နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထာဝရစစ်ပွဲများဖြစ်နေသောတိုင်းပြည်တွင် ‘ထာဝရငြိမ်းချမ်းရေး’ ကို ရရှိရန်ဆောင်ရွက်ခဲ့သည်ဟု ထရန့်ကကြေငြာခဲ့သည်။-

ဒါဟာသူ့ရဲ့ ကြီးမားသည့်ထင်ယောင်ထင်မှားဖြစ်နေမှုတခုများလား?။

CNN – ၂၀၂၅ခုနှစ်၊ ဂျွန်လ ၂၄ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည်အမေရိကန်နှင့် အီရန် အစ္စလာမ္မစ်သမ္မတနိုင်ငံနှင့် အဆိုးရွားဆုံးရင်ဆိုင် အကျပ်အတည်းမှ အနိုင်ရလာပုံရသည်။

အမေရိကန်က အီရန်၏နျူကလီးယားစခန်းများကို အရှိန်မြှင့်တိုက်ခိုက်မှုအပေါ် တီဟီရန်၏ ဟန်ပြလောက်သာဒုံးများပစ်လွှတ်ခဲ့ပြီး သူတို့အနေနှင့်တိုက်ခိုက်မှုများကို အဆုံးသတ်ချင်ကြောင်း တုံ့ပြန်မှုကို တနင်္လာနေ့တွင် သမ္မတထရန့်ကသူ၏ Truth Social မှာ “ဂုဏ်ယူပါတယ် ကမ္ဘာကြီးရေ ၊ အခုငြိမ်းချမ်းရေးအတွက် အချိန်ပါ!” လို့တင်ခဲ့ပါတယ်။

ထရန့် ၏ ရွှင်မြူးတက်ကြွနေမှုသည် ပဋိပက္ခတွင် အမေရိကန်ပါဝင်ပတ်သက်မှု ပြီးဆုံး သွားပြီ ဖြစ်ကြောင်း၊ ယခုအချိန်တွင် အနည်းဆုံး မြင်တွေ့ရသည့် လက္ခဏာရပ် တစ်ခုဖြစ်သည်။

ထို့ပြင် အင်္ဂါနေ့နှောင်းပိုင်းတွင် စတင်အသက်ဝင်မည့် အီရန်နှင့် အစ္စရေးတို့ကြား အပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို ၎င်းက ဆက်လက်လုပ်ဆောင်ခဲ့သည်။ အပစ်အခတ်ရပ်စဲရေးမစတင်မီ နာရီပိုင်းအလိုတွင် အစ္စရေးနှင့် အီရန်နှစ်နိုင်ငံစလုံး၏ တိုက်ခိုက်မှုများဆက်တိုက်ဖြစ်နေခြင်းက မီးမောင်းထိုးပြနေပြီး အရှေ့အလယ်ပိုင်းရှိ အပစ်အခတ်ရပ်စဲရေးများသည် မကြာခဏဆိုသလို ပျက်စီးလွယ်ပြီး ခဏတာမျှသာ ဖြစ်သည်။

သို့သော် အမေရိကန်၏ ကိုယ်ပျောက်ဗုံးကြဲလေယာဉ်များက အီရန်ကို ဗုံးမိုးရွာချပြီးနောက် ၄၈ နာရီအကြာတွင်ပင် သမ္မတသည် ငြိမ်းချမ်းရေးဖော်ဆောင်သူနှင့် အဆုံးစွန်သော သဘောတူညီချက်ရရှိအောင်လုပ်သူအဖြစ် ၎င်း၏ရည်မှန်းထားသောသူ၏ ပုံရိပ်ကို အရှိန်အဟုန်မြှင့်ဝါဒဖြန့်ကြငြာခဲ့သည်။

“အပစ်အခတ်ရပ်စဲရေးဟာ အကန့်အသတ်မရှိလို့ ကျွန်တော်ထင်ပါတယ်။ အဲဒါက ထာဝစဉ်ဆက်လက်တည်ရှိသွားမှာပဲ” ဟု ထရန့် က NBC News တွင် တနင်္လာနေ့ညတွင် ပြောကြားခဲ့ပြီး အစ္စရေးနှင့် အီရန်တို့သည် နောက်တစ်ကြိမ်တနိုင်ငံနှင့်တနိုင်ငံ ပစ်ခတ်မှုလုပ်တော့မည်မဟုတ် ကြောင်း ခန့်မှန်းပြောဆိုခဲ့သည်။

ဒါဟာ အမေရိကန်သမ္မတတွေကို နာမည်ပျက်စေတဲ့ သင်္ချိုင်းကုန်းတစ်ခုအနေနဲ့ တူတဲ့ အရှေ့အလယ်ပိုင်းမှာ ထရန့်က သူနာမည်ကောင်းရအောင်လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ ရဲရဲတင်းတင်း ‌ကြေငြာချက်ပါ။ ထရန့် ၏စီးပွားရေး စျေးကွက်ရှာဖွေရေး ကျွမ်းကျင်မှု နဲ့ဆောင်ရွက်မှု များသည် သူ၏အောင်မြင်မှုသည် အစစ်အမှန် သို့မဟုတ် အခြားထင်ယောင် ထင်မှားဖြစ်မှုတခုမျှသာဖြစ်ကြောင်းကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 71 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 83 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 81 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 84 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 80 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက