နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

လိုင်စင်မရှိဘဲ နိုင်ငံခြားငွေကိုင်ထားရင် အရေးယူမယ်လို့ စစ်ကောင်စီရဲ့ဗဟိုဘဏ် ထပ်မံသတိပေး

ပြည်သူတွေအနေနဲ့ ခွင့်ပြုချက်/လိုင်စင် မရှိဘဲ နိုင်ငံခြားငွေတွေ လက်ဝယ်ကိုင်ဆောင်ထားရင် အရေးယူမယ်လို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ထပ်မံသတိပေးထားတယ်လို့ သိရပါတယ်။

နိုင်ငံခြားသုံးငွေ ကိုင်ဆောင်တာနဲ့ ပတ်သက်တဲ့ ကြေညာချက်ကို စစ်ကောင်စီရဲ့ဗဟိုဘဏ်က ဒီကနေ့ ဩဂုတ်လ ၂၁ ရက်နေ့ထုတ် စစ်ကောင်စီ ဝါဒဖြန့်သတင်းစာမှာ ဖော်ပြထားပါတယ်။

(၆) လကျော်တဲ့အထိ အသုံးမပြုဘဲ ရှိနေတဲ့ နိုင်ငံခြားငွေတွေကို နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရသူတွေထံ ဈေးကွက်ပေါက်ဈေးနဲ့ ရောင်းချလဲလှယ်တာ ဒါမှမဟုတ် ဘဏ်စာရင်းထဲထည့်သွင်းတာ ဆောင်ရွက်ရမယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် ၂၀၁၄ ခုနှစ်ကတည်းက ထုတ်ပြန်ခဲ့တဲ့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုအပိုဒ် (၁၅) အရ ပြည်တွင်းမှာ နေထိုင်သူတစ်ဦးအနေနဲ့ တရား ဝင် ရရှိထားတဲ့ အမေရိကန်ဒေါ်လာ (၁၀,၀၀၀) အထိ ဒါမှမဟုတ် ၎င်းနဲ့ညီမျှတဲ့ ငွေထက်မပိုတဲ့ နိုင်ငံခြားငွေတွေကို လက်ခံရရှိတဲ့နေ့ကနေ (၆)လအတွင်း ကိုင်ဆောင်ခွင့်ရှိတယ်လို့လည်း ဆိုထားပါတယ်။

နိုင်ငံခြားငွေရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်းလိုင်စင်ရှိသူတွေကသာ ရောင်းဝယ်တဲ့လုပ်ငန်းကို ဆောင်ရွက်ခွင့်ရှိပြီး နိုင်ငံခြားငွေ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့် လိုင်စင်ရှိသူတွေက နိုင်ငံခြားငွေ ငွေသားနဲ့ ခရီးသွားချက်လက်မှတ်တွေကိုသာ ရောင်းချခွင့် ရှိတယ်လို့ သိရပါတယ်။

Era’sEye\News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 3 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 11 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 13 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 13 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 22 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့
မြန်မာသတင်း

AA နဲ့တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွှေရင်မျှော်ဆရာတော်ရဲ့သင်္ကန်းကို အဆောင်အယောင်အနေနဲ့ ကိုးကွယ်နေကြရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 21 Views
ဇွန်လ (၂၄)ရက်။ ပုသိမ်ခရိုင်ထဲ အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ ရိုးမတောထဲ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းတွေက စစ်ဗိုလ်တွေအပါအဝင် တပ်ဖွဲ့တွေဟာ နေ့တိုင်း စစ်ရှိန်ပြင်းထန်လာတာနဲ့အတူ တပ်ပြေးအနေနဲ့ ထွက်ပြေးနေတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

ရွှေကူခရိုင်ထဲနေသူတွေ စစ်ကောင်စီနဲ့ မပတ်သက်ကြဖို KIA သတိပေး

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
ဇွန်လ (၂၄)ရက်။ ရွှေကူခရိုင်နယ်မြေထဲ နေထိုင်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်တာ မလုပ်ကြဖို KIA က မနေ့ကရက်စွဲနဲ့ သတိပေးထားတယ်လို သိရပါတယ်။ စစ်ကောင်စီနဲ့ မပတ်သက်ဖို KIA က သတိပေးတာမှာ ရွှေကူခရိုင်ထဲ နေထိုင်တဲ့ ပြည်သူတွေနဲ့