နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကရင်ပြည်နယ် တပ်မဟာ(၄) နယ်မြေမှာ ကျန်းမာရေးဝန်ထမ်းလိုက်ပါလာတဲ့လှေကို ကော်သူးလေအာမီကပစ်ခတ် KNLA တပ်ဖွဲ့ဝင်တစ်ဦးကျဆုံး

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်၊ ခေတ်မျက်လုံး။

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ(၄) နယ်မြေ၊ ဘိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်မှာ ကျန်းမာရေးနဲ့ ကယ်ဆယ်ရေးဌာန (KDHW)က ကျန်းမာရေးဝန်ထမ်းလိုက်ပါလာတဲ့လှေကို မနေ့က ဒီဇင်ဘာလ ၁၉ရက် နေ့ မနက်ပိုင်းမှာ ပစ်ခတ်ခံရပြီး ဒေသခံရွာသားစက်လှေမောင်းသမားထိခိုက်ပြီး ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးတယ်လို့ ကရင်သတင်းဌာန KIC မှာ ဖော်ပြလာပါတယ်။

ကစယ်ဒိုမြို့နယ်ရဲ့ KDHW ဝန်ထမ်းတွေနဲ့ ကေအဲန်ယူ မြို့နယ် အမြဲကော်မတီဝင်တွေ ပါလာတဲ့ စက်လှေကို မြို့နယ်ရုံးမရောက်ခင်စပ်ကြားမှာ ပစ်ခတ်ခံရခြင်းဖြစ်ကာ ဒေသခံ စက်လှေ မောင်းသမား ထိခိုက် ဒဏ်ရာရရှိပြီးနောက် အဲ့ဒီပစ်ခတ်မှုကို သွားရောက်စစ်ဆေးတဲ့ KNLA တပ်ရင်း(၁၂) တပ်ဖွဲ့ဝင်များကိုလည်း ထပ်မံပစ်ခတ်တဲ့အတွက် တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးသွားတဲ့ဖြစ်စဉ်မှာ ကေအဲန်ယူ ဘိတ်-ထာဝယ်ခရိုင် အတွင်းရေးမှူး ပဒို စောအယ်နာက ” မြို့နယ်ရုံးကနေ ဖောတောရွာကို ပြန်တက်ဖို့က အပစ်ခံရတာဖြစ်တယ်။ အဲမှာ လှေမောင်းတဲ့ရွာသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်။ အဲ့လိုထိတော့ လှေဆိပ်မှာ ကျနော်တို့ ရဲဘော်တွေက သွားကြည့်တဲ့အချိန် မှာလည်း ထပ်မံပစ်ခံထိတယ်။ အဲ့မှာ စနိုက်ပါနဲ့ ပစ်ခတ်ခံရတော့ ရဲဘော် တစ်ဦး ကျဆုံးသွားတယ်” လို့ KIC ကို ဖြေဆိုထားပါတယ်။

အဲ့ဒီပစ်ခတ်မှုကို ကော်လာဖိုး ခေါ် စောအယ်ခွီး ဦးဆောင်တဲ့ ကော်သူးလေအာမီ (KTLA) တပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာလို့ ကေအဲန်ယူ တာဝန်ရှိသူများဘက်က ပြောဆိုထားပါတယ်။

အဲ့ဒီလို ပစ်ခတ်မှုမျိုးကိုလည်း ဒီဇင်ဘာလထဲမှာ ၎င်းနယ်မြေထဲရှိ ကေအဲန်ယူရဲ့ မြို့နယ်အဆင့်ဌာန ဆိုင်ရာဝန်ထမ်းတွေကို (၃) ကြိမ်အထိရှိတယ်လို့ ကေအဲန်ယူ ခရိုင်တာဝန်ရှိသူများက ဆိုပါတယ်။

ကော်သူးလေအာမီ (KTLA) နဲ့ PDF တွေက အဲ့ဒီဒေသမှာ ဝန်ထမ်းတွေကိုဖမ်းပြီး ခေါင်းပေါ် လက်တင်ခိုင်းပြီး တရားခံလို စစ်ဆေးခံရတာတွေ ရှိတယ်။ ဌာနဆိုင်ရာလူတွေ ဖြစ်စေ လူထုတွေဖြစ်စေ ဖမ်းဆီး စစ်ဆေးခံရ တာရှိတယ်လို့ ဆိုပါတယ်။

အဲ့ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ကော်သူးလေအာမီဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

ဒီဇင်ဘာ (၉) ရက်နေ့ကလည်း ကေအဲန်ယူနဲ့ ပူးပေါင်းလို့ဆိုပြီး ကနဲဟော ကျေးရွာရှိ ရွာသားတစ်ဦးကို ကော်လာဖိုး (စောအယ်ခွီး) တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်ရဲ့ ကွယ်ကလူသတင်း လူမှုကွန်ရက်စာမျက်နှာမှာ သတင်းထုတ်ပြန်ထားသေးတယ်လို့ သိရပါတယ်။

အလားတူ KNLA တပ်ရင်း (၁၂) နယ်မြေထဲမှာလည်း KNLA နဲ့ KTLA တို့အကြား မကြာခဏ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုတွေရှိတယ်လို့လည်း သိရပါတယ်။

အခုလို နယ်မြေအတွင်းရှိ ကရင်လက်နက်ကိုင်အချင်းချင်း ဖြစ်ပွားတဲ့ ပွတ်တိုက်မှုပြဿနာများကို အမြန် ဖြေရှင်းရန် ကေအဲန်ယူ တပ်မဟာ(၄) နယ်မြေထဲရှိ ကရင်အရပ်ဖက်အဖွဲ့နဲ့ ကျေးရွာလူထုတွေက ထုတ်ပြန်ချက် ထုတ်ပြီး တောင်းဆိုထားတဲ့အပြင် ပြီးခဲ့တဲ့ ဩဂုတ်လ (၁၂) ရက်နေ့က ကျရောက်သည့် (၇၃) နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့မှာ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ကရင်အဖွဲ့အစည်းတွေနဲ့ နီးစပ်သူတစ်ဦးကတော့ ကရင်ပြည်နယ် တပ်မဟာ(၄) ထဲက ခေါင်းဆောင်အချို့ဟာ သူတို့အကျိုးစီးပွားအတွက် စစ်ကောင်စီနဲ့ပူးပေါင်းတာတွေရှိပြီး စစ်ကောင်စီရဲ့ အလောင်းတွေ ကောက်ပေးတာမျိုးတွေအထိ လုပ်ပေးနေတယ်လို့ ခေတ်မျက်လုံးကို ပြောပါတယ်။

ကရင်လက်နက်ကိုင်အဖွဲ့အစည်းကြားမှာ အရင်ကလည်း အကွဲအပြဲတွေ ဖြစ်ခဲ့ကြပြီး လက်ရှိအချိန်မှာ KNLA. KNLA-PC, KNDO, DKBA, DKBA ခွဲထွက်၊ KTLA အပြင် စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ BGF စတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ကြားညပ်နေတဲ့ PDF တွေလည်း ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 133 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 86 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို