နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဖလော်ရီဒါ ပြည်နယ်ရှေ့နေချုပ်က အဲဗားဂလိပ်စ် (Everglades) ရှိနေရာအား မိကျောင်းအယ်ကတ်ရက်ဇ် ‘ (Alligator Alcatraz’ )ရွှေ့ပြောင်းအကျဉ်းစခန်းအဖြစ်အသုံးပြုရန်အဆိုပြုခဲ့သည်။

ABC News ၂၀၂၅ခုနှစ်၊ ဂျွန်လ ၂၆ရက်

“မင်းဒီပတ်ဝန်းကျင်မှာ ဒီလောက်အများကြီး ရင်းနှီးကုန်ကျခံစရာလုပ်ဖို့ မလိုအပ်ပါဘူး” ဟု ဂျိမ်းစ် အပ်မိုင်ရာ (James Uthmeier) က ပြောကြားခဲ့သည်။

ဖလော်ရီဒါပြည်နယ်ရှေ့နေချုပ် ဂျိမ်းစ်အပ်မိုင်ရာ သည် မိကျောင်းများအများအပြားရှိသည့် အဲဗားဂလိပ်စ် ကျွန်းကို ကာလီဖိုးနီးယားရှိဆန်ဖရန်စစ္စကိုမြို့ပင်လယ်ပြင်တွင်ရှိသော အယ်ကာတက်ဇ် (Alcatraz)ကျွန်းပေါ်တွင်တည်ရှိသော နာမည်ဆိုးဖြင့်ကျော်ကြားသည့် အကျဥ်းထောင်ဟောင်း အမည်ကိုခိုင်းနှိုင်းပြီး အဲဗားဂလိပ်စ် နေရာကို “မိကျောင်း အယ်ကာတက်ဇ်” ဟုအမည်ပေးပြီး ထိုနေရာ၏ အလယ်ဗဟိုတွင် တရားမဝင် ရောက်လာ သည့် ရွှေ့ပြောင်း နေထိုင်သူများကိုယာယီ ထိန်းသိမ်းရေး စခန်းတစ်ခုအဖြစ် တည်ဆောက်ရန် သူ၏အဆိုပြုချက်ကြောင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ၏ ဆန့်ကျင် ဝေဖန်မှု ကိုခံနေရသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ဖြစ်သည့် အဲဗားဂလိပ်စ် ၏ မိတ်ဆွေများအဖွဲ့က ဂျိမ်းစ် အပ်မိုင်ရာ နှင့် ဖလောရီဒါ အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်တစ်စ် (Ron DeSantis) တို့အား မိကျောင်း နှင့် စပါးအုံးမြွေကြီးများရှိသော ရေများဝန်းရံထားသော ကုန်းမြေ ပေါ်တွင် ထရန်အစိုးရအတွက် တရားမဝင် ဝင်ရောက်လာသူများကိုနှိမ်နင်းရာတွင် အသုံးပြုမည့် နေရာ အဖြစ်ထားရန် တည်ဆောက်မည့် အစီအစဉ်ကို ဖျက်ပစ်ရန် စာ‌ရေးသား ကန့်ကွက်ခဲ့ ကြသည်။  ပေးစာတွင် ဆောက်လုပ်မှုသည် အဲဗားဂလိပ်စ် ဂေဟစနစ်ကို သိသိသာသာ ထိခိုက် ပျက်စီး စေသည်ဟု အဖွဲ့မှ ပြောကြားခဲ့သည်။

“ဒီအဆိုပြုချက်ဟာ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအတွက် လူထုရဲ့ ပံ့ပိုးကူညီမှုရဲ့ အပေါ်မှာတည် ရှိနေပါတယ်” ဟု အဲဗားဂလိပ်စ် ၏ မိတ်ဆွေများအဖွဲ့ ၏ ဆက်သွယ်ရေး ဒါရိုက်တာ အယ်လီ ဟတ်မင် (Allie Hartmann) က ABC News သို့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကိုထားရန် ထိန်းသိမ်းရေးစခန်းအတွက် ဂျိမ်းစ် အပ်မိုင်ရာ ရွေးချယ်ထားသောနေရာသည်  ဆိုင်ပရက်ကြီး အမျိုးသားထိန်းသိမ်း စောင့်ရှောက်ရေး ကြိုးဝိုင်း(Big Cypress National Preserve) ဖြင့် ဝန်းရံထားပြီး အဲဗားဂလိပ်စ်  အမျိုးသားဥယျာဉ်မှ ခြောက်မိုင်အကွာတွင်ရှိကြောင်း ဟတ်မင်(Hartmann) မှ ပြောကြားခဲ့သည်။

ဟတ်မင်(Hartmann)က ထိုကန့်ကွက်ချက်စာလွှာကို လူလက်မှတ် ၁၀၀၀၀ နီးပါးက လက်မှတ်ရေးထိုးပေးခဲ့ကြောင်းနှင့် ထိုစာလွှာကိုတနင်္လာနေ့တွင်စတင်ဖြန့်ဝေခဲ့ပြီး

ဂျိမ်းစ်အပ်မိုင်ရာ နှင့် ဒီဆန်တစ်စ် (DeSantis) တို့ကိုသူတို့၏ အစီအစဥ်ကို ရပ်တန့်ရန် ပြောကြားခဲ့ကြောင်း ဟတ်မင် မှ ပြောကြားခဲ့သည်။

သောကြာနေ့က ဗီဒီယိုထုတ်ပြန်ချက်တစ်ခုတွင် ဂျိမ်းစ်အပ်မိုင်ရာ သည် အဲဗားဂလိပ်စ် ရှိ ၃၉ စတုရန်းမိုင်ကျယ်ဝန်းသောအကွက်တစ်ခုပေါ်တွင် ယာယီရွှေ့ပြောင်းအကျဉ်းစခန်းတစ်ခု တည်ဆောက်ရန် အစီအစဉ်ကို ကြေညာခဲ့သည်။

“ဖလော်ရီဒါသည် ထရန့် အုပ်ချုပ်ရေးနှင့် ICE ၏ ရာဇ၀တ်မှုဆိုင်ရာ တရားမဝင် နိုင်ငံခြားသား များကို ဖမ်းဆီးရန်နှင့် ပြည်နှင်ဒဏ်ပေးရန် ကြိုးပမ်းမှုကို ထောက်ခံသောလူဝင်မှုကြီးကြပ်ရေး လုပ်ဆောင်မှုတွင် ဦး ဆောင်နေပါတယ်” ဟု ဂျိမ်းစ်အပ်မိုင်ရာ ကဗီဒီယိုထဲတွင် ပြောကြား ခဲ့သည်။

ယာယီထိန်းသိမ်းရေးစခန်းများထားရှိရန် နေရာများကို ဖော်ထုတ်ရန် ဖလောရီဒါ အုပ်ချုပ်ရေးမှူး ဒီဆန်တစ်စ် က ပြည်နယ်ခေါင်းဆောင်များကို တာဝန်ပေးအပ်ပြီးနောက် ၎င်းနေရာကို အဆိုပြုခဲ့ကြောင်း ဂျိမ်းစ်အပ်မိုင်ရာ က ပြောကြားခဲ့သည်။

“အဲဒါက အကောင်းဆုံးနေရာလို့ ထင်ပါတယ်။ ဒါကို ‘မိကျောင်းအယ်ကာတက်ဇ်’ လို့ ခေါ်တယ်” ဟု ၁၉၆၃ ခုနှစ်တွင် ပိတ်ခဲ့ပြီး နောက်ဆုံးတွင် ပြတိုက်အဖြစ် ပြောင်းလဲခဲ့သော ဆန်ဖရန်စစ္စကို ပင်လယ်အော်အလယ်ရှိ အကျဉ်းထောင်ဟောင်းကို ရည်ညွှန်း၍ ဂျိမ်းစ်အပ်မိုင်ရာ က ပြောကြားခဲ့သည်။

ဂျိမ်းစ်အပ်မိုင်ရာ က အဲဗားဂလိပ်စ် နှင့် ၎င်း၏ သားရဲကောင်များ ဝန်းရံထားသောကြောင့် ၎င်းသည် ထိန်းသိမ်းရေးစခန်းအတွက် သင့်လျော်သည်ဟု ဂျိမ်းစ်အပ်မိုင်ရာ မှ ပြောကြား ခဲ့သည်။

“ဒါဟာ ဒီပတ်၀န်းကျင်မှာ အများကြီး ရင်းနှီးမြုပ်နှံစရာ မလိုတာကြောင့် ယာယီ ထိန်းသိမ်း ရေး အဆောက်အအုံ တည်ဆောက်ဖို့ ထိရောက်ပြီး ကုန်ကျစရိတ် သက်သာတဲ့ အခွင့်အလမ်း ကို တင်ပြထားတာဖြစ်ပါတယ်” ဟု ဂျိမ်းစ်အပ်မိုင်ရာ က ဗီဒီယိုထုတ်ပြန်ချက်တွင် ပြောကြား ခဲ့သည်။ “လူတွေကစခန်း အပြင်ထွက်ဖို့ကြိုးစားရင် မိကျောင်းနဲ့ စပါးအုံးမြွေတွေ ကလွဲလို့ သူတို့ကို စောင့်စရာ သိပ်မလိုပါဘူး။”

ဂျိမ်းစ်အပ်မိုင်ရာ က “ကျွန်တော်တို့ စတင်တည်ဆောက်ပြီး ရက်ပေါင်း ၃၀ မှ ၆၀အတွင်း၊ အဲဒါဟာ စတင်လည်ပတ်လုပ်ဆောင် နိုင်ပြီး ရာဇ၀တ်မှုကျူးလွန်ထားတဲ့ နိုင်ငံခြားသား တစ်ထောင်လောက်အထိ နေထိုင်နိုင်မယ်လို့ ဆိုပါသည်။

အုပ်ချုပ်ရေးမှူးသည် အဲဗားဂလိပ်စ် ရှိ ထိန်းသိမ်းရေးစခန်းကို တည်ဆောက်ရန်အတွက် ခရိုင်ပိုင်လေယာဉ်ကွင်းကို ကွပ်ကဲရန်အတွက် ပြည်နယ်၏ အရေးပေါ်အာဏာကို အသုံးပြု နေသည်။ ပြည်နယ်သည် ဂျက်ဆင်ဗီးလ် (Jacksonville) အနောက်တောင်ဘက်ရှိ ဖလော်ရီဒါ ပြည်နယ် အစောင့်တပ်လေ့ကျင့်ရေးနေရာဖြစ်သော ကန့်ဘလန်းဒင်း(Camp Blanding) တွင် ဒုတိယထိန်းသိမ်းရေးစခန်းတစ်ခု တည်ဆောက်ရန်လည်း စဉ်းစားနေသည်။

ဗုဒ္ဓဟူးနေ့တွင် ဥပဒေကြမ်းလက်မှတ်ရေးထိုးပွဲတစ်ခုအတွင်း၊ ဒီဆန်တစ်စ် က ဖက်ဒရယ်အစိုးရသည် ထိန်းသိမ်းရေးစခန်းဆောက်လုပ်ရန်အတွက် ရန်ပုံငွေအပြည့် အ၀ပေးထားကြောင်း၊ ၎င်းသည် “ကျွန်ုပ်တို့၏ပိုမိုကျယ်ပြန့်သောအသိုက်အဝန်းအပေါ် သက်ရောက်မှုရှိမည်မဟုတ်သည့်နည်းလမ်းဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

“ကျွန်ုပ်တို့ရဲ့ အကျဉ်းထောင်တွေထဲမှာ တရားမ၀င်နေထိုင်သူတိုင်း မရှိနိုင်ပါဘူး ဘာလို့လဲဆိုတော့ တရားမ၀င်လာရောက်သူတွေထဲမှာလဲ ရာဇ၀တ်မှုတွေကို ကျူးလွန်တဲ့ သူတွေ ရှိနေတယ်” လို့ ဒီဆန်တစ်စ် က ပြောပါတယ်။

သူက “အဲဒါကိုလုပ်ဖို့ ပြည်ထောင်စုအစိုးရဆီက အကူအညီတောင်းဆိုချက်ရရှိထားတယ်။ ဒါကြောင့် ‘မိကျောင်းကန် အယ်ကာတက်ဇ်’ တည်ဆောက်ပြီးသွားတာကို မင်းမြင်ရလိမ့်မယ်။ အဲဒါက အင်အား တိုးပွားလာလိမ့်မယ်။ အဲဒါက DHS [အမိမြေလုံခြုံရေးဌာန] ကို ကူညီပေးမှာဖြစ်ပြီး၊ အရင်းအမြစ်တွေအပေါ် ဝန်ထုပ်ဝန်ပိုးတချို့ သက်သာရာရစေမယ့် ပြည်နယ်နဲ့ ဒေသန္တရ ဥပဒေစိုးမိုးရေးကိုလည်း ကူညီပေးမှာပါ”ဟုဆိုခဲ့သည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုများနှင့်ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာ ဒီဆန်တစ်စ် က “ဒါဟာ လုံးဝသက်ရောက်မှုမရှိဘူး” လို့ ပြောပါတယ်။

“ဒါက လေဆိပ်က ရှိပြီးသားလေ။ ရှင်းပါတယ်၊ လုံခြုံရေး ရှု့ထောင့်ကနေကြည့်ရင် တစ်စုံတစ်ယောက် လွတ်မြောက်ရင် မင်းနဲ့ ရင်ဆိုင်တွေ့ရမယ့် မိကျောင်းတွေ အများကြီး ရှိတယ်ဆိုတာ သိပါတယ်။ အဲဒါကို လုပ်လိုက်တာနဲ့ ဘယ်မှ မသွားရဲကြတော့ဘူး။ တတ်နိုင်သမျှ လုံခြုံတယ်” ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။

အဲဗားဂလိပ်စ် ပရောဂျက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အမြဲတမ်းအဆောက်အဦများ သို့မဟုတ် အခြေခံအဆောက်အအုံများ တည်ဆောက်မည်မဟုတ်ကြောင်း ဒီဆန်တစ်စ် မှ ပြောကြားခဲ့သည်။

“ဒါဟာ ယာယီပါပဲ။ ကျွန်တော်တို့ တပ်ဆင်တည်ဆောက်လိုက်နိုင်သလို ပြန်လည် ဖြုတ်ချနိုင်ပါတယ်။ ဒါက ပထမဆုံး အခိုင်အမာတည်ဆောက်မှာ မဟုတ်ပါဘူး။ ဒီအရာဟာ နှစ်ပေါင်းများစွာ အကြိမ်ပေါင်းများစွာ အသုံးပြုလာခဲ့ပါတယ်” ဟု ဒီဆန်တစ်စ် က ပြောကြားခဲ့သည်။

စီမံကိန်းကိုဆန့်ကျင်သောအုပ်စုအချို့သည် “လူဝင်မှုကြီးကြပ်ရေး ဥပဒေစိုးမိုးရေးကို ဆန့်ကျင်သော အချက်အတွက်သာအကြောင်းပြချက်အဖြစ် အဲဗားဂလိပ်စ် ကိုအသုံးပြုရန်ကြိုးစားမှုကိုဆန့်ကျင် နေသည်ဟုသူကယုံကြည်သည်” ဟု ဒီဆန်တစ်စ် မှပြောကြားခဲ့သည်။

“ရှင်းရှင်း ပြောရရင် အခု မင်းလက်ဝဲဝါဒ အစွန်ဆုံးမှာ ရှိနေတယ်။ သူတို့ကဥပဒေတွေ ပြဌာန်းတာကို လုံးဝ မလိုလားဘူး”

ဟတ်မင် က ဂျိမ်းစ်အပ်မိုင်ရာ သည် အဲဗားဂလိပ်စ် ၏ သူငယ်ချင်းများအဖွဲ့နှင့် မတိုင်ပင်ဘဲ အစီအစဉ်ကို ကြေညာခဲ့သည်ဟုဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက