နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F)အနေနဲ့ ၂နှစ်အတွင်း စစ်ဆင်ရေးတိုက်ပွဲ ၈၇ကြိမ်ရှိခဲ့ပြီး ရန်သူ ၂၆၂ဦးသေဆုံးခဲ့


အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F)အနေနဲ့ ၂နှစ်အတွင်းမှာ စခန်းသိမ်းတိုက်ပွဲများအပါအဝင် မြို့တွင်းနဲ့ ကျေးလက် စစ်ဆင်ရေးတိုက်ပွဲအကြိမ်ရေ ၈၇ကြိမ်ရှိခဲ့ပြီး ရန်သူ ၂၆၂ဦး သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F) စတင်တည်ထောင်ခဲ့တာ ယနေ့ ဇူလိုင်လ ၂၁ရက်နေ့မှာ ၂နှစ်တိတိပြည့်မြောက်ခဲ့ပြီဖြစ်ကာ S.O.F ရဲ့ စစ်ဆင်ရေးဆောင်ရွက်ချက်များကို ထုတ်ပြန်လာပါတယ်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F)အနေနဲ့ စစ်ဆင်ရေးစီမံချက်များအတိုင်း ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးနဲ့ မွန်ပြည်နယ်တို့မှာ ပျံလွှားအောင်၊ နန်းထိုက်အောင် စစ်ဆင်ရေးများအပြင် KNU တပ်မဟာ(၆)နဲ့ တပ်မဟာ(၄)နယ်မြေများမှာ KNLA တပ်ဖွဲ့ဝင်များနဲ့ပူးပေါင်းကာ ကျေးလက်စစ်ဆင်ရေး ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။



ရန်ကုန်မှာ ဗားကရာ၊ သန်လျင်တံတား၊ ထန်းတပင်တာဆုံ၊ လှိုင်သာယာဘုရားလမ်း၊ မြောက်ဥက္ကလာပတံတား၊ ဗဟန်းစစ်တပ်အရာရှိရိပ်သာ၊ အင်းစိန်ထောင်အရာရှိရိပ်သာအပါအဝင် စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်များ၊ သာကေတရဲစခန်း၊ မြောက်ဥက္ကလာရဲစခန်းနဲ့ လှိုင်သာယာရဲစခန်းတို့ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ စစ်ကောင်စီဝန်ကြီးချုပ်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်မှုအပါအဝင် မွန်ပြည်နယ်ရှိ ရဲစခန်းများ၊ ပျူစောထီးဂိတ်များ၊ စစ်စခန်းများကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်နိုင်ခဲ့ပြီး ဘုရားသုံးဆူမြို့ ဘုရားတောင်စခန်းသိမ်းပွဲ၊ သံဖြူဇရပ်မြို့ တောင်ကလေးစခန်းသိမ်းပွဲ၊ ကြာအင်းဆိပ်ကြီးမြို့ တောင်စွန်းစခန်းသိမ်းပွဲနဲ့ ကော့ကရိတ်မြို့ တောင်ကြာအင်းစခန်းသိမ်းပွဲအပါအဝင် တိုက်ပွဲပေါင်း ၃၉ကြိမ်နဲ့ ဒရုန်းနဲ့ လက်နက်ကြီးတိုက်ပွဲပေါင်း ၁၆ကြိမ် ဆင်နွှဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲများအတွင်း လက်နက်ကြီး၊ လက်နက်ငယ် ၅၄လက် သိမ်းဆည်းရမိခဲ့ကာ တရားမဝင်မူးယစ်ဆေးဝါးများနဲ့ လိုင်စင်မဲ့ကားတချို့ သိမ်းဆည်းရမိဖျက်ဆီးနိုင်ခဲ့ကြောင်း သိရပြီး အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F)အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ် ဖြစ်ထွန်းပေါ်ပေါက်သည်အထိ “တော်လှန်ရေးရဲ့အမြူတေ”အဖြစ် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဗန်းမော်မှာ စစ်ကူလာတဲ့ စစ်ကောင်စီရဟတ်ယာဉ်တစီး ပစ်ချခံရပြီး မီးလောင်ပျက်စီးခဲ့

  • 2025 ခုနှစ်၊ မေလ 20 ရက်
  • 19 Views
မေလ (၂၀)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီအချိန်က ဗန်းမော်မြိုကို စစ်ကူလာတဲ့ စစ်ကောင်စီရဟတ်ယာဉ်တစ်စီးကို တော်လှန်ရေးတပ်ဖွဲတွေက ပစ်ချနိုင်ခဲ့တယ်လို မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။
မြန်မာသတင်း

စစ်ဒေသ (၃)ခုလုံးမှာ မဟာမိတ်တွေနဲ့အတူ တိုက်ပွဲတွေဖော်ဆောင်နေတယ်လို BPLA ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 20 ရက်
  • 20 Views
မေလ (၂၀)ရက်။ စစ်ဒေသ (၃)ခုလုံးမှာ မဟာမိတ်တွေနဲ့အတူ တိုက်ပွဲတွေ ဖော်ဆောင်နေတယ်လို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က မနေ့က အသိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ “
မြန်မာသတင်း

စစ်ကောင်စီက စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁၃) သင်တန်း‌တွေဖွင့်လှစ်

  • 2025 ခုနှစ်၊ မေလ 20 ရက်
  • 16 Views
မေလ (၂၀)ရက်။ မနေ့က နံနက်ပိုင်းအချိန်က စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁၃) သင်တန်းတွေကို စတင်ဖွင့်လှစ်ခဲ့တယ်လို စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁၃) သင်တန်းဖွင့်ပွဲတွေကို စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခံသင်တန်းကျောင်းတွေမှာ ကျင်းပပြုလုပ်ခဲ့တာလို ဆိုပါတယ်။
မြန်မာသတင်း

ရွေးကောက်ပွဲကျင်းပဖို့ ကာ/လုံအဆုံးအဖြတ်နဲ့ ဆောင်ရွက်နိုင်တယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မေလ 20 ရက်
  • 17 Views
မေလ (၂၀)ရက်။ ရွေးကောက်ပွဲကျင်းပဖို့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာ/လုံ)ရဲ့ အဆုံးအဖြတ်နဲ့ ဆောင်ရွက်နိုင်တယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဥပဒေတွေကို ချိန်ထိုးကြည့်ရာမှာ ရွေးကောက်ပွဲကို အထမြောက်အောင် ဆောင်ရွက်နိုင်တာကို တွေ့ရကြောင်း၊
မြန်မာသတင်း

ပိုင်ကျုံမြို့နယ်ထဲက စစ်ကောင်စီရဲ့ မော်ဖိုးကေစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2025 ခုနှစ်၊ မေလ 20 ရက်
  • 23 Views
မေလ (၂၀)ရက်။ မနေ့က ညပိုင်းအချိန်က ဘားအံခရိုင် ‌ပိုင်ကျုံမြို့နယ်ထဲရှိ စစ်ကောင်စီရဲ့ မော်ဖိုးကေစခန်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မော်ဖိုးကေတပ်စခန်းဟာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀)ဦးကျော်ခန့်သာရှိပြီး စတင်တိုက်ခိုက်ခံရတဲ့အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်တွေကို
မြန်မာသတင်း အာရှ

တမူးမှာ ခရိုင်ပကဖအဖွဲ့ဝင်တွေ ကျဆုံးခဲ့တဲ့အပေါ် အိန္ဒိယအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ မေလ 19 ရက်
  • 28 Views
မေလ (၁၉)ရက်။ မြန်မာ-အိန္ဒိယနယ်စပ် တမူးခရိုင်ပကဖအဖွဲ့ဝင် (၁၀)ဦး ကျဆုံးခဲ့ရတဲ့အပေါ် အိန္ဒိယအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အသိပေးပြောဆိုထားတယ်လို့ သိရပါတယ်။ “ တမူးမြို့အနီး ပကဖအဖွဲ့ဝင် (၁၀)ဦး ကျဆုံးခဲ့ရတဲ့ကိစ္စနဲ့ပက်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေအနေနဲ့
မြန်မာသတင်း

ရန်ကုန် စမ်းချောင်းမြို့ရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ မေလ 19 ရက်
  • 17 Views
မေလ (၁၉)ရက်။ ဒီကနေ့ နေ့လယ် (၁၁)နာရီ (၅၀)မိနစ်အချိန်က စမ်းချောင်းမြို့ တောင်ရပ်ကွက်ရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ The Bloodline ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁၁)နာရီ
မြန်မာသတင်း

တောင်ငူလေတပ် တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ကောင်စီရဲ့လေယာဉ် (၃)စီး ပျက်စီးခဲ့ပြီး ဒုဗိုလ်မှူးကြီးအဆင့် (၂)ဦးအပါအဝင် (၁၀)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 19 ရက်
  • 26 Views
မေလ (၁၉)ရက်။ စစ်ကောင်စီရဲ့ တောင်ငူရှိ ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့ရာမှာ ထိခိုက်ပျက်စီးတဲ့ နောက်ဆက်တွဲအခြေအနေကို Brave Warriors for Myanmar(BWM)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းကို BWM နဲ့