နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 25 ရက်

ဥရောပ

ဥရောပ

နယူးဇီလန်ဝန်ကြီးချုပ် ဂျက်ဆင်ဒါအာဒန် ရာထူးမှ နုတ်ထွက်ရန် ရုတ်တရက် ကြေညာ

နယူးဇီလန်ဝန်ကြီးချုပ် ဂျက်ဆင်ဒါအာဒန်သည် ဗုဒ္ဓဟူးနေ့တွင် ရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်း ရုတ်တရက် ကြေညာခဲ့သည်။ အထွေထွေရွေးကောက်ပွဲကို အောက်တိုဘာ (၁၄) ရက်တွင် ကျင်းပမည်ဖြစ်သည်။

အသက် ၄၂ နှစ်အရွယ် ဝန်ကြီးချုပ်အာဒန်က လေဘာပါတီ ကော်မရှင် ဖွဲ့အစည်းအဝေးကျင်းပနေသည့် Napier တွင် သတင်းထောက်များအား ပြောကြားခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲကို ရှောင်ရှားရန်အတွက် ဧပြီလအထိ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ဝန်ကြီးချုပ်အဖြစ် ဆက်လက် လုပ် ဆောင်ရန် ခွန်အားမရှိတော့ဟု ဆိုသည်။

ဝန်ကြီးချုပ်အာဒန်က “ ကျွန်မရဲ့ စွမ်းအင်အားလုံးကို အလုပ်ထဲမှာ ထည့်ထားပြီး အလုပ်လုပ်ခဲ့တယ်၊ ကျမ ပင်ပန်းနေပြီ” ဟု ပြောကြားခဲ့ပါသည်။ “ အလုပ်လုပ်နိုင်ဖို့စွမ်းအားလည်း မရှိသလောက်ဖြစ်နေပြီ၊ မထင်မှတ်ထားတဲ့ ပြဿနာတွေ ပေါ်လာရင် ဖြေရှင်းနိုင်ဖို့ အင်အားအနည်းငယ်တောင် မကျန်တော့ဘူးဆိုရင် ရလဒ်ကောင်းလည်းထွက်မှာ မဟုတ်ဘူး၊ ကျွန်မ အ လုပ်မလုပ်သင့်တော့ဘူး။ ဒီနွေရာသီမှာ ကျမကိုယ် ကျမပြန်ကြည့်တော့ ကျမမှာ လုပ်နိုင်စွမ်းမရှိတော့ဘူးဆိုတာ သိလိုက်ရတယ်။ အဲဒါက တော်တော်ရိုးရှင်းပါတယ်။” ဟု သူမက ဆိုသည်။

ဝန်ကြီးချုပ်အာဒန်သည် ၂၀၁၇ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီး အသက် ၃၇ နှစ်တွင် ၀န်ကြီးချုပ် ဖြစ်လာခဲ့သည်။ ကိုရိုနာဗိုင်းရပ်ကူးစက်မှုအသစ်အတွက် ကနဦးတုံ့ပြန်မှု အောင်မြင်ခဲ့ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သည်။ ယခုတစ်ကြိမ်တွင် အလုပ်သမားပါတီသည် အတိုက်အခံ အမျိုးသားပါတီအား ရွေး ကောက်ပွဲတွင် ဦးဆောင်ခွင့်ရစေခဲ့ပြီး တတိယအကြိမ်မြောက် ရာထူးဆက်ခံရန် ရုန်းကန်ခဲ့ရသည်။

အလုပ်သမားပါတီ၏ မဲဆွယ်စည်းရုံးမှုများမှာ ၂၂ ရက်နေ့တွင် ပါတီခေါင်းဆောင်အသစ်ကို ရွေးချယ်မည်ဖြစ်သည်။ အကယ်၍ ကိုယ်စားလှယ်လောင်းတစ်ဦးမှ မဲသုံးပုံနှစ်ပုံ အနိုင်မရရှိပါက ပိုမိုကျယ်ပြန့်သော ပါတီခေါင်းဆောင် ရွေး ကောက်ပွဲကို ကျင်းပမည်ဖြစ်သည်။ လုပ်ငန်းစဉ်ကို ဖေဖော်ဝါရီ ၇ ရက်တွင် အပြီးသတ်ရန် မျှော်လင့်ထားကြောင်း ဝန်ကြီးချုပ်အာဒန်က ပြောကြားခဲ့သည်။ ဝန်ကြီးချုပ်နှင့် နီးစပ်သူ ဒုတိယဝန်ကြီးချုပ် ရောဘတ်ဆန်က ပါတီခေါင်းဆောင်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

Source: Bloomberg

© ဓာတ်ပုံ။ Kerry Marshall/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ဟန်ဂေရီ ဥရောပ

ဟန်ဂေရီက ဒေါ်လာ ၈၂ သန်းတန် ဘဏ်ငွေလွှဲယာဉ်များကို သိမ်းဆည်းလိုက်ခြင်းက ယူကရိန်းနှင့် ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 35 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၁၉)ရက် Reuters — ကမ္ဘာပေါ်တွင် ရေနံတင်ပို့မှု ပိတ်ဆို့ခံရမှုအတွက် အငြင်းပွားနေစဉ်တွင် ဟန်ဂေရီနိုင်ငံက ငွေကြေးခဝါချမှု သံသယဖြင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 68 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

 ရုရှားကို ဟန့်တားရန် လက်နက်အသုံးစရိတ်နှင့် ပတ်သက်၍ ပြည်သူများက ခက်ခဲသော ရွေးချယ်မှုများ’ ပြုလုပ်ရန် လိုအပ်ကြောင်း ဥရောပ ထိပ်တန်းစစ်ဗိုလ်ချုပ်နှစ်ဦး သတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 163 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် အမေရိကန်၏ အဓိကမဟာမိတ် နှစ်နိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်များသည် အနောက်ဘက် သို့ ပိုမိုဦးတည်လာနေသော ရုရှားနှင့် ဖြစ်ပွားလာနိုင်သည့် စစ်ပွဲကို ဟန့်တားနိုင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ် အမြောက်အမြား
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 152 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 627 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ပြင်သစ် ဥရောပ

ကမ္ဘာ့အင်အားကြီးနိုင်ငံသဖွယ် စတင်ပြုမူဆောင်ရွက်ရန် ဥရောပကို မက်ခရွန် တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 403 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဥရောပအနေဖြင့် “ အင်အားကြီးနိုင်ငံ” တစ်ခုကဲ့သို့ စတင်ပြုမူဆောင်ရွက်ရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း ပြောကြားကာ ကမ္ဘာ့ဇာတ်ခုံ ပေါ်တွင် မိမိကိုယ်ကိုယ်
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဥရောပအနေဖြင့် ကာကွယ်ရေးကဏ္ဍကို အခြားသူထံ လွှဲအပ်ထားခြင်းအား ရပ်တန့်ကာ အရေးပေါ်အရေးယူဆောင်ရွက်ရမည်ဟု အီးယူ (EU) ၏ ကာလပ်စ် ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 154 Views
BBC- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် အမေရိကန်ပြည်ထောင်စုက အတ္တလန်တိတ်ဖြတ်ကျော် ဆက်ဆံရေး၏ အခြေခံအုတ်မြစ်ကို လှုပ်ခတ်စေခဲ့သောကြောင့် နေတိုး (Nato) အဖွဲ့အား “ ပိုမို၍ ဥရောပဆန်လာစေရန်နှင့် အင်အားတောင့်တင်းနေစေရန်” ဥရောပအနေဖြင့် ၎င်း၏ကာကွယ်ရေးကဏ္ဍ မြှင့်တင်ရေးကို
တရုတ် တောင်ကိုရီးယား နိုင်ငံတကာသတင်း ဥရောပ

အမေရိကန်သည်မဟာမိတ်များအပေါ် တင်းမာနေချိန် တရုတ်သမတကကမ္ဘာ့ နိုင်ငံအများအပြားနှင့် သံတမန်ဆက်ဆံရေး ကဏ္ဍသစ်ဖွင့်လှစ်‌

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 218 Views
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၂၆ ခုနှစ်၏ အစောပိုင်း သီတင်းပတ်များအတွင်း တရုတ်နိုင်ငံ၏ သမ္မတ ရှီကျင့်ဖျင်သည် ၊ ဥရောပ၊ မြောက်အမေရိက၊ ကမ္ဘာ့တောင်ဘက်ခြမ်းနှင့် တရုတ်နိုင်ငံ၏ အနီးဝန်းကျင် ဒေသများအထိသံတမန်ဆက်ဆံရေးကို နှစ်နိုင်ငံချင်းဖြစ်စေ၊