နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

အမေရိကန်

အမေရိကန် ဥရောပ

အဆုံးအထိ လျှို့ဝှက်ထားခဲ့သည့် သမ္မတ ဘိုင်ဒင်၏ သမိုင်းဝင် နှင့် အန္တရာယ်ကြီးမားသော ကိယက်ဗ်ခရီးစဉ်ကို လအတန်ကြာ စီစဉ်ခဲ့ရ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ယူကရိန်းနိုင်ငံ ခရီးစဉ်သည် ၎င်း၏ လက်တဆုတ်စာ အနီးကပ်ဆုံးအရာရှိ ဝန်ထမ်းမျှနှင့်သာ လအတန်ကြာ လျှို့ဝှက်စွာ စီစဉ်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဤအချိန်တွင် ယူကရိန်းမြို့တော် ကိယက်ဗ်သို့ သွားရောက်ခြင်း၏ အရေးပါမှုကို ဤအနီးကပ်ဆုံးဝန်ထမ်းများက နားလည် သဘောပေါက်ခဲ့ကြသည်။

ရုရှားသည် လွန်ခဲ့သော တစ်နှစ်ခန့်က ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့ပြီး မြို့တော်ကိယက်ဗ်ကို သိမ်းပိုက်ရန် ကြိုးပမ်းခဲ့သည်။ ကြာသပတေးနေ့တွင် ယူကရိန်းသို့ လာရောက်စဉ် သမ္မတ ဂျိုးဘိုင်ဒင်က “တနှစ်ကြာပြီးတဲ့နောက် ကိယက်ဗ်က ရှင်သန်နေဆဲဖြစ်ပါတယ်” “ယူကရိန်းနိုင်ငံ ရှင်သန်နေဆဲဖြစ်ပါတယ်။ ဒီမိုကရေစီလည်း ရှင်သန်နေဆဲဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

နောက်ဆုံးအချိန်ထိ လျှို့ဝှက်ထားခဲ့

အိမ်ဖြူတော်အရာရှိအချို့သည် သမ္မတဘိုင်ဒင် သွားရောက်မည့်အစီအစဉ်များကို လျှို့ဝှက်ထားရန် ထူးထူးခြားခြား ခြေ လှမ်းများ လုပ်ဆောင်ခဲ့ရသည်။ ခရီးစဉ်မစခင် သီတင်းပတ်များအတွင်း သမ္မတဘိုင်ဒင်ကိုယ်တိုင်နှင့် ၎င်း၏ အရင်းနှီးဆုံး ဝန်ထမ်းများက ယူကရိန်းသို့ သွားရန် ဖြစ်နိုင်ချေကို အကြိမ်ကြိမ် ပယ်ချခဲ့သည်။ ၎င်းတို့သည် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့ပြီး မစ္စတာဘိုင်ဒင်ကို ကိယက်ဗ်သို့ ရောက်ရှိသွားအောင် ပို့ဆောင်ခဲ့ကြသည်။

အိမ်ဖြူတော်အရာရှိ လက်တစ်ဆုပ်စာလောက်က ဤအစီအစဉ်က အလုပ်ဖြစ်မယ်ဟု ယုံကြည်ထားသော်လည်း ဝေဟင်ပိုင်နက်မရှိသည့် စစ်ပွဲဇုန်ထဲသို့ သမ္မတကို တွန်းပို့ရန် အလွန်စိုးရိမ်ခဲ့ကြသည်။

(၁၇) ရက်နေ့ ညနေပိုင်းက ဘဲဥပုံရုံး အစည်းအဝေး၌ အပြီးသတ် ဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက်တွင် သမ္မတဘိုင်ဒင်က ယူကရိန်းသို့သွားရန် ဆုံးဖြတ်ခဲ့သည်။ ခရီးစဉ်စပြီးသည်နှင့် အမေရိကန် တာဝန်ရှိသူများက ခရီးစဉ်များနှင့်ပတ်သက်၍ ရုရှားအစိုးရအား အကြောင်းကြားခဲ့သည်။ သမ္မတဘိုင်ဒင်က ယူကရိန်းမြေပေါ်တွင် ရှိစဉ် ကြိုမမြင်နိုင်သော ဘေးအန္တရာယ် မဖြစ်စေရန် “ပဋိပက္ခ ရှောင်ရှားရန် ” ရုရှားအစိုးရအား အသိပေးခဲ့ခြင်းဖြစ်သည်။

ယူကရိန်းသို့ ရထားဖြင့် (၁၀) နာရီ

သမ္မတဘိုင်ဒင်ကို တင်ဆောင်လာသည့် လေယာဉ်သည် ဂျာမနီရှိ အမေရိကန် စစ်စခန်းတစ်ခုတွင် ဆီဖြည့်ပြီး ပိုလန်သို့ ဆက်လက်ထွက်ခွာခဲ့သည်။ သမ္မတဘိုင်ဒင်သည် ယူကရိန်းနယ်စပ်အနီးရှိ Rzeszów တွင် ဆင်းသက်ခဲ့သည်။ လွန်ခဲ့သည့်နှစ် မတ်လက ယင်းမြို့သို့ ယူကရိန်းဒုက္ခသည်များကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရန်နှင့် ပိုလန်ရှိ အမေရိကန်စစ်တပ်၏လှုပ်ရှားမှုများကို ကြည့်ရှုရန် သွားရောက်ခဲ့သေးသည်။

လူဦးရေအနည်းငယ်သာပါသော အကြံပေးအဖွဲ့ငယ်နှင့် သမ္မတ၏ကိုယ်ရန်တော်တပ်ဖွဲ့ တို့နှင့်အတူ ကိယက်ဗ်သို့ ထွက်ခွာရန် ရထားပေါ်သို့ တက်ခဲ့သည်။ စစ်ဖြစ်နေသည့် နိုင်ငံအလယ်ပိုင်းသို့ ဝင်ရောက်ရန် ၁၀ နာရီခန့် ရထားစီးခဲ့ရသည်။ သမ္မတ ဘိုင်ဒင်သည် ယမန်နှစ် မတ်လက Rzeszow မြို့သို့ ၎င်း၏ ခရီးစဉ်အတွင်း ယူကရိန်းသို့ သွားရောက်ရန် မျှော်လင့်ခဲ့သည်။ ရုရှားကျူးကျော်မှု စတင်ချိန်မှစ၍ နိုင်ငံခြားခေါင်းဆောင် အများအပြားသည် ယူကရိန်းနိုင်ငံသို့ သွားရောက်ခဲ့ကြသည်။

အန္တရာယ်ကို တွက်ချက်ခြင်း။

ကိယက်ဗ်သို့ သွားရောက်မည့် အစီအစဉ်နှင့်ပတ်သက်၍ လပေါင်းများစွာ သမ္မတဘိုင်ဒင် ရှင်းလင်းတင်ပြစဉ်အတွင်း သမ္မတသည် တစ်ကြိမ်သာ စိုးရိမ်ကြောင်း ပြသခဲ့သည်။ မိမိ၏ လုံခြုံရေးအတွက် စိုးရိမ်မှု မဟုတ်ဘဲ ဤခရီးစဉ်ကြောင့် အခြားသူများကို မည်မျှအန္တရာယ်ဖြစ်စေနိုင်သနည်းဆိုသည့်အကြောင်းကို ဖြစ်သည်။ သို့ရာတွင် အိမ်ဖြူတော် အရာရှိများသည် သမ္မတဘိုင်ဒင်၏ လုံခြုံရေးအတွက် အလွန်အမင်း စိုးရိမ်ခဲ့ကြပြီး ခရီးစဉ်အတွက် အရေးပေါ် အစီအစဉ်များကို ဆက်တိုက်ပြင်ဆင်ခဲ့သည်။

“သမ္မတဘိုင်ဒင်ကိုယ်တိုင်က ဒီအန္တရာယ်ကို လိုလိုလားလား လက်ခံခဲ့ပါတယ်” “ဘယ်လောက်ပဲ ခက်ခဲခက်ခဲ ယူကရိန်းကို သူရောက်အောင် သွားတယ်ဆိုတာက အရေးကြီးတယ်လို့ ယူဆတဲ့အတွက် သူ့ရဲ့အဖွဲ့ကို ဒီခရီးစဉ်ကို အကောင်အထည်ဖော်ဖို့ အမိန့်ပေးခဲ့ပါတယ်” ဟု အိမ်ဖြူတော်ဆက်သွယ်ရေးဒါရိုက်တာ ကိတ်ဘက်ဒင်န်ဖီးလ် (Kate Bedingfield) က ပြောကြားခဲ့သည်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 11 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 37 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်