နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 14 ရက်

အမေရိကန်

အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

G-7 ကြေညာချက်တွင် တရုတ်နိုင်ငံနှင့်ပတ်သက်၍ ‘ဘုံအန္တရာယ် ကင်းရှင်းရေး’ လမ်းကြောင်းကို ဖော်ပြ။

နိုင်ငံခုနစ်နိုင်ငံမှ ခေါင်းဆောင်များသည် အဖွဲ့ဝင်များ၏ စီးပွားရေး ဆက်ဆံမှုကို ထိန်းသိမ်းထားစဉ်အတွင်း တရုတ်နိုင်ငံ၏ လုပ်ဆောင် သည့် ခြိမ်းခြောက်မှုများကို လျှော့ချရန် ချဉ်းကပ်မှု ကိုးချက်ပါဝင်သည့် စနေနေ့က ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။


“ကျွန်တော်တို့၏ အမျိုးသားအကျိုးစီးပွားအတွက် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်” ဟု ခေါင်းဆောင်များက ပြောကြားခဲ့ပြီး ဘုံအခြေခံ အုတ်မြစ်ခိုင်မာစွာ ချထားသည့် ချဉ်းကပ်မှုဖြင့် အဖွဲ့ဝင်နိုင်ငံတစ်ခုစီသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေး (တရုတ်)နှင့် ဖြတ်တောက် ပစ်ရန်မဟုတ်ဘဲ စွန့်စားရမည့် အန္တရာယ်ရှိသော အပြုအမူ (ထိုင်ဝမ်ကိုအင်အားဖြင့် သိမ်းပိုက်ရန် တရုတ်၏ ချိမ်းခြောက်မှုကို ဆိုလိုသည်-ဘာသာပြန်သူ) ကို လျော့ချစေရန် ရည်ရွယ်၍ ထုတ်ပြန်ထားခြင်းဖြစ်သည်။

“ကျွန်ုပ်တို့၏ မူဝါဒချဉ်းကပ်မှုများသည် တရုတ်နိုင်ငံကို အန္တရာယ်ပြုရန် ဒီဇိုင်းထုတ်ထားခြင်း မဟုတ်သလို တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားရန် ကြိုးပမ်းခြင်းလည်း မဟုတ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “အင်အား ကြီးထွားလာနေတဲ့ တရုတ်နိုင်ငံဟာ နိုင်ငံတကာ စည်းမျဉ်းတွေကို လိုက်နာကျင့်သုံးခြင်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာအတွက် အကျိုးစီးပွား ဖြစ်ပါလိမ့်မယ်”ဟုဆိုသည်။

G-7 သည် တဦးနှင့်တဦး သဘောထားကွဲပြားမည် မဟုတ်ဟု ခေါင်းဆောင်များက ပြောသည်။ “တစ်ချိန်တည်းမှာပင်၊ စီးပွားရေး ခံနိုင်ရည်ရှိမှုသည် အန္တရာယ်ကို လျှော့ချရန်နှင့် ကွဲပြားခြားနားစွာ လုပ်ဆောင်ကြရန်လည်း လိုအပ်ကြောင်း ကျွန်ုပ်တို့ အသိအမှတ်ပြုသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ နိုင်ငံစီးပွားရေးအတွက် တက်ကြွစွာ လုပ်ဆောင်ရာတွင် တနိုင်ငံခြင်း သော်လည်းကောင်း စုပေါင်းဆောင်ရွက်မှုဖြင့် သော်လည်းကောင်း ရင်းနှီးမြှုပ်နှံသည့်၊ ခြေလှမ်းများကို လျှောက်လှမ်းသွားကြမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ အလွန်အရေးကြီးသော ထောက်ပံ့ရေးကွင်းဆက်များတွင် အလွန်အကျွံ မှီခိုမှုနေရမှုကိုလည်း လျှော့ချသွားရပါမည်။”

(ဘာသာပြန်သူ- ထောက်ပံ့ရေးကွင်းဆက်(Supply Chains)ဆိုသည်မှာစက်များ ၊ ကွန်ပြူတာများ၊ ခေတ်မှီမိုဘိုင်းဖုန်းများ၊ လျှပ်စစ်ကားများ မှအစ အာကာသယာဉ်များ ထုတ်လုပ်ရာတွင် မရှိမဖြစ်သော ဆီမီးကွန်ဒတ်တာချစ်ပ်များကို ထုတ်လုပ်ပေးသည့် အလုပ်ရုံကွင်းဆက်များကို ဆိုလိုသည်။ လက်ရှိတွင် ထိုင်ဝမ်၊ တရုတ်နှင့် တောင်ကိုရီးယားတို့သည် ချစ်ပ်များကို အဓိထုတ်လုပ်နေသည်။ ယခုအခါ ထိုမီခိုနေရမှုကို လျော့ချရန် အမေရိကန်နှင့် ဥရောပနိုင်ငံများက ချစ်ပ်စက်ရုံများကို မိမိနိုင်ငံထဲတွင် ဘီလီယံပေါင်းများစွာ မြုပ်နှံပြီး တည်ဆောက်နေပြီ ဖြစ်သည်)

နေ့ရက်ကို သတ်မှတ် မထားသော အကြောင်းပြချက်များကြောင့် ကြေညာစာတမ်းကို သတ်မှတ်ရက်ထက် တစ်ရက်စောပြီး ထုတ်ပြန်ခဲ့သည်။ ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးသည် ခေါင်းဆောင်များနှင့် ပူးပေါင်းတွေ့ဆုံရန် ဟီရိုရှီးမားသို့ ဆိုက်ရောက်လာပြီး လေယာဉ်ပေါ်မှ ဆင်းမလာမီ စက္ကန့်ပိုင်းအတွင်း ဖြန့်ဝေမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုင်ဝမ်နှင့် ပတ်သက်၍ ကြေညာချက်တွင် “ထိုင်ဝမ် ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် လုံခြုံရေးနှင့် သာယာဝပြောရေးအတွက် မရှိမဖြစ် လိုအပ်ကြောင်း ကျွန်ုပ်တို့က ထပ်မံအတည်ပြုပါသည်ဟု ဆိုသည်။ G-7 သည် ထိုင်ဝမ်တည်ငြိမ်ရေးကို တရုတ်ပြည်တွင်းရေးကိစ္စ အနေထက် နိုင်ငံတကာ၏ စိုးရိမ်မှု ပြဿနာအဖြစ် G-7 က ယူဆကြောင်း ဧပြီလက နိုင်ငံခြားရေး ဝန်ကြီးများ ၏ ထုတ်ပြန်ချက် စာသားများကို ပဲ့တင်ထပ်ပြီး ရှင်းလင်းပြတ်သားစွာ ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် ဘီဂျင်းနှင့် ပူးပေါင်းလုပ်ဆောင်ရန်အတွက် ထိတွေ့ဆက်ဆံရာတွင် G-7သည် အပြုသဘောဆောင်ပြီး တည်ငြိမ်သော ဆက်ဆံရေးကို ပြင်ဆင်ထားကြောင်းနှင့် တရုတ်အားသူတို့၏ စိုးရိမ်မှုကိုတိုက်ရိုက် အသိပေးခြင်းသည် ကောင်းမွန်စွာ ဆက်ဆံနိုင်ရေး အတွက် အရေးကြီးသည်ဟု မှတ်ယူကြောင်းဆိုသည်။

ရာသီဥတုနှင့် ဇီဝမျိုးစုံမျိုးကွဲ အကျပ်အတည်းကဲ့သို့သော နယ်ပယ်များတွင် G-7 နှင့် ထိတွေ့ဆက်ဆံရန်၊ သဘာဝအရင်းအမြစ်များ ထိန်းသိမ်းရေးနှင့် အားနည်းသော နိုင်ငံများ၏ ကြွေးမြီရေရှည်တည်တံ့မှုနှင့် ဘဏ္ဍာငွေလိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန် တရုတ်နိုင်ငံအား တောင်းဆိုထားသည်။

စာတမ်းတွင် နိုင်ငံတကာ ကုန်သွယ်မှုစနစ် အားကောင်းလာစေရေးသည် အရေးကြီးကြောင်းနှင့် ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေသော တရုတ်၏ ဈေးကွက် မဟုတ်သော မူဝါဒများနှင့် အလေ့အကျင့်များ၏ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အလုပ်သမားများနှင့် ကုမ္ပဏီများက ပြန်လှန်ပြောဆို တင်ပြနိုင်သည့် အနေအထားအဆင့်တခုကို ရရှိရန် ကြိုးပမ်းနေကြောင်းလည်း စာတမ်းတွင် ဖော်ပြထားသည်။

စာတမ်းပါ ခေါင်းဆောင်များသည် အရှေ့နှင့် တောင်တရုတ်ပင်လယ်များတွင် လက်ရှိအနေအထားကို ပြောင်းလဲရန် တရုတ်၏ တစ်ဖက်သတ် ကြိုးပမ်းမှုများကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားသည်။

ကြေညာချက်တွင် ရုရှားသည် ၎င်း၏စစ်ရေး ရန်စမှုများကို ရပ်တန့်ရန်အတွက် တရုတ်က ဖိအားပေးရန်နှင့် “ယူကရိန်းမှ ၎င်း၏တပ်များကို ချက်ခြင်း၊ လုံးဝခြွင်းချက်မရှိ ရုပ်သိမ်းရန်” ကိုလည်း တောင်းဆိုထားသည်။

စနေနေ့ အစောပိုင်းက အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး ဂျိတ်ဆူလီဗန် (Jake Sullivan) က သတင်းထောက်များအား “နိုင်ငံတိုင်းတွင် လွတ်လပ်သော ဆက်ဆံရေးနှင့် ချဉ်းကပ်မှု ရှိသည်ကို သိရှိမည် ဖြစ်သော်လည်း ဘုံအချက်များ အစုအဝေးတွင် စည်းစည်း လုံးလုံး ညီညွတ်စွာ ရှိနေကြသည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် တက်လာပြီးကတည်းက အဖွဲ့ဝင်များအကြား နှစ်နှစ်ခွဲကြာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် ၎င်းအား မူဝါဒများ ပေါင်းစည်းမှုအဖြစ် ဆူလီဗန်က ပုံဖော်ခဲ့သည်။

ထိုထုတ်ပြန်ချက်သည် အဆင့်မြင့်စီးပွားရေး ရှိသည့်နိုင်ငံများ သဘောတူနိုင်သည့် အခြေခံအကျဆုံး ဝေါဟာရများကို ရှာဖွေရန် အားထုတ်မှုကိုလည်း ပြသသည်။ ပြင်သစ်သမ္မတ မက်ခရွန်၏ ဘေဂျင်းသို့ သွားရောက် လည်ပတ်မှုနှင့်ပတ်သက်၍ ဧပြီလတွင် အကွဲအပြဲများ ထွက်ပေါ်လာပြီးနောက် ဤကြေငြာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဘေဂျင်းမှပြန်လာပြီးနောက် မက်ခရွန်က သတင်းစာနှင့် ပြင်သစ်ရေဒီယိုအင်တာဗျူးတစ်ခုတွင် ထိုင်ဝမ်အရေးသည် ဥရောပ အကျပ်အတည်း မဟုတ်ကြောင်း ပြောကြားခဲ့သည်။

“ဥရောပသားများ ဖြေရန် လိုအပ်သည့် မေးခွန်းမှာ အောက်ပါအတိုင်း ဖြစ်သည်။ ထိုင်ဝမ်အရေးကို အရှိန်မြှင့်ရန် ကျွန်တော်တို့၏ စိတ်ဝင်စားမှု ရှိပါသလား။ မရှိပါဘူး” ဟု ၎င်းက အင်တာဗျူးတွင် ပြောကြားခဲ့သည်။ “အဆိုးဆုံးအနေနဲ့ တွေးမိတာကတော့ ငါတို့ဥရောပသားတွေ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး နောက်လိုက်တွေ ဖြစ်လာလိမ့်မယ်၊ အမေရိကန် အစီအစဉ်နဲ့ တရုတ်ရဲ့ တုံ့ပြန်မှု လွန်ကဲမှုကနေ ငါတို့ကို ဆွဲခေါ်သွားမှာကိုပါဘဲ။”

ဥရောပအတွက် ထောင်ချောက်သည် “ကမ္ဘာ့မတည်မငြိမ်ဖြစ်မှုတွင် ရောထွေးခြင်း သို့မဟုတ် ဥရောပတွင် မဟုတ်သော အခြားနေရာမှ အကျပ်အတည်းများကြားတွင် ရှုပ်ယှက်ခတ်နေလိမ့်မည်” ဟု မက်ခရွန်က ပြောကြားခဲ့သည်။

မက်ခရွန်၏ ပြောဆိုချက်များသည် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခြင်းခံခဲ့ရသည်။ ပါရီမြို့ရှိ ပြင်သစ်နိုင်ငံတကာဆက်ဆံရေးသိပ္ပံ၏ အာရှ လေ့လာရေးဌာနမှ အာရှလေ့လာရေးစင်တာမှ ဂျပန်သုတေသနဌာန အကြီးအကဲ Celine Pajon က မက်ခရွန်၏အမြင်သည် အင်ဒို-ပစိဖိတ်ဒေသ၏ ပထဝီဝင်အမှန်တရားနှင့် ကွဲလွဲနေပြီး ပြင်သစ်၏ ယုံကြည်ကိုးစားမှုကို ထိခိုက်စေနိုင်ကြောင်း Nikkei Asia တွင် ရေးသားခဲ့သည်။”

ဥရောပအတွက် ထောင်ချောက်သည် “ကမ္ဘာ့မတည်မငြိမ်ဖြစ်မှုထဲတွင် ရောထွေးမိနေခြင်း သို့မဟုတ် ဥရောပနှင့်မသက်ဆိုင်သော အကျပ် အတည်းများတွင် ပါဝင်ပတ်သက်နေခြင်းဖြစ်သည်” ဟု မက်ခရွန်က ပြောကြားခဲ့သည်။

သို့သော်လည်း၊ မက်ခရွန်၏ စိတ်ပျက်မှုတွင် တရုတ်နိုင်ငံနှင့် ပတ်သက်မှုသည် လျော့နည်းပြီး အမေရိကန် ဦးဆောင်သော၊ ဥရောပ-ပစိဖိတ်ဒေသတွင်းသို့ ချဉ်းကပ်ပုံနှင့်ပတ်သက်ပြီးပိုမိုသည်ဟု ဥရောပနိုင်ငံတစ်ခု၏ ထိပ်တန်းသံတမန်တစ်ဦးက Nikkei Asia သို့ ပြောကြားခဲ့သည်။

ပြင်သစ်ခေါင်းဆောင် ပီကင်းသို့ သွားရောက်လည်ပတ်ပြီးနောက် ဘိုင်ဒင်သည် မက်ခရွန်နှင့် ဖုန်းဖြင့် စကားပြောဆိုခဲ့ကြောင်း ဆူလီဗန်က သတင်းထောက်များအား ပြောကြားခဲ့ပြီး ၎င်းတို့နှစ်ဦးသည် ခရီးစဉ်နှင့်ပတ်သက်၍ လေးလေးနက်နက် ပြောဆိုခဲ့ကြသည်။ ဆူလီဗန်က “သူတို့က အဲဒါနဲ့ ပတ်သက်ပြီး အရမ်းကောင်းပြီး အပြုသဘောဆောင်တဲ့ စကားပြောဆိုမှုတွေ ရှိခဲ့ပါတယ်” ဟုဆိုသည်။ ဤထုတ်ပြန် ချက်သည် အဆိုပါရှုပ်ထွေးမှုများအကြားမှ တရုတ်နိုင်ငံသို့ စည်းလုံးညီညွတ်စွာ ချဉ်းကပ်ရန် ကြိုးပမ်းပုံပေါ်သည်။

စွန့်စားခြင်းဆိုင်ရာ အယူအဆကို ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလေယန် (Ursula von der Leyen) က ဘေဂျင်းသို့ မသွားရောက်မီ မတ်လက မိန့်ခွန်းတွင် အဆိုပြုခဲ့သည်။

“တရုတ်ကနေ ခွဲခွာလိုက်တာဟာ ဥရောပရဲ့ အကျိုးစီးပွားအတွက်ရော ရှင်သန်မှုအတွက်ရော မဖြစ်နိုင်ပါဘူး။ ကျမတို့ရဲ့ ဆက်ဆံရေးက ဖြူရင်ဖြူ မဲရင်မဲဆိုသလိုမျိုးမဟုတ်ပါဘူးဒီလိုအခြေအနေမျိုးကို တုံ့ပြန်မှုလည်း မဖြစ်နိုင်ပါဘူး” ဟု သူမက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံကို နက်နက်ရှိုင်းရှိုင်း ကိစ္စရပ်များကို တင်ပြပြောဆိုရာတွင် ကျွန်ုပ်တို့သည် မည်သည့်အခါမျှ ရှက်ရွံ့နေမည်မဟုတ်ကြောင်း သူမက ပြောကြားခဲ့သည်။ “ဒါပေမယ့် ပိုပြီး ရည်မှန်းချက်ကြီးတဲ့ မိတ်ဖက်ဆက်ဆံရေးနဲ့ ပြိုင်ဆိုင်မှုတွေကို တရားမျှတပြီး စည်းကမ်းတကျဖြစ်အောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာကို ဆွေးနွေးဖို့ နေရာချန်ထားရမယ်လို့ ယုံကြည်ပါတယ်။ ပြီးတော့ ပိုကျယ်ပြန့်တာက အနာဂတ်မှာ ကမ္ဘာလုံးဆိုင်ရာစနစ်မှာ ကျမတို့အားလုံး ဘယ်လို ပူးပေါင်းလုပ်ဆောင်နိုင်မလဲ ဆိုတာကို စဉ်းစားဖို့ လိုပါတယ် “ဟုပြောခဲ့သည်။
Source: Nikkei /Photo Captions: /ပြင်သစ်သမ္မတမက်ခရွန်သည် မေလ ၂၀ ရက်နေ့က ဟီရိုရှီးမားတွင် ကျင်းပသည့် ထိပ်သီးအစည်းအဝေးအတွင်း G-7 ခေါင်းဆောင်များနှင့် ဖိတ်ကြားထားသောနိုင်ငံများ ဓာတ်ပုံမရိုက်မီ အမေရိကန်သမ္မတဘိုင်ဒင်နှင့် စကားပြောဆိုနေစဉ်။
© Reuters (ဓါတ်ပုံ) /ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားတွင် မေလ ၂၀ ရက်က ပြုလုပ်သည့် G-7 ထိပ်သီးအစည်းအဝေးအတွင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဧည့်သည်များနှင့် ခေါင်းဆောင်ခုနစ်ဦးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
© Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 75 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 69 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 59 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 74 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို