နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်မြို့မှာ ပန်းသပိတ်ပြုလုပ်တယ်ဆိုပြီး သမာဓိရွှေဆိုင်ဝန်ထမ်းတွေအပါအဝင် ပြည်သူ ၄၀ထက်မနည်းကို စစ်ကောင်စီ ဖမ်းဆီး

ရန်ကုန်မြို့မှာ ပန်းသပိတ်ပြုလုပ်တယ်ဆိုပြီး သမာဓိရွှေဆိုင်က ဝန်ထမ်းတွေအပါအဝင် ပြည်သူ ၄၀ထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။

ဇွန်လ ၁၉ရက်နေ့က ကျရောက်ခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပန်းသပိတ်လှုပ်ရှားမှုများ ဆင်နွှဲဖို့ တိုက်တွန်းမှုများရှိခဲ့ပြီးနောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နှင်းဆီပန်း ပန်ဆင်သူများနဲ့ လက်ဝယ်ကိုင်ဆောင်သူတွေကို လိုက်လံဖမ်းဆီးမှုများရှိခဲ့တာပါ။

“ စစ်ဆေးမှုတွေကတော့ နေရာတိုင်းလိုလိုပါပဲ။ ကားပေါ်တွေလည်း တက်စစ်တာမျိုးတောင်ရှိတယ်။ အဓိက လူငယ်တွေရဲ့ ကျောပိုးအိတ်နဲ့ ဖုန်းတွေကို စစ်ကြတယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ၀ယ်ထားတဲ့ ဖုန်း အစစ်ခံရတာမျိုးကျ စိတ်ထဲ အောင့်သက်သက် ခံစားရတာပေါ့ဗျာ။ သူတို့မှာလဲ လက်နက်ကြီးတွေကိုင်ပြီး အကုန်လုံးကိုကြောက်နေတော့တာ။ အကျီအနက်၀တ်ရင်လဲကြောက်တယ်။ အနီ၀တ်ရင်လဲကြောက်တယ်။ ပန်းပန်ရင်လဲ ကြောက်တယ်။ စစ်တပ်မတော်အစား ကြောက်တပ်မတော်လို့ ပြောင်းဖို့ပဲ ကောင်းတော့တယ်” လို့ ရန်ကုန်နေလူငယ်တစ်ဦးက ဆိုပါတယ်။

ရန်ကုန်တိုင်း၊ ပန်းပဲတန်းမြို့နယ်အတွင်းရှိ သမာဓိရွှေဆိုင် ၂ဆိုင်မှ အမျိုးသမီးဝန်ထမ်းများအပါအဝင် ၁၃ဦးကို ဖမ်းဆီးစစ်ဆေးမှုများရှိခဲ့သလို မင်္ဂလာဒုံမှာ ပန်းကြဲဆန္ဒပြသူတစ်ဦးနဲ့ ထောက်ကြန့်ရှိ ရတနာသီရိဈေးအတွင်းက နှင်းဆီပန်းဝေသူနဲ့ ပန်းပန်ဆင်သူ ၁၈ဦးတို့ကို စစ်ဆေးမှုများရှိခဲ့တယ်လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့သတင်းများက ဆိုထားပါတယ်။

ဒါ့ပြင် လမ်းမတော်မြို့နယ်အတွင်းမှာလည်း ပန်းပန်ဆင်ထားတဲ့ အမျိုးသမီးငယ်တစ်ဦး ဖမ်းဆီးခံခဲ့ရသလို ကမာရွတ်မြို့ရှိ ဆင်မလိုက်ဈေးနဲ့ Junction Square အနီးတစ်ဝိုက်မှာလည်း စစ်ကောင်စီတပ်က ပန်းလက်ဝယ်ကိုင်ဆောင်ထားသူနဲ့ ပန်းပန်ဆင်သူ ပြည်သူ ၁၀ဦးထက်မနည်း ဖမ်းဆီးမှုများရှိခဲ့တယ်လို့ မြေပြင်သတင်းများအရ သိရပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ နိုင်ငံတဝန်းရှိ ပြည်သူများက ဆုတောင်းမေတ္တာပို့သမှုများရှိခဲ့ကာ ပန်းပန်ဆင်ခြင်းများကို စစ်ကောင်စီက ကြောက်ရွံ့ပြီး သေနတ်များကိုင်ကာ လိုက်လံခြိမ်းခြောက်နေတာဖြစ်တယ်လို့ ပြည်သူများက ပြောဆိုမှုများရှိနေတာပါ။

Era’sEye/ပုံစာ – ဇွန်လ ၁၉ရက်နေ့က ပန်းပဲတန်းမြို့ရှိ သမာဓိရွှေဆိုင်က ဝန်ထမ်းများ ဖမ်းဆီးစစ်ဆေးခံရမှုအားတွေ့ရစဉ်။)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပေါက်နယ်မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ပြည်သူ (၁၀)ဦးကျော်သေဆုံး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၁၀)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခန့်က ပေါက်မြို့နယ်တောင်ပိုင်းရှိ ချက်ကန်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
မြန်မာသတင်း

ဂိတ်ဖွင့်အခွန်ကောက်တာကစပြီး အကျင့်ပျက်ချစားမှုကြီးအဆင့်အထိ ရှိနေသေးတယ်လို့ NUG ဒုစစ်ဦးစီးအရာရှိချုပ်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 6 Views
တပ်မှူး‌ကြီးတွေအစည်းအဝေးမှာ ပြင်းပြင်းထန်ထန် ဆွေးနွေးခဲ့ပြီး ထိန်းကျောင်းဖို့ ဆန္ဒရှိကြတယ်လို့ဆို ဖေဖော်ဝါရီလ (၁၀)ရက်။ ဂိတ်ဖွင့် အခွန်ကောက်တာကစပြီး အကျင့်ပျက်ချူညးမှုကြီးအဆင့်အထိ ရှိနေဆဲလို့ NUG
မြန်မာသတင်း

တော်လှန်ရေးဦးဆောင်မှုခိုင်မာဖို့ NUCC နဲ့ NUG ဒုတိယအကြိမ် ဆွေးနွေးအဖြေရှာ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 8 Views
ဖေဖော်ဝါရီလ (၁၀)ရက်။ ဖေဖော်ဝါရီလ (၈)ရက်နေ့ ည (၇)နာရီအချိန်ကစပြီး NUCC နဲ့ NUG တို့ (၄)နာရီကျော်ကြာ ဒုတိယအကြိမ်မြောက် ဆွေးနွေးအဖြေရှာခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးဦးဆောင်မှုခိုင်မာဖို့နဲ့ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ပြီး
မြန်မာသတင်း

မုံရွာရှိ နမခအနီး ကာကင်းစခန်း တိုက်ခိုက်ခံရပြီး (၂)ပွင့်ဗိုလ်တဦးအပါအဝင် (၆)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၁၀)ရက်။ ဖေဖော်ဝါရီလ (၅)ရက်နေ့ နံနက်ပိုင်းက မုံရွာရှိ နမခဌာနချုပ်အနီး ကာကင်းစခန်းကနေ ထွက်လာတဲ့ စစ်ကော်မရှင်တပ်ကို တိုက်ခိုက်ခဲ့တယ်လို့ PLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နမခနားမှာ အထိုင်ချတပ်စွဲထားတဲ့ ကာကင်းခန်းကနေ
မြန်မာသတင်း

တဖွဲ့ချင်း စကားပြောတဲ့ပုံစံမျိုး လက်မခံဘူးလို့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၁၀)ရက်။ တဖွဲ့ချင်းနဲ့ စကားပြောတဲ့ပုံစံမျိုးကို လက်ခံမှာမဟုတ်ဘူးဆိုတာ ပြောပြထားပြီးဖြစ်တယ်လို့ (၆၅)နှစ်ပြည့် ကချင်တော်လှန်ရေးနေ့အခမ်းအနားမှာ KIO ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ နေပြည်တော်အစိုးရကို ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြောတယ်။ KIO တဖွဲ့ထဲနဲ့
မြန်မာသတင်း

မြိုင်နယ်ရှိ နယ်မြေရဲစခန်းက စစ်ကောင်စီတပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့ ရေစကြိုပကဖထံ အလင်းဝင်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 49 Views
ဖေဖော်ဝါရီလ (၇)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီအချိန်က မြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်းက စစ်ကောင်စီတပ်သားတဦး အလင်းဝင်လာခဲ့တယ်လို့ ရေစကြိုမြို့နယ်ပကဖထံက သိရပါတယ်။ “ လင်းကတောနယ်မြေရဲစခန်းက အသက် (၁၈)နှစ်အရွယ်ရှိတဲ့ ပြည်သူ့စစ်တပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့ ရေစကြိုပကဖကို ဆက်သွယ်ပြီး အလင်းဝင်လာတာ”
မြန်မာသတင်း

အာဏာရူးနဲ့ငြိမ်းချမ်းရေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 38 Views
ဒီအပတ် ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ကြည့်ခြင်း (၃၃) ခေါင်းစဥ်ကတော့” အာဏာရူးနဲ့ငြိမ်းချမ်းရေး”ဖြစ်ပါတယ်။ ဒီနေ့ပြောမဲ့ အကြောင်းအရာ ကတော့ KNU ဥက္ကဋ္ဌစောကွယ်ထူးဝင်းကပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအား ကောင်းရေး လမ်းစဉ်ကို ချမှတ်ထားတယ်ဆိုခဲ့သလို၊ KIO ဥက္ကဋ္ဌ အင်ဘန်လှကလည်း ထိန်းချုပ်နယ်မြေတွေမှာ
မြန်မာသတင်း

လမ်းပြမြေပုံ (၆)ချက်ကို အကောင်အထည်ဖော်သွားမယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 47 Views
ဖေဖော်ဝါရီလ (၇)ရက်။ လမ်းပြမြေပုံ (၆)ချက်ကို ကြိုးပမ်းအကောင်အထည်ဖော်သွားမယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်အနေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ထဲရှိ အင်အားစုတွေနဲ့ စုပေါင်းကာ နိုင်ငံရေးနဲ့ တော်လှန်ရေးဆိုင်ရာကိစ္စတွေ ဆက်လက်အကောင်အထည်ဖော်မယ့် လမ်းပြမြေပုံ (၆)ချက်ကို ညီညွတ်စွာ အကောင်အထည်ဖော်သွားမယ်လို့