နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီကို ဆန့်ကျင်အန်တုတဲ့ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို NUG ကျေးဇူးတင်ဂုဏ်ပြု

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက်၊ ခေတ်မျတ်လုံး။

အကြမ်းဖက်စစ်ကောင်စီရဲ့ အမိန့်အာဏာကို ဆန့်ကျင်အန်တုခဲ့ကြတဲ့ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အထူးကျေးဇူးတင် မှတ်တမ်းတင်ဂုဏ်ပြုကြောင်း NUG က ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ အမိန့်အာဏာကို ဆန့်ကျင်ပြီး ပြည်ပက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ မြန်မာနိုင်ငံထဲကို ပြန်လည်လွှဲပို့ငွေတွေဟာ အရင်ကထက် (၁၀)ပုံ (၁)ပုံခန့်သာ စစ်ကောင်စီထံ ရောက်ရှိတော့တယ်လို့ ဆိုပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အာဏာဖီဆန်တာကြောင့် စစ်ကောင်စီအတွက် နိုင်ငံခြားငွေရရှိတာ သိသာစွာလျော့နည်းခဲ့ပြီး အကြမ်းဖက်လုပ်ရပ်တွေ ဆက်လက်ကျူးလွန်နိုင်ဖို့ အကြပ်အတည်းဆိုက်ရောက်စေခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အခုလို အကြမ်းဖက်စစ်ကောင်စီထံ လွှဲပို့ငွေတွေ မရောက်စေဖို့ အချိန်ကိုက်ဆောင်ရွက်တာက ဘဏ္ဍာရေး တိုက်စစ်မှာ တတပ်တအားပါဝင်တာဖြစ်တဲ့အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အထူးကျေးဇူးတင်ဂုဏ်ပြုကြောင်း ရေးသားထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ ဩဂုတ်လ (၃၀)ရက်နေ့ရက်စွဲနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ မိသားစုလွှဲပို့ငွေအနေနဲ့ အခြေခံလစာရဲ့ အနည်းဆုံး (၂၅)ရာခိုင်နှုန်း လစဉ် ဒါမှမဟုတ် သုံးလတစ်ကြိမ် သတ်မှတ်ထားတဲ့ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းကတစ်ဆင့် ပေးပို့ဖို့ ဖိအားပေးညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

အဖက်ဖက်က မရှုမလှ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ သက်ဆိုးရှည်စေဖို့နဲ့ အကြမ်းဖက်သတ်ဖြတ်ဖို့ အရေးတကြီးလိုနေတဲ့ နိုင်ငံခြားငွေဖြည့်ဆည်းနိုင်ဖို့အတွက် ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ချွေးနဲစာကို အတင်းအဓမ္မ ခေါင်းပုံဖြတ်ရယူဖို့ ကြိုးပမ်းတာလို့ NUG ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 133 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 86 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို