်။

ဆွေးနွေးပွဲများနှင့် ရင်းနှီးသော သတင်းရင်းမြစ်များက CNN သို့ ပြောကြားရာတွင် ရက်အတိအကျ မသတ်မှတ်ရသေးကြောင်း သိရသည်။

ဝတ်ကော့ဗ် ဦးဆောင်သည့် ထက်မြက်သော သံခင်းတမန်ခင်းနောက်ကွယ်တွင် ရှိနေသော်လည်း၊ ယခုသီတင်းပတ်တွင် ထရန့် သည် နျူကလီးယားသဘောတူညီချက်ရရှိရန် လိုအပ်မှုကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ရာတွင် ထိုသဘောတူညီချက်သည် “မလိုအပ်ဟု” ဟု သူက ယုံကြည်သည် ဟုဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
“ကျွန်တော့်က သဘောတူညီချက်ရှိ၊ မရှိကို ဂရုမစိုက်ပါဘူး” ဟု ၎င်းက ဆိုသည်။

သမ္မတသည် သဘောတူညီချက်အသစ်ကို ကို့ယိုကားယား လူသိရှင်ကြား လျစ်လျူရှု ထားပုံ ရသော်လည်း ၎င်း၏ အကြံပေး အများအပြားက အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ချုပ်ဆိုပြီးနောက် အပစ်အခတ်ရပ်စဲရေးသည် ရေရှည် တည်တံ့ခိုင်မြဲ ကြောင်း သေချာစေမည် ဟု ယုံကြည်ကြသည်။

ဝတ်ကော့ဗ် ၏ လျှို့ဝှက်အစည်းအဝေးတွင် ရေးဆွဲထားသည့် စည်းကမ်းချက်များသည် မကြာသေးမီရက်များအတွင်း ဒေသဆိုင်ရာ စကားဝိုင်းများဖြစ်သည့် ကာတာအစိုးရ အရာရှိများ မှတစ်ဆင့် အမေရိကန်နှင့် အီရန်တို့ကြား ဆက်လက်ဆွေးနွေးမှု၏ အကြောင်း အရာ ဖြစ်သည်။ ကာတာသည် အစ္စရေးတို့အကြား ခိုင်မာသော အပစ်အခတ် ရပ်စဲရေးကို ကြားဝင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

တိုက်ခိုက်မှုများသည် သဘောတူညီချက်ကို ချက်ချင်းရရှိလိမ့်မည်ဟု အမေရိကန်က မျှော်လင့်ထားသည်။

လွန်ခဲ့သည့် နှစ်ပတ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်ရပ်များအပြီးတွင် အီရန်သည် အမေရိကန်၏ အခြေအနေများကို လိုက်လျောလာခြင်း ဖြစ်စေရန်နှင့် နျူကလီးယားလက်နက်ထုတ်လုပ်ရေး ကို ပိုမိုနီးစပ်လာစေရန် ကြိုးပမ်းမှုများကို ရပ်တန့်ရန် ထရန့်အစိုးရအတွင်းတွင် မျှော်လင့်ချက် ရှိနေသည်။

သို့သော် အီရန်အစိုးရသည် ယခုအခါ နျူကလီးယားလက်နက် လိုအပ်ကြောင်း ဆုံးဖြတ် နိုင်သည့် ဖြစ်နိုင်ခြေရှိသော အခြေအနေကို အီရန်ကျွမ်းကျင်သူများက ကိုးကား ဖော်ပြ ကြသည်။ သီတင်းပတ်အစောပိုင်းတွင် အီရန်ပါလီမန်သည် ကုလသမဂ္ဂ၏ နျူကလီးယား စောင့်ကြည့်ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုကို အဆုံးသတ်ရန် ဥပဒေအား အတည်ပြုခဲ့ပြီး ၎င်းတို့၏နျူကလီးယားအစီအစဉ်ကို ထပ်မံဖုံးကွယ်လိုသောဆန္ဒကို အချက်ပြခဲ့သည်။

လွန်ခဲ့သည့် နှစ်ပတ်ခန့်က အီရန်အပေါ် အစ္စရေး၏ စစ်ရေးအရ စစ်ဆင်ရေးမစမီတွင် အမေရိကန်နှင့် အီရန်တို့သည် နျူသဘောတူညီချက်အသစ်အတွက် မူဘောင်တစ်ခုရရှိရန် ကြိုးစားရန် စေ့စပ်ညှိနှိုင်းမှု ငါးကြိမ်ပြုလုပ်ခဲ့သည်။ အမေရိကန်သည် တီဟီရန်သို့ အဆိုပြုချက်ကို တင်ပြခဲ့ပြီး အိုမန်တွင် စီစဉ်ထားသော ခြောက်ကြိမ်မြောက် ညှိနှိုင်းမှုအတွင်း အီရန်က တုံ့ပြန်မည်ဟု မျှော်လင့်ထားခဲ့သည်။ သို့သော်အဆိုပါ ဆွေးနွေးပွဲသည် အီရန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ပျက်သွားခဲ့သည်။

စနေနေ့တွင်၊ အီရန်၏နျူကလီးယားနေရာသုံးခုကို အမေရိကန်က တိုက်ခိုက်မှုမပြုမီ ထရန့် အစိုးရသည် ကြားခံများမှတစ်ဆင့် အီရန်နှင့် ဆက်သွယ်ခဲ့သည်။ ၎င်းတို့၏ မက်ဆေ့ချ်မှာ နှစ်ပိုင်းဖြစ်သည်- လာမည့် အမေရိကန်၏ တိုက်ခိုက်မှုများကို ထိန်းချုပ်ထားမည်ဖြစ်ပြီး၊ အီရန်နှင့် သံတမန်ရေးဆိုင်ရာ သဘောတူညီချက်အတွက် အမေရိကန်၏ စည်းမျဉ်းများသည် ရှင်းရှင်းလင်းလင်းနှင့် ရိုးရှင်းသည်- ယူရေနီယံ သန့်စင်မှု မလုပ်တော့ကြောင်း သဘောတူညီချက် ပေးရန် ဖြစ်သည်ဟုသတင်းရင်းမြစ်များက ဆိုသည်။

ထရမ့်သည် လာမည့်သီတင်းပတ်တွင် အီရန်နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ကြေငြာပြီးနောက် သတင်းထောက်များအား သဘောတူညီချက်တစ်ခု၏ အလားအလာနှင့် ပတ်သက်၍ ရှုတ်ချနေခဲ့ပြီး “ကျွန်ုပ်တို့သည် သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်သည်၊ ကျွန်ုပ်မသိသေးပါ။”
“နျူကလီးယားကို လက်နက်အဖြစ်မသုံးဘူးလို့ ဆိုတဲ့ကြေငြာချက်တစ်ခုကို ကျွန်တော် ရနိုင် တယ်၊ အဲဒါကို ကျွန်တော်တို့ တောင်းဆိုမှာပါ” ဟု ထရမ့်က ဗုဒ္ဓဟူးနေ့က နေတိုးထိပ်သီး အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အစ္စရေးနှင့် အီရန်ကြား လတ်တလော ပဋိပက္ခများ မဖြစ်ပွားမီ အီရန်နှင့် စေ့စပ်ညှိနှိုင်းရာတွင် တူညီသော ကတိကဝတ်များ တောင်းဆိုမည်ဟု သမ္မတက ပြောကြားခဲ့သည်။
“ကျွန်ုပ်တို့တောင်းဆိုရမယ့် တစ်ခုတည်းသောအရာက အရင်က တောင်းထားတဲ့အရာပဲ” ဟု ထရန့် က ပြောကြားပြီး သူက “နျူကလီးယား မရှိရဘူး” ဟု ပြောကြားခဲ့သည်။

အမျိုးသားလုံခြုံရေးအကြံပေးအဖြစ်လည်း တာဝန်ထမ်းဆောင်နေသော နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီယို (Marco Rubio) က အဆိုပါသဘောတူညီချက်သည် ကြားခံများမှတစ်ဆင့် မဟုတ်ဘဲ အမေရိကန်နှင့် တိုက်ရိုက်ညှိနှိုင်းရန် အီရန်၏ဆန္ဒအပေါ် မူတည်မည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

“ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံနှင့်မဆို ငြိမ်းချမ်းသော ဆက်ဆံရေးရှိရန် ကျွန်ုပ်တို့ လိုလား ပါသည်။ ထို့ကြောင့် ထင်ရှားသည်မှာ အီရန်၏ လိုလားတောင့်တမှုသည် ငြိမ်းချမ်းရေး ဆွေးနွေးမှု အတွက်သာမက တတိယနိုင်ငံ သို့မဟုတ် စတုတ္ထနိုင်ငံများမှ တဆင့် ဆွေးနွေးနေမှု မဟုတ်ဘဲ အမေရိကန်နှင့် တိုက်ရိုက်ညှိနှိုင်းရန် ဆန္ဒသည်အီရန်၏အပေါ် တွင်သာ မူတည် လိမ့်မည်” ဟု ရူဘီယိုက The Hague ၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။

သဘောတူညီချက်တစ်ခုရရှိရန် “လက္ခဏာများ” ရှိကြောင်းဗုဒ္ဓဟူးနေ့တွင် ဝတ်ကော့ဗ် ကပြောကြားခဲ့သည်။
“ကျွန်ုပ်တို့ အီရန်နိုင်ငံသားတွေနဲ့ စကားစမြည်ပြောနေတယ်။ ကျွန်တော်တို့ကို လာဆက်သွယ်တဲ့ စကားဝိုင်းတွေ အများကြီးရှိတယ်” ဟု ၎င်းက CNBC သို့ ပြောကြားခဲ့သည်။ “သူတို့အနေနဲ့ အဆင်သင့်ဖြစ်နေပြီလို့ထင်ပါတယ်”

ပုံတွင် ဝတ်ကော့ဗ် နှင့်အဖွဲ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော