နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်မြို့မှာ ပန်းသပိတ်ပြုလုပ်တယ်ဆိုပြီး သမာဓိရွှေဆိုင်ဝန်ထမ်းတွေအပါအဝင် ပြည်သူ ၄၀ထက်မနည်းကို စစ်ကောင်စီ ဖမ်းဆီး

ရန်ကုန်မြို့မှာ ပန်းသပိတ်ပြုလုပ်တယ်ဆိုပြီး သမာဓိရွှေဆိုင်က ဝန်ထမ်းတွေအပါအဝင် ပြည်သူ ၄၀ထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။

ဇွန်လ ၁၉ရက်နေ့က ကျရောက်ခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပန်းသပိတ်လှုပ်ရှားမှုများ ဆင်နွှဲဖို့ တိုက်တွန်းမှုများရှိခဲ့ပြီးနောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နှင်းဆီပန်း ပန်ဆင်သူများနဲ့ လက်ဝယ်ကိုင်ဆောင်သူတွေကို လိုက်လံဖမ်းဆီးမှုများရှိခဲ့တာပါ။

“ စစ်ဆေးမှုတွေကတော့ နေရာတိုင်းလိုလိုပါပဲ။ ကားပေါ်တွေလည်း တက်စစ်တာမျိုးတောင်ရှိတယ်။ အဓိက လူငယ်တွေရဲ့ ကျောပိုးအိတ်နဲ့ ဖုန်းတွေကို စစ်ကြတယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ၀ယ်ထားတဲ့ ဖုန်း အစစ်ခံရတာမျိုးကျ စိတ်ထဲ အောင့်သက်သက် ခံစားရတာပေါ့ဗျာ။ သူတို့မှာလဲ လက်နက်ကြီးတွေကိုင်ပြီး အကုန်လုံးကိုကြောက်နေတော့တာ။ အကျီအနက်၀တ်ရင်လဲကြောက်တယ်။ အနီ၀တ်ရင်လဲကြောက်တယ်။ ပန်းပန်ရင်လဲ ကြောက်တယ်။ စစ်တပ်မတော်အစား ကြောက်တပ်မတော်လို့ ပြောင်းဖို့ပဲ ကောင်းတော့တယ်” လို့ ရန်ကုန်နေလူငယ်တစ်ဦးက ဆိုပါတယ်။

ရန်ကုန်တိုင်း၊ ပန်းပဲတန်းမြို့နယ်အတွင်းရှိ သမာဓိရွှေဆိုင် ၂ဆိုင်မှ အမျိုးသမီးဝန်ထမ်းများအပါအဝင် ၁၃ဦးကို ဖမ်းဆီးစစ်ဆေးမှုများရှိခဲ့သလို မင်္ဂလာဒုံမှာ ပန်းကြဲဆန္ဒပြသူတစ်ဦးနဲ့ ထောက်ကြန့်ရှိ ရတနာသီရိဈေးအတွင်းက နှင်းဆီပန်းဝေသူနဲ့ ပန်းပန်ဆင်သူ ၁၈ဦးတို့ကို စစ်ဆေးမှုများရှိခဲ့တယ်လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့သတင်းများက ဆိုထားပါတယ်။

ဒါ့ပြင် လမ်းမတော်မြို့နယ်အတွင်းမှာလည်း ပန်းပန်ဆင်ထားတဲ့ အမျိုးသမီးငယ်တစ်ဦး ဖမ်းဆီးခံခဲ့ရသလို ကမာရွတ်မြို့ရှိ ဆင်မလိုက်ဈေးနဲ့ Junction Square အနီးတစ်ဝိုက်မှာလည်း စစ်ကောင်စီတပ်က ပန်းလက်ဝယ်ကိုင်ဆောင်ထားသူနဲ့ ပန်းပန်ဆင်သူ ပြည်သူ ၁၀ဦးထက်မနည်း ဖမ်းဆီးမှုများရှိခဲ့တယ်လို့ မြေပြင်သတင်းများအရ သိရပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ နိုင်ငံတဝန်းရှိ ပြည်သူများက ဆုတောင်းမေတ္တာပို့သမှုများရှိခဲ့ကာ ပန်းပန်ဆင်ခြင်းများကို စစ်ကောင်စီက ကြောက်ရွံ့ပြီး သေနတ်များကိုင်ကာ လိုက်လံခြိမ်းခြောက်နေတာဖြစ်တယ်လို့ ပြည်သူများက ပြောဆိုမှုများရှိနေတာပါ။

Era’sEye/ပုံစာ – ဇွန်လ ၁၉ရက်နေ့က ပန်းပဲတန်းမြို့ရှိ သမာဓိရွှေဆိုင်က ဝန်ထမ်းများ ဖမ်းဆီးစစ်ဆေးခံရမှုအားတွေ့ရစဉ်။)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြောက်ဦးမြို့ပြည်သူ့ဆေးရုံ ဗုံးကြဲခံရတဲ့အပေါ် NUG ပြင်းထန်စွာရှုတ်ချ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 12 ရက်
  • 12 Views
အကြမ်းဖက်စစ်ကောင်စီနဲ့ လက်ပါးစေကြံရာပါတွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ဆို ဒီဇင်ဘာလ (၁၂)ရက်။ မြောက်ဦးမြို့ပြည်သူ့ဆေးရုံ လေကြောင်းဗုံးကြဲခံရတာနဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြင်းထန်စွာရှုတ်ချတယ်လို့ NUG
မြန်မာသတင်း

လာမယ့်နှစ် မတ်လကုန်မှာ အစိုးရအဖွဲ့ အပြောင်းအလဲတွေရှိမယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 12 ရက်
  • 14 Views
ဒီဇင်ဘာလ (၁၂)ရက်။ ၂၀၂၆ခုနှစ် မတ်လကုန်ပိုင်းမှာ အစိုးရအဖွဲ့ အပြောင်းအလဲဖြစ်လာမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ရန်ကုန်မြို့ကိုရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မိုးကုတ်-မိုးမိတ်ဒေသ နယ်မြေပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 36 Views
ဒီဇင်ဘာလ (၁၁)ရက်။ မိုးကုတ်-မိုးမိတ်ဒေသ နယ်မြေပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့ Press Briefing အစီအစဉ်မှာ အသိပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ PDF နဲ့ ပကဖတွေအနေနဲ့ မိုးကုတ်-မိုးမိတ်ဒေသကို
မြန်မာသတင်း

လောင်းလုံးမြို့နယ်ထဲ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 29 Views
ဒီဇင်ဘာလ (၁၁)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခန့်ကစပြီး လောင်းလုံးမြို့နယ်ရှိ ညင်းမော်ရွာနဲ့ စစ်ပြဲရွာအနီး စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ မနက် (၁၀)နာရီလောက်ကစပြီး ညင်းမော်နဲ့ စစ်ပြဲရွာနားမှာ စခတွေနဲ့ တော်လှန်ရေးတပ်တွေ
မြန်မာသတင်း

အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်ကစားတွေ တိုက်ဖျက်နိုင်ဖို့ဆိုပြီး စစ်ကော်မရှင်က ကော်မတီ ဖွဲ့စည်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 36 Views
ဒီဇင်ဘာလ (၁၁)ရက်။ အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုတွေ တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီဆိုပြီး စစ်ကော်မရှင်က မနေ့ကရက်စွဲနဲ့ ဖွဲ့စည်းခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်က အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှု ကျူးလွန်တာတွေကို နိုင်ငံထဲ လုံးဝအခြေမပြုနိုင်ဖို့ ပြည်တွင်းအင်အားစုတွေအပြင် ပြည်ပနိုင်ငံတွေနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ဖို့လို့ ဆိုပါတယ်။
မြန်မာသတင်း

အသံတိတ်သပိတ် အောင်မြင်ခဲ့တဲ့အပေါ် NUG ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 29 Views
ဒီဇင်ဘာလ (၁၁)ရက်။ မနေ့က အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာပြုလုပ်‌တဲ့ အသံတိတ်သပိတ် အောင်မြင်ခဲ့တဲ့အပေါ် NUG က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က တနိုင်ငံလုံးကနေ တပြိုင်ထဲ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ အသံတိတ်သပိတ် လူထုလှုပ်ရှားမှုကြီးဟာ ပြည်သူရဲ့
မြန်မာသတင်း

ဒီကနေ့ ရန်ကုန်မြို့ရဲ့ အသံတိတ်သပိတ်လှုပ်ရှားမှုမြင်ကွင်းများ(သတင်းဓါတ်ပုံ)

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 39 Views
ဒီဇင်ဘာလ (၁၀)ရက်။ ဒီကနေ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ပြုလုပ်တဲ့ ရန်ကုန်မြို့က အသံတိတ်သပိတ်လှုပ်ရှားမှု မြင်ကွင်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။ “ ဒီနေ့ အသံတိတ်သပိတ်ရှိတော့ ရန်ကုန်မြို့ထဲမှာက အရင်နေ့တွေထက် လူသွားလူလာ မရှိသလောက်ပဲ။ မနက်ပိုင်းကတော့ ကျောင်းတွေရှိတယ်ဆိုပေမယ့် နေ့လည်ပိုင်းကတော့ တော်တော်ကြီးကို
မြန်မာသတင်း

ရေစကြိုမှာ အတုအယောင်ရွေးကောက်ပွဲထဲ ပါဝင်သူတွေကို ဖမ်းဆီးအရေးယူမယ်လို့ မြို့နယ်ပအဖ သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 38 Views
ဒီဇင်ဘာလ (၁၀)ရက်။ ရေစကြိုမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲထဲ ပါဝင်သူတွေကို ဖမ်းဆီးအရေးယူသွားမယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ သတိပေးထားချက်အရ သိရပါတယ်။ အခုအခါ တရားမဝင်အစိုးရကနေ တရားဝင်စေဖို့ရည်ရွယ်ပြီး စစ်အာဏာရှင်က ဒီမိုကရေစီစံနှုန်းတွေနဲ့ မကိုက်ညီတဲ့ အတုအယောင်ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေသလို