နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်မြို့မှာ ပန်းသပိတ်ပြုလုပ်တယ်ဆိုပြီး သမာဓိရွှေဆိုင်ဝန်ထမ်းတွေအပါအဝင် ပြည်သူ ၄၀ထက်မနည်းကို စစ်ကောင်စီ ဖမ်းဆီး

ရန်ကုန်မြို့မှာ ပန်းသပိတ်ပြုလုပ်တယ်ဆိုပြီး သမာဓိရွှေဆိုင်က ဝန်ထမ်းတွေအပါအဝင် ပြည်သူ ၄၀ထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။

ဇွန်လ ၁၉ရက်နေ့က ကျရောက်ခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပန်းသပိတ်လှုပ်ရှားမှုများ ဆင်နွှဲဖို့ တိုက်တွန်းမှုများရှိခဲ့ပြီးနောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နှင်းဆီပန်း ပန်ဆင်သူများနဲ့ လက်ဝယ်ကိုင်ဆောင်သူတွေကို လိုက်လံဖမ်းဆီးမှုများရှိခဲ့တာပါ။

“ စစ်ဆေးမှုတွေကတော့ နေရာတိုင်းလိုလိုပါပဲ။ ကားပေါ်တွေလည်း တက်စစ်တာမျိုးတောင်ရှိတယ်။ အဓိက လူငယ်တွေရဲ့ ကျောပိုးအိတ်နဲ့ ဖုန်းတွေကို စစ်ကြတယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ၀ယ်ထားတဲ့ ဖုန်း အစစ်ခံရတာမျိုးကျ စိတ်ထဲ အောင့်သက်သက် ခံစားရတာပေါ့ဗျာ။ သူတို့မှာလဲ လက်နက်ကြီးတွေကိုင်ပြီး အကုန်လုံးကိုကြောက်နေတော့တာ။ အကျီအနက်၀တ်ရင်လဲကြောက်တယ်။ အနီ၀တ်ရင်လဲကြောက်တယ်။ ပန်းပန်ရင်လဲ ကြောက်တယ်။ စစ်တပ်မတော်အစား ကြောက်တပ်မတော်လို့ ပြောင်းဖို့ပဲ ကောင်းတော့တယ်” လို့ ရန်ကုန်နေလူငယ်တစ်ဦးက ဆိုပါတယ်။

ရန်ကုန်တိုင်း၊ ပန်းပဲတန်းမြို့နယ်အတွင်းရှိ သမာဓိရွှေဆိုင် ၂ဆိုင်မှ အမျိုးသမီးဝန်ထမ်းများအပါအဝင် ၁၃ဦးကို ဖမ်းဆီးစစ်ဆေးမှုများရှိခဲ့သလို မင်္ဂလာဒုံမှာ ပန်းကြဲဆန္ဒပြသူတစ်ဦးနဲ့ ထောက်ကြန့်ရှိ ရတနာသီရိဈေးအတွင်းက နှင်းဆီပန်းဝေသူနဲ့ ပန်းပန်ဆင်သူ ၁၈ဦးတို့ကို စစ်ဆေးမှုများရှိခဲ့တယ်လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့သတင်းများက ဆိုထားပါတယ်။

ဒါ့ပြင် လမ်းမတော်မြို့နယ်အတွင်းမှာလည်း ပန်းပန်ဆင်ထားတဲ့ အမျိုးသမီးငယ်တစ်ဦး ဖမ်းဆီးခံခဲ့ရသလို ကမာရွတ်မြို့ရှိ ဆင်မလိုက်ဈေးနဲ့ Junction Square အနီးတစ်ဝိုက်မှာလည်း စစ်ကောင်စီတပ်က ပန်းလက်ဝယ်ကိုင်ဆောင်ထားသူနဲ့ ပန်းပန်ဆင်သူ ပြည်သူ ၁၀ဦးထက်မနည်း ဖမ်းဆီးမှုများရှိခဲ့တယ်လို့ မြေပြင်သတင်းများအရ သိရပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ နိုင်ငံတဝန်းရှိ ပြည်သူများက ဆုတောင်းမေတ္တာပို့သမှုများရှိခဲ့ကာ ပန်းပန်ဆင်ခြင်းများကို စစ်ကောင်စီက ကြောက်ရွံ့ပြီး သေနတ်များကိုင်ကာ လိုက်လံခြိမ်းခြောက်နေတာဖြစ်တယ်လို့ ပြည်သူများက ပြောဆိုမှုများရှိနေတာပါ။

Era’sEye/ပုံစာ – ဇွန်လ ၁၉ရက်နေ့က ပန်းပဲတန်းမြို့ရှိ သမာဓိရွှေဆိုင်က ဝန်ထမ်းများ ဖမ်းဆီးစစ်ဆေးခံရမှုအားတွေ့ရစဉ်။)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နောင်ချိုမြို့မှာ စစ်ကောင်စီက တရက်ထဲ ဗုံး (၁၁)လုံးကြဲချတိုက်ခိုက်၊ ပြည်သူ (၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 22 Views
ဇူလိုင်လ (၁)ရက်။ ဒီကနေ့ နေ့လယ် (၃)နာရီကျော်အချိန်က နောင်ချိုမြို့ရှိ သုံးဆယ်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး (၁၁)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

အိုးဘိုထောင်မှာ နိုင်/ကျဉ်းတွေ ရိုက်နှက်ခံရချိန် ကိုဝေမိုးနိုင် သွေးထွက်လွန်ပြီး သတိမေ့မျောခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 18 Views
ဇူလိုင်လ (၁)ရက်။ မုံရွာထောင်ကနေ မန္တလေးအိုးဘိုထောင်ကို ပြောင်းရွှေ့ရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး PPNM က ဒီကနေ့မှာ နောက်ဆက်တွဲ ထပ်မံထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၅၀၀)ကျော်အထိ သေဆုံးခဲ့တယ်လို့ AAPP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 29 Views
ဇူလိုင်လ (၁)ရက်။ ၂၀၂၁ခုနှစ် အာဏာသိမ်းချိန်ကစပြီး အခုနှစ် ဇွန်လ (၃၀)ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၅၀၅)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ အာဏာသိမ်း (၅)နှစ်တာထဲ
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က တရက်ထဲ ဗုံး (၈)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 32 Views
ဇွန်လ (၃၀)ရက်။ မနေ့က ကျောက်မဲမြို့ရှိ ရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံးအပါအဝင် စုစုပေါင်း ဗုံး (၈)လုံးအထိ ကြဲချခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းထိုးတဲ့ (၄)ရက်ထဲ ပြည်သူ (၁၁)ဦးအထိ သတ်ဖြတ်ခံရ

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 33 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၃)ရက်နေ့ကနေ (၂၆)ရက်နေ့အထိ ကန့်ဘလူမြို့နယ်တောင်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၀၀)ကျော်နဲ့ စစ်ကြောင်းထိုးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ စကစနဲ့ ပျူစောထီး ပူးပေါင်အင်အား (၁၀၀)ကျော်နဲ့ ကန့်ဘလူနယ်တောင်ခြမ်း
မြန်မာသတင်း

လယ်ဒိုမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအဝင် (၅)ဦး ဒဏ်ရာရ

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 23 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့ နေ့လယ် (၁)နာရီ (၂၂)မိနစ်အချိန်က လယ်ဒိုမြို့နယ်ရှိ ဟင်္သာဝဲကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဟင်္သာဝဲရွာထဲကို အကြမ်းဖက်စစ်ကောင်စီလေတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာ။
မြန်မာသတင်း

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 28 Views
မုံရွာအခြေစိုက် နမခတိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၂)ဦးသေဆုံးခဲ့ ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၇)ရက်နေ့ ညနေ (၅)နာရီခွဲအချိန်က မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ရော့ကတ် (၁၀)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Chindwin Rocket Brother(CRB)ရဲ့ မနေ့က
မြန်မာသတင်း

စဉ့်ကူးမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 27 Views
ဇွန်လ (၃၀)ရက်။ မနေ့က နံနက် (၁၁)နာရီ (၅၀)မိနစ်အချိန်က စဉ့်ကူးမြို့ လက်ပန်လှရွာရှိ ပြည်စိုးအောင်ရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က (၁၁)နာရီ (၅၀)မိနစ်လောက်မှာ လက်ပန်လှရွာ