နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 26 ရက်

အမေရိကန်

အမေရိကန် ဥရောပ

ရုရှားကြေးစားတိုက်ခိုက်ရေးအဖွဲ့ ဝက်ဂနာအုပ်စုအား ရာဇဝတ်မှု အဖွဲ့အစည်းအဖြစ် အမေရိကန် သတ်မှတ်မည်

အမေရိကန်ဘဏ္ဍာရေးဌာနသည် ရုရှားကြေးစားတိုက်ခိုက်ရေးအဖွဲ့ ဝက်ဂနာအုပ်စု (Wagner Group) အား နိုင်ငံတကာသို့ သွားလာလုပ်ဆောင်သည့် ရာဇဝတ်မှုအဖွဲ့အစည်းအဖြစ် သတ်မှတ်မည်ဖြစ်ပြီး ယင်းအဖွဲ့နှင့် ကမ္ဘာတစ်ဝှမ်းရှိ ၎င်း၏ ပံ့ပိုးကူညီရေးကွန်ရက်အား လာမည့်အပတ်တွင် ပိတ်ဆို့အရေးယူမှုများ ထပ်မံချမှတ်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က သော ကြာနေ့တွင် ပြောကြားခဲ့သည်။

“ဒီလုပ်ရပ်တွေက ဝက်ဂနာရဲ့ ပြင်းထန်တဲ့ ရာဇဝတ်မှုပုံစံတွေကနေတဆင့် ဖြစ်ပေါ်လာတဲ့ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုကို ဖြစ်စေပါတယ်” ဟု အမျိုးသားလုံခြုံရေးကောင်စီ မဟာဗျူဟာ ဆက်သွယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး ဂျွန်ကာဘီ (John Kirby) က ဘဏ္ဍာရေးဌာန၏ ကြေညာချက်မတိုင်မီ သောကြာနေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များနှင့်အတူ ရုရှားမှ မြောက်ကိုရီးယားသို့ သွားရောက်ခဲ့ပြီး နိုဝင်ဘာလတွင် ပြန်လာသည့် ရုရှားရထားတွဲများ၏ အမျိုးအစား ခွဲခြားထားသော ဂြိုဟ်တုဓာတ်ပုံများကို အမေရိကန်က ထုတ်ပြန်ခဲ့ပြီး ၎င်းမှာ ယူကရိန်းတွင် ဝက်ဂနာအုပ်စုတပ်ဖွဲ့များ အသုံးပြုရန်အတွက် ခြေလျင်တပ်ရင်းသုံး ဒုံးကျည်များကို ကနဦးပေးပို့ခြင်း ဖြစ်သည်ဟု အမေရိကန်က ယုံကြည်ထားသည်။

ဓာတ်ပုံ။ CNN
မြောက်ကိုရီးယားသို့ သွားရောက်ခဲ့ပြီး နိုဝင်ဘာလတွင် ပြန်လာသည့် ရုရှားရထားတွဲများ၏ဂြိုဟ်တုဓာတ်ပုံ။

အဆိုပါလက်နက်များသည် ယူကရိန်းစစ်မြေပြင်တွင် လှုပ်ရှားဆောင်ရွက်မှုများကို ပြောင်းလဲစေနိုင်သည်ဟု အမေရိကန်က မယုံကြည်သော်လည်း မြောက်ကိုရီးယားမှ ရုရှားသို့ အဆိုပါလက်နက်စနစ်များကို ဆက်လက်ပို့ဆောင်ပေးနေမည်ဟု ခန့်မှန်းထားကြောင်း Kirby က ပြောကြားခဲ့သည်။ ရုရှားသည် စစ်ပွဲအတွင်း ၎င်း၏ စစ်ဘက်ဆိုင်ရာ အထောက်အပံ့များ လျော့နည်းလာသောကြောင့် အီရန်ထံမှ ဒရုန်းများ အပါအဝင် စက်ပစ္စည်းကိရိယာများကို လက်ခံရယူလျက်ရှိသည်။

“မြောက်ကိုရီးယားမှ လက်နက်လွှဲပြောင်းပေးမှုသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို တိုက်ရိုက်ချိုးဖောက်ခြင်းဖြစ်သည်” ဟု Kirby က ပြောကြားပြီး အမေရိကန်သည် ၎င်း၏ထောက်လှမ်းရေး အချက်အလက်များကို လုံခြုံရေးကောင်စီ၏ မြောက်ကိုရီးယား ဒဏ်ခတ်ပိတ်ဆို့မှုကော်မတီ ကျွမ်းကျင်သူများနှင့် မျှဝေထားကြောင်း Kirby က ပြောကြားခဲ့သည်။

အနောက်နိုင်ငံ ထောက်လှမ်းရေး အကြီးတန်းအရာရှိတစ်ဦးက အဆိုပါ အကဲဖြတ်ချက်ကို အနောက်နိုင်ငံများက “မြောက်ကိုရီးယားသည် စစ်လက်နက်ပစ္စည်းများကို ပိုမိုတိုးချဲ့ဖြန့်ကျက် ပေးအပ်ရန် သို့မဟုတ် အဆိုပါ ပေးပို့မှုများကို ဆက် လက်ပြုလုပ်ရန်အစီအစဉ် ရှိမည်ကို သေချာပေါက် စိုးရိမ်မိသည်” ဟု သတင်းထောက်များအား သောကြာနေ့တွင် ပြောကြားခဲ့သည်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 31 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 32 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 30 Views