နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကရင်ပြည်နယ် တပ်မဟာ(၄) နယ်မြေမှာ ကျန်းမာရေးဝန်ထမ်းလိုက်ပါလာတဲ့လှေကို ကော်သူးလေအာမီကပစ်ခတ် KNLA တပ်ဖွဲ့ဝင်တစ်ဦးကျဆုံး

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်၊ ခေတ်မျက်လုံး။

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ(၄) နယ်မြေ၊ ဘိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်မှာ ကျန်းမာရေးနဲ့ ကယ်ဆယ်ရေးဌာန (KDHW)က ကျန်းမာရေးဝန်ထမ်းလိုက်ပါလာတဲ့လှေကို မနေ့က ဒီဇင်ဘာလ ၁၉ရက် နေ့ မနက်ပိုင်းမှာ ပစ်ခတ်ခံရပြီး ဒေသခံရွာသားစက်လှေမောင်းသမားထိခိုက်ပြီး ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးတယ်လို့ ကရင်သတင်းဌာန KIC မှာ ဖော်ပြလာပါတယ်။

ကစယ်ဒိုမြို့နယ်ရဲ့ KDHW ဝန်ထမ်းတွေနဲ့ ကေအဲန်ယူ မြို့နယ် အမြဲကော်မတီဝင်တွေ ပါလာတဲ့ စက်လှေကို မြို့နယ်ရုံးမရောက်ခင်စပ်ကြားမှာ ပစ်ခတ်ခံရခြင်းဖြစ်ကာ ဒေသခံ စက်လှေ မောင်းသမား ထိခိုက် ဒဏ်ရာရရှိပြီးနောက် အဲ့ဒီပစ်ခတ်မှုကို သွားရောက်စစ်ဆေးတဲ့ KNLA တပ်ရင်း(၁၂) တပ်ဖွဲ့ဝင်များကိုလည်း ထပ်မံပစ်ခတ်တဲ့အတွက် တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးသွားတဲ့ဖြစ်စဉ်မှာ ကေအဲန်ယူ ဘိတ်-ထာဝယ်ခရိုင် အတွင်းရေးမှူး ပဒို စောအယ်နာက ” မြို့နယ်ရုံးကနေ ဖောတောရွာကို ပြန်တက်ဖို့က အပစ်ခံရတာဖြစ်တယ်။ အဲမှာ လှေမောင်းတဲ့ရွာသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်။ အဲ့လိုထိတော့ လှေဆိပ်မှာ ကျနော်တို့ ရဲဘော်တွေက သွားကြည့်တဲ့အချိန် မှာလည်း ထပ်မံပစ်ခံထိတယ်။ အဲ့မှာ စနိုက်ပါနဲ့ ပစ်ခတ်ခံရတော့ ရဲဘော် တစ်ဦး ကျဆုံးသွားတယ်” လို့ KIC ကို ဖြေဆိုထားပါတယ်။

အဲ့ဒီပစ်ခတ်မှုကို ကော်လာဖိုး ခေါ် စောအယ်ခွီး ဦးဆောင်တဲ့ ကော်သူးလေအာမီ (KTLA) တပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာလို့ ကေအဲန်ယူ တာဝန်ရှိသူများဘက်က ပြောဆိုထားပါတယ်။

အဲ့ဒီလို ပစ်ခတ်မှုမျိုးကိုလည်း ဒီဇင်ဘာလထဲမှာ ၎င်းနယ်မြေထဲရှိ ကေအဲန်ယူရဲ့ မြို့နယ်အဆင့်ဌာန ဆိုင်ရာဝန်ထမ်းတွေကို (၃) ကြိမ်အထိရှိတယ်လို့ ကေအဲန်ယူ ခရိုင်တာဝန်ရှိသူများက ဆိုပါတယ်။

ကော်သူးလေအာမီ (KTLA) နဲ့ PDF တွေက အဲ့ဒီဒေသမှာ ဝန်ထမ်းတွေကိုဖမ်းပြီး ခေါင်းပေါ် လက်တင်ခိုင်းပြီး တရားခံလို စစ်ဆေးခံရတာတွေ ရှိတယ်။ ဌာနဆိုင်ရာလူတွေ ဖြစ်စေ လူထုတွေဖြစ်စေ ဖမ်းဆီး စစ်ဆေးခံရ တာရှိတယ်လို့ ဆိုပါတယ်။

အဲ့ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ကော်သူးလေအာမီဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

ဒီဇင်ဘာ (၉) ရက်နေ့ကလည်း ကေအဲန်ယူနဲ့ ပူးပေါင်းလို့ဆိုပြီး ကနဲဟော ကျေးရွာရှိ ရွာသားတစ်ဦးကို ကော်လာဖိုး (စောအယ်ခွီး) တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်ရဲ့ ကွယ်ကလူသတင်း လူမှုကွန်ရက်စာမျက်နှာမှာ သတင်းထုတ်ပြန်ထားသေးတယ်လို့ သိရပါတယ်။

အလားတူ KNLA တပ်ရင်း (၁၂) နယ်မြေထဲမှာလည်း KNLA နဲ့ KTLA တို့အကြား မကြာခဏ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုတွေရှိတယ်လို့လည်း သိရပါတယ်။

အခုလို နယ်မြေအတွင်းရှိ ကရင်လက်နက်ကိုင်အချင်းချင်း ဖြစ်ပွားတဲ့ ပွတ်တိုက်မှုပြဿနာများကို အမြန် ဖြေရှင်းရန် ကေအဲန်ယူ တပ်မဟာ(၄) နယ်မြေထဲရှိ ကရင်အရပ်ဖက်အဖွဲ့နဲ့ ကျေးရွာလူထုတွေက ထုတ်ပြန်ချက် ထုတ်ပြီး တောင်းဆိုထားတဲ့အပြင် ပြီးခဲ့တဲ့ ဩဂုတ်လ (၁၂) ရက်နေ့က ကျရောက်သည့် (၇၃) နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့မှာ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ကရင်အဖွဲ့အစည်းတွေနဲ့ နီးစပ်သူတစ်ဦးကတော့ ကရင်ပြည်နယ် တပ်မဟာ(၄) ထဲက ခေါင်းဆောင်အချို့ဟာ သူတို့အကျိုးစီးပွားအတွက် စစ်ကောင်စီနဲ့ပူးပေါင်းတာတွေရှိပြီး စစ်ကောင်စီရဲ့ အလောင်းတွေ ကောက်ပေးတာမျိုးတွေအထိ လုပ်ပေးနေတယ်လို့ ခေတ်မျက်လုံးကို ပြောပါတယ်။

ကရင်လက်နက်ကိုင်အဖွဲ့အစည်းကြားမှာ အရင်ကလည်း အကွဲအပြဲတွေ ဖြစ်ခဲ့ကြပြီး လက်ရှိအချိန်မှာ KNLA. KNLA-PC, KNDO, DKBA, DKBA ခွဲထွက်၊ KTLA အပြင် စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ BGF စတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ကြားညပ်နေတဲ့ PDF တွေလည်း ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အခုနှစ်ဝက်ထဲ တော်လှန်ရေးရဲဘော် (၅၀၀)ကျော် ကျဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 14 Views
ဇူလိုင်လ (၁၄)ရက်။ အခုနှစ် (၆)လတာထဲ တိုက်ပွဲတွေမှာ တော်လှန်ရေးရဲဘော် (၅၄၄)ဦး ကျဆုံးခဲ့တယ်လို့ Spring Revolution Database(SRD)ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ချင်းပြည်ရှိ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ရင့်ကျက်ပြီး စည်းကမ်းရှိဖို့ CNF ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 16 Views
ဇူလိုင်လ (၁၄)ရက်။ ချင်းပြည်ထဲရှိ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအားလုံး ရင့်ကျက်ပြီး စည်းကမ်းရှိဖို့ ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောခွင့်ရ ဆလိုင်းထက်နီက မနေ့က ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

ဥကရစ်ထစခန်းသိမ်းတိုက်ပွဲထဲ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 11 Views
ဇူလိုင်လ (၁၄)ရက်။ ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းသိမ်းတိုက်ပွဲကနေ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို KNU က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ကော့ကရိတ်မြို့ ဥကရစ်ထကျေးရွာအနီး ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို KNLA၊ KNDO နဲ့ PDF
မြန်မာသတင်း

တောင်ခမ်းကနေ နောင်ချိုထိုးစစ်ထဲ စစ်ကောင်စီတပ်သား အများအပြား အလင်းဝင်လာခဲ့တယ်လို့ DPLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 17 Views
ဇူလိုင်လ (၁၄)ရက်။ ဇွန်လ (၂၄)ရက်နေ့ကစပြီး ဒီကနေ့အထိ  နောင်ချိုမြို့အနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇွန်လ (၂၄)ရက်ကစပြီး အခုအချိန်အထိ နောင်ချိုမြို့အနီးတဝိုက်မှာ
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

ထရန့်၏ အခွန်စည်းကြပ်မှု သတိပေးချက်သည် မြန်မာစစ်အစိုးရအတွက် သတင်းကောင်း ဖြစ်ပြီး တပ်မတော်အစိုးရကို “အသိအမှတ်ပြုမှု” အဖြစ် ကြိုဆို

  • 2025 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 33 Views
ဇူလိုင်လ (၁၃) ရက်။ ကမ္ဘာ့ခေါင်းဆောင်များစွာအတွက် အမေရိကန်သမ္မတ ထရန့်ထံမှ အကောက်ခွန်ဆိုင်ရာ စာတစ်စောင်သည် ခေါင်းကိုက်စရာ ဖြစ်သည်။ သို့သော်လည်း နိုင်ငံတကာမှ ဝေဖန်ခံနေရသည့် အထီးကျန်ဆန်နေသည့် တပ်မတော်အစိုးရအား အသိအမှတ်ပြုလိုက်သည့်စာအဖြစ် ကြိုဆိုလိုက်ပါသည်။ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့သော
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 26 Views
စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် ဇူလိုင်လ (၁၂)ရက်။ ဒီကနေ့ နေ့လယ်ပိုင်းအချိန်က စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ ကျားသစ်နက်စစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ကောင်စီက ဝါဒဖြန့်ချီထားတဲ့ ဥကရစ်ထဗျူဟာစခန်းကုန်းကို KNLA
မြန်မာသတင်း

အခုနှစ် (၅)လထဲ စစ်ကောင်စီတပ်က ပြည်သူ (၂၉၀၀)နီးပါးအထိ ဖမ်းဆီးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 30 Views
ဇူလိုင်လ (၁၂)ရက်။ အခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ စစ်ကောင်စီတပ်က ပြည်သူ (၂၈၇၆)ဦးကို ဖမ်းဆီးခဲ့တယ်လို့ Spring Revolution Database ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအထဲ ကျေးရွာတွေမှာ ဖမ်းဆီးခံရသူ (၁၃၀၆)ဦး၊
မြန်မာသတင်း

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချတယ်လို့ TNP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 23 Views
ဇူလိုင်လ (၁၂)ရက်။ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချတယ်လို့ တအာင်း(ပလောင်)အမျိုးသားပါတီ(TNP)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ TNP က ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာ (၃)ရက်ကြာပြုလုပ်ခဲ့တဲ့ (၆)လပတ် ဗဟိုကော်မတီမျက်နှာစုံညီအစည်းအဝေးကနေ ထုတ်ပြန်တဲ့ သဘောထားကြေညာချက်ထဲ ‌ပြောဆိုထားပါတယ်။ အဲ့ဒီကြေညာချက်ထဲ