နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 6 ရက်

အမေရိကန်

အမေရိကန် ဥရောပ

အဆုံးအထိ လျှို့ဝှက်ထားခဲ့သည့် သမ္မတ ဘိုင်ဒင်၏ သမိုင်းဝင် နှင့် အန္တရာယ်ကြီးမားသော ကိယက်ဗ်ခရီးစဉ်ကို လအတန်ကြာ စီစဉ်ခဲ့ရ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ယူကရိန်းနိုင်ငံ ခရီးစဉ်သည် ၎င်း၏ လက်တဆုတ်စာ အနီးကပ်ဆုံးအရာရှိ ဝန်ထမ်းမျှနှင့်သာ လအတန်ကြာ လျှို့ဝှက်စွာ စီစဉ်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဤအချိန်တွင် ယူကရိန်းမြို့တော် ကိယက်ဗ်သို့ သွားရောက်ခြင်း၏ အရေးပါမှုကို ဤအနီးကပ်ဆုံးဝန်ထမ်းများက နားလည် သဘောပေါက်ခဲ့ကြသည်။

ရုရှားသည် လွန်ခဲ့သော တစ်နှစ်ခန့်က ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့ပြီး မြို့တော်ကိယက်ဗ်ကို သိမ်းပိုက်ရန် ကြိုးပမ်းခဲ့သည်။ ကြာသပတေးနေ့တွင် ယူကရိန်းသို့ လာရောက်စဉ် သမ္မတ ဂျိုးဘိုင်ဒင်က “တနှစ်ကြာပြီးတဲ့နောက် ကိယက်ဗ်က ရှင်သန်နေဆဲဖြစ်ပါတယ်” “ယူကရိန်းနိုင်ငံ ရှင်သန်နေဆဲဖြစ်ပါတယ်။ ဒီမိုကရေစီလည်း ရှင်သန်နေဆဲဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

နောက်ဆုံးအချိန်ထိ လျှို့ဝှက်ထားခဲ့

အိမ်ဖြူတော်အရာရှိအချို့သည် သမ္မတဘိုင်ဒင် သွားရောက်မည့်အစီအစဉ်များကို လျှို့ဝှက်ထားရန် ထူးထူးခြားခြား ခြေ လှမ်းများ လုပ်ဆောင်ခဲ့ရသည်။ ခရီးစဉ်မစခင် သီတင်းပတ်များအတွင်း သမ္မတဘိုင်ဒင်ကိုယ်တိုင်နှင့် ၎င်း၏ အရင်းနှီးဆုံး ဝန်ထမ်းများက ယူကရိန်းသို့ သွားရန် ဖြစ်နိုင်ချေကို အကြိမ်ကြိမ် ပယ်ချခဲ့သည်။ ၎င်းတို့သည် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့ပြီး မစ္စတာဘိုင်ဒင်ကို ကိယက်ဗ်သို့ ရောက်ရှိသွားအောင် ပို့ဆောင်ခဲ့ကြသည်။

အိမ်ဖြူတော်အရာရှိ လက်တစ်ဆုပ်စာလောက်က ဤအစီအစဉ်က အလုပ်ဖြစ်မယ်ဟု ယုံကြည်ထားသော်လည်း ဝေဟင်ပိုင်နက်မရှိသည့် စစ်ပွဲဇုန်ထဲသို့ သမ္မတကို တွန်းပို့ရန် အလွန်စိုးရိမ်ခဲ့ကြသည်။

(၁၇) ရက်နေ့ ညနေပိုင်းက ဘဲဥပုံရုံး အစည်းအဝေး၌ အပြီးသတ် ဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက်တွင် သမ္မတဘိုင်ဒင်က ယူကရိန်းသို့သွားရန် ဆုံးဖြတ်ခဲ့သည်။ ခရီးစဉ်စပြီးသည်နှင့် အမေရိကန် တာဝန်ရှိသူများက ခရီးစဉ်များနှင့်ပတ်သက်၍ ရုရှားအစိုးရအား အကြောင်းကြားခဲ့သည်။ သမ္မတဘိုင်ဒင်က ယူကရိန်းမြေပေါ်တွင် ရှိစဉ် ကြိုမမြင်နိုင်သော ဘေးအန္တရာယ် မဖြစ်စေရန် “ ပဋိပက္ခ ရှောင်ရှားရန် ” ရုရှားအစိုးရအား အသိပေးခဲ့ခြင်းဖြစ်သည်။

ယူကရိန်းသို့ ရထားဖြင့် (၁၀) နာရီ

သမ္မတဘိုင်ဒင်ကို တင်ဆောင်လာသည့် လေယာဉ်သည် ဂျာမနီရှိ အမေရိကန် စစ်စခန်းတစ်ခုတွင် ဆီဖြည့်ပြီး ပိုလန်သို့ ဆက်လက်ထွက်ခွာခဲ့သည်။ သမ္မတဘိုင်ဒင်သည် ယူကရိန်းနယ်စပ်အနီးရှိ Rzeszów တွင် ဆင်းသက်ခဲ့သည်။ လွန်ခဲ့သည့်နှစ် မတ်လက ယင်းမြို့သို့ ယူကရိန်းဒုက္ခသည်များကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရန်နှင့် ပိုလန်ရှိ အမေရိကန်စစ်တပ်၏လှုပ်ရှားမှုများကို ကြည့်ရှုရန် သွားရောက်ခဲ့သေးသည်။

လူဦးရေအနည်းငယ်သာပါသော အကြံပေးအဖွဲ့ငယ်နှင့် သမ္မတ၏ကိုယ်ရန်တော်တပ်ဖွဲ့ တို့နှင့်အတူ ကိယက်ဗ်သို့ ထွက်ခွာရန် ရထားပေါ်သို့ တက်ခဲ့သည်။ စစ်ဖြစ်နေသည့် နိုင်ငံအလယ်ပိုင်းသို့ ဝင်ရောက်ရန် ၁၀ နာရီခန့် ရထားစီးခဲ့ရသည်။ သမ္မတ ဘိုင်ဒင်သည် ယမန်နှစ် မတ်လက Rzeszow မြို့သို့ ၎င်း၏ ခရီးစဉ်အတွင်း ယူကရိန်းသို့ သွားရောက်ရန် မျှော်လင့်ခဲ့သည်။ ရုရှားကျူးကျော်မှု စတင်ချိန်မှစ၍ နိုင်ငံခြားခေါင်းဆောင် အများအပြားသည် ယူကရိန်းနိုင်ငံသို့ သွားရောက်ခဲ့ကြသည်။

အန္တရာယ်ကို တွက်ချက်ခြင်း။

ကိယက်ဗ်သို့ သွားရောက်မည့် အစီအစဉ်နှင့်ပတ်သက်၍ လပေါင်းများစွာ သမ္မတဘိုင်ဒင် ရှင်းလင်းတင်ပြစဉ်အတွင်း သမ္မတသည် တစ်ကြိမ်သာ စိုးရိမ်ကြောင်း ပြသခဲ့သည်။ မိမိ၏ လုံခြုံရေးအတွက် စိုးရိမ်မှု မဟုတ်ဘဲ ဤခရီးစဉ်ကြောင့် အခြားသူများကို မည်မျှအန္တရာယ်ဖြစ်စေနိုင်သနည်းဆိုသည့်အကြောင်းကို ဖြစ်သည်။ သို့ရာတွင် အိမ်ဖြူတော် အရာရှိများသည် သမ္မတဘိုင်ဒင်၏ လုံခြုံရေးအတွက် အလွန်အမင်း စိုးရိမ်ခဲ့ကြပြီး ခရီးစဉ်အတွက် အရေးပေါ် အစီအစဉ်များကို ဆက်တိုက်ပြင်ဆင်ခဲ့သည်။

“သမ္မတဘိုင်ဒင်ကိုယ်တိုင်က ဒီအန္တရာယ်ကို လိုလိုလားလား လက်ခံခဲ့ပါတယ်” “ ဘယ်လောက်ပဲ ခက်ခဲခက်ခဲ ယူကရိန်းကို သူရောက်အောင် သွားတယ်ဆိုတာက အရေးကြီးတယ်လို့ ယူဆတဲ့အတွက် သူ့ရဲ့အဖွဲ့ကို ဒီခရီးစဉ်ကို အကောင်အထည်ဖော်ဖို့ အမိန့်ပေးခဲ့ပါတယ်” ဟု အိမ်ဖြူတော်ဆက်သွယ်ရေးဒါရိုက်တာ ကိတ်ဘက်ဒင်န်ဖီးလ် (Kate Bedingfield) က ပြောကြားခဲ့သည်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ကွန်ဂရက်လွှတ်တော်သည် ထရန့်၏ ‘ကြီးမားလှပသော ဥပဒေကြမ်း’ ကို အတည်ပြု ပေးလိုက်သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 24 Views
၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၄ ရက် အမေရိကန်ကွန်ဂရက်လွှတ်တော်သည် ဒေါ်နယ်ထရန့်၏ ကြီးမားသောအခွန်နှင့် အသုံးစရိတ် ဥပဒေကြမ်းကို သမ္မတနှင့် သူ၏ ပြည်တွင်းအစီအစဉ်အတွက်
မြောက်ကိုရီးယား ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားတပ်ဖွဲ့တွေ အားကောင်းလာဖို့အတွက် မြောက်ကိုရီးယားက တပ်ဖွဲ့ဝင် ၃၀၀၀၀ လောက် စေလွှတ်မယ်လို့ ယူကရိန်းအရာရှိတွေပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 24 Views
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃ ရက် မြောက်ကိုးရီးယားသည် ယူကရိန်းနှင့် ရှေ့တန်းတလျှောက် ရုရှားအတွက် တိုက်ပွဲဝင်ပေး နေသည့် ၎င်း၏တပ်ဖွဲ့ဝင်အရေအတွက်ကို
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များ အပါအဝင် ယူကရိန်းသို့ ခဲယမ်းများ တင်ပို့မှု အချို့ကို အမေရိကန်က ခေတ္တ ရပ်ဆိုင်းထားလိုက်ခြင်း။

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 22 Views
CNN — ၂၀၂၅ခုနှစ်၊ ဇူလိုင် ၂ ရက် စစ်ရေးအသုံးစရိတ်နှင့် ပြည်ပနိုင်ငံများသို့ အမေရိကန်၏ ပံ့ပိုးကူညီမှုများကို ပြန်လည် သုံးသပ်ပြီးနောက် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များ အပါအဝင် ယူကရိန်းသို့ လက်နက်တင်ပို့မှုအချို့ကို ခေတ္တရပ်ဆိုင်းထားကြောင်း အိမ်ဖြူတော်မှ အကြီးတန်း အရာရှိ တစ်ဦးက CNN
နိုင်ငံတကာသတင်း အမေရိကန်

ဖလောရီဒါသည် ခိုးဝင်လာသူများကိုထိန်းသိမ်းထားရန်ယာယီထိန်းသိမ်းရေးစခန်းတခုကို အဲဗားဂလိပ်နေရာတွင်ဆောက်လုပ်ထားသည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 23 Views
၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂ရက် ဖလော်ရီဒါအစိုးရ ရှေ့နေချုပ် ဂျိမ်းစ်အက်မိုင်ယာ (James Uthmeier)က ထိုနေရာကို “မိကျောင်းအယ်ကက်တက်ဇ်” ဟု အမည်ပေးထားပြီး သူက ဘယ်နေရာကိုမှ သွားလို့မရ သလို ဘယ်နေရာမှာမှ ပုန်းအောင်း နေလို့လဲ မရပါဘူး
နိုင်ငံတကာသတင်း အမေရိကန်

ဆီးနိတ်အထက်လွှတ်တော်မှ ထရန့်၏  ကြီးမားသောဥပဒေကြမ်း (megabill) ကိုအတည်ပြု လိုက်သည်

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 24 Views
၂၀၂၅ခုနှစ်၊ ဇူလိုင်လ၂ရက် ရီပတ်ပလီကင်ပါတီ GOP အထက်လွှတ်တော်အမတ် ရန်းပေါလ်(Rand Paul)၊ သွမ် တီးလ်လစ် (Thom Tillis) နှင့် ဆူဆန် ကောလင်းစ် (Susan Collins) တို့သည် ဒီမိုကရက် အားလုံးနှင့်အတူ “နိုး”
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်၏မဟာမိတ်များက အီလွန်မာ့ခ် ကိုပြန်လည်ရင်ဆိုင်တိုက်ခိုက်ရန်အတွက် နိုင်ငံရေးလှုံဆော်မှုကော်မတီ (super PAC )ကို စတင်ဖွဲ့စည်းလိုက်ခြင်း။

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 25 Views
CNN – ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂ရက် မကြာသေးမီကမှ အစိုးရစွမ်းဆောင်ရည်ထိရောက်မှုဆိုင်ရာဌာန (DOGE) တွင် အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သမ္မတ ဒေါ်နယ်ထရန့် ၏ အဆိုကို ထောက်ခံသူ ဂျိမ်းစ် ဖစ်ရှ်ဘက် (James Fishback)
နိုင်ငံတကာသတင်း အမေရိကန်

အီလွန်မာ့ခ် သည် ရွေးကောက်ပွဲပြီးနောက်ပိုင်း သူ့ရဲ့ အပြင်းထန်ဆုံး နိုင်ငံရေးအရ ခြိမ်းခြောက်မှုကို ပြုခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 19 Views
CNN  ဇွန် ၃၀ရက် ၊ ၂၀၂၅ သူသည် နိုင်ငံရေးလောကမှ ထွက်ခွာသွားပြီဟု ကြေငြာပြီးနောက် အီလွန်မာ့ခ် သည် နိုင်ငံရေးစက်ဝင်းထဲသို့ ချက်ချင်းပြန်ဝင်လာခဲ့သည်။ တနင်္လာနေ့တွင် အထက်လွှတ်တော်တွင် သမ္မတ ဒေါ်နယ်ထရန့်၏ “ကြီးကျယ် လှပသော ဥပဒေကြမ်း”
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ထိပ်တန်းခေါင်းဆောင်က အမေရိကန်သည် ၎င်း၏နျူကလီးယားစက်ရုံများကို တိုက်ခိုက်ခြင်းမှာ အောင်မြင်မှုမရရှိခဲ့ဟုဆို

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 30 Views
BBC သတင်း ၂၀၂၅ခုနှစ် ဂျွန်လ ၂၇ရက် အင်္ဂါနေ့က အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ပြီးနောက် ၎င်း၏ ပထမဆုံးသော လူသိရှင်ကြား မိန့်ခွန်းတွင် အီရန်၏ ထိပ်တန်းခေါင်းဆောင်က အမေရိကန်သည် ၎င်း၏နျူကလီးယားစက်ရုံများကို တိုက်ခိုက်ခြင်းမှ အောင်မြင်မှုမရရှိခဲ့ဟု အခိုင်အမာ