နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီတပ်ခမရ(၃၄၁) က တပ်သား ၄ ဦး KNU တပ်မဟာ(၅)ထံကို လက်နက်ချ

စစ်ကောင်စီတပ်မှ တပ်သား ၄ ဦး ဟာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဖာပွန်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅)နယ်မြေ ရှေ့တန်းတစ်နေရာမှာ လက်နက်တွေနဲ့အတူ အလင်းဝင်လာတယ်လို့ တပ်မဟာ ၅ က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ခမရ(၃၄၁) တပ်မှ တပ်သား ၄ဦးဟာ ဧပြီ ၁၀ရက် မနက်ပိုင်းမှာ လက်နက် ၄လက်၊ ကျည်၊ ခဲယမ်းများနဲ့အတူ အလင်းဝင်လာတာလို့ ဖော်ပြထားပါတယ်။

ရှေ့တန်းစခန်းတစ်ခုဖြစ်တဲ့ လယ်တိုးစခန်းကနေ MA-1သေနတ် (၄)လက်၊ ကျည်ဆံအပြည့်ပါကျည်ဘောက်(၁၆)ချပ်၊ လက်ပစ်ဗုံး(၂)လုံးနဲ့ ခွင်းဗုံး(၅)လုံး တို့ကို ယူဆောင်လာ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရှေ့တန်းစခန်းမှာ အထက်အရာရှိတွေရဲ့ နိုင်ထက်စီးနင်းမှု၊ လက်အောက်ငယ်သားများ အစာရေစာ ၀၀လင်လင် မစားရမှုများကြောင့် ဆက်လက်ခံနိုင်ရည်စွမ်းမရှိလို့ လက်နက်ချ အလင်းဝင်လာတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ တပ်မဟာ(၅)နဲ့ လက်တွဲပြီး စစ်ကောင်စီကို တန်ပြန်တိုက်ခိုက်သွားဖို့ ဆန္ဒရှိကြောင်း အလင်းဝင်လာတဲ့ တပ်သားများက ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေနဲ့ ကရင်အမျိုးသားအစည်းအရုံး၊ KNLA-ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်ထံ လက်နက်ချအလင်းဝင်လာရင် တပ်မဟာ(၅) အနေနဲ့နွေးထွေးပျူငှာစွာ လက်ခံစောင့်ရှောက်ထားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
Era’sEyes /Photo-KNU

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

သီပေါမြို့အဝင်မုခ်ဦးပုံစံ TNLA ပြောင်းလဲတဲ့‌အပေါ် သျှမ်းအရပ်ဖက်အင်အားစုတွေ ကန့်ကွက်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 9 Views
ဖေဖော်ဝါရီလ (၈)ရက်။ TNLA က သီပေါမြို့အဝင်ဆိုင်းဘုတ်ကို ပုံစံပြောင်းလဲခဲ့တာနဲ့ပတ်သက်ပြီး သျှမ်းအရပ်ဖက်အင်အားစုတွေက ဒီကနေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ သီပေါမြို့ကို
မြန်မာသတင်း

စစ်ကောင်စီ လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မှာ အာဏာရှင်တော်လှန်တဲ့ လှုပ်ရှားမှုပြုလုပ်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 6 Views
ဖေဖော်ဝါရီလ (၈)ရက်။ ဒီကနေ့ ရန်ကုန်မြို့ရှိ လူစည်ကားတဲ့ ဈေးတစ်ခုမှာ စစ်အာဏာရှင်တေယ်လှန်တဲ့ လှုပ်ရှားမှုတရပ်ကို တော်လှန်ရေးအင်အားစုတွေက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီ
မြန်မာသတင်း

မြန်မာ့နိုင်ငံရေးပြဿနာ ဒေါ်အောင်ဆန်းစုကြည်မပါဘဲ ပြေလည်ဖို့လမ်းစ ရရှိမှာမဟုတ်ဘူးလို့ NLD ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 6 Views
ဖေဖော်ဝါရီလ (၈)ရက်။ မြန်မာ့နိုင်ငံရေးပြဿနာ ဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည်မပါဝင်ဘဲ ပြေလည်ဖို့လမ်းစ ရရှိမှာမဟုတ်ဘူးလို့ NLD ပါတီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီကနေ့ နံနက် (၉)နာရီအချိန်က NLD အဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီရဲ့ ကြားကာလပဉ္စမအကြိမ် အစည်းအဝေးကို
မြန်မာသတင်း

ပွင့်ဖြူမြို့နယ်မှာ အင်အား (၃၀၀)ခန့်ရှိ စစ်ကောင်စီနဲ့ ပျုစောထီး ပူးပေါင်းစစ်ကြောင်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 22 Views
ပွင့်ဖြူမြို့နယ်မှာ အင်အား (၃၀၀)ခန့်ရှိ စစ်ကောင်စီနဲ့ ပျုစောထီး ပူးပေါင်းစစ်ကြောင်း တိုက်ခိုက်ခံရ စစ်ကောင်စီဘက်က (၁၅)ဦးကျော်သေဆုံးပြီး (၂၀)ဦးကျော် ဒဏ်ရာရရှိခဲ့ ဖေဖော်ဝါရီလ (၈)ရက်။ ဖေဖော်ဝါရီလ (၁)ရက်နေ့ နေ့လယ် (၁၂)နာရီခန့်က” ပွင့်ဖြူမြို့မှာ စလင်းအခြေစိုက် တပ်ရင်း(၃)ခု
မြန်မာသတင်း

စစ်တွေမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းတွေ ဟောင်ဝှစ်ဇာတွေ အတွဲလိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၈)ရက်။ ဒီကနေ့ နံနက်ပိုင်းကစပြီး စစ်တွေမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းတွေကို AA က ဟောင်ဝှစ်ဇာတွေ၊ အတွဲလိုက်ဒုံးတွေနဲ့ တပြိုင်ထဲ ပစ်ခတ်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ ညနက်ပိုင်းအချိန်ကစပြီး နံနက်အစောပိုင်းအချိန်အထိ စစ်တွေမြို့ပေါ်က စကစတပ်စခန်းတွေကို AA
မြန်မာသတင်း

အကျဉ်းထောင်တွေမှာ နိုင်/ကျဉ်းမိသားစုဝင်တွေဆီကနေ ထောင်ဝန်ထမ်းတွေက ငွေလိမ်တောင်းတာတွေ ဆိုးရွာစွာကျူးလွန်နေ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 6 Views
ဖေဖော်ဝါရီလ (၈)ရက်။ အခုနှစ် အစပိုင်းကစပြီး အကျဉ်းထောင်တွေက ထောင်ဝန်ထမ်းတွေဟာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေဆီကနေ ငွေလိမ်တောင်းတာတွေ ဆိုးရွားစွာကျူးလွန်နေတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အိုးဘိုထောင်၊ ဒိုက်ဦးထောင်နဲ့ မြိတ်ထောင်တို့က ထောင်ဝန်ထမ်းတွေဟာ နိုင်ငံရေးအကျဉ်းသားတွေရဲ့
မြန်မာသတင်း

အမျိုးသမီးစစ်မှုထမ်း မခေါ်သေးဘူးဆိုပြီး စစ်ကောင်စီထပ်ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၈)ရက်။ အမျိုးသမီးစစ်မှုထမ်းတွေကို ဆင့်ခေါ်ဖို့ အစီအစဉ်မရှိသေးဘူးဆိုပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ဒီကနေ့မှာ ထပ်မံပြောဆိုထားချက်အရ သိရပါတယ်။ “ အတိအလင်းပြောကြားလိုတာကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေမှာ အမျိုးသမီးတွေ စစ်မှုထမ်းဖို့အတွက် အကျုံးဝင်ပေမယ့် အမျိုးသမီးပြည်သူ့စစ်မှုထမ်းတွေကို ဆင့်ခေါ်ဖို့ အစီအစဉ်မရှိသေးဘူး”
မြန်မာသတင်း

မိုင်းရယ်မှာ ကျားဖြန့်လုပ်ငန်း ဖမ်းဆီးချိန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၈)ရက်။ ဖေဖော်ဝါရီလ (၅)ရက်နေ့က မိုင်းရယ်မြို့နယ်ထဲ ကျားဖြန့်လုပ်ငန်းတွေကို ဖမ်းဆီးရာ အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မိုင်းရယ်မြို့ရဲ့ အရှေ့တောင်ဘက်ဝန်းကျင်မှာ အွန်လိုင်းလောင်းကစားနဲ့ အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်း ဆောင်ရွက်နေတာကို သတင်းအရ ဝင်ရောက်ဖမ်းဆီးခဲ့ရာ