နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

KNU တပ်မဟာ(၃)နယ်မြေတွင် စစ်ကောင်စီ တပ်က ကျေးရွာများအတွင်းသို့ လက်နက်ကြီး အလုံးရေ ၄၄၀ကျော် ပစ်ခတ်ခဲ့ ၊ ယခုလအတွင်း ပြည်သူ ၉ဦး ဒဏ်ရာရရှိခဲ့ ကာ ရွာပေါင်း ၄၀ခန့်မှ ဒေသခံသောင်းချီ တိမ်းရှောင်နေရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) တပ်မဟာ(၃) နယ်မြေ ကို စစ်ကောင်စီ တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံသောင်းချီ စစ်ဘေးရှောင်နေရပြီး ဒေသခံအချို့လည်း ထိခိုက်ဒဏ်ရာရမှုရှိခဲ့ကြောင်း KNUက ထုတ်ပြန်ထားပါတယ်။

မတ်လ ၁ရက်မှ ၁၉ရက်အတွင်း တပ်မဟာ (၃) ၊ဆောထိမြို့နယ်နှင့် လယ်ဒိုမြို့နယ်အုပ်ချုပ်မှုနယ်မြေအတွင်းသို့ အာဏာ သိမ်း စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုး ဝင်ရောက်ပြီး ကျေးရွာများအတွင်းသို့ လက်နက်ကြီး အလုံးရေ ၄၄၀ကျော် ပစ်ခတ်ခဲ့ တယ်လို့ KNU က ထုတ်ပြန်ထားတာပါ။

အဲဒီလို ပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူ ၉ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်စုစုပေါင်း (၁၆)လုံးနှင့် သိမ်၊ စပါးကျီ၊ နွား အပါအ၀င် ပြည်သူလူထုပိုင်ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ရပါတယ်။ ဒါ့အပြင် နေအိမ် စျေးဆိုင်၊ ဆိုင်ကယ်များကိုလည်း ဖျက်ဆီးခြင်းမီးရှို့ခြင်းလုပ်ဆောင်ခဲ့သည်ဟု ဖော်ပြသည်။

စစ်ကောင်စီတပ်၏ လုပ်ရပ်များကြောင့် ဒေသတွင်းရှိ ရွာပေါင်း ၃၉ရွာမှ ဒေသခံပြည်သူများ ရွာလုံးကျွတ် တိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။ ကျေးရွာပေါင်း (၃၁)ရွာမှ လူဦးရေ နှစ်သောင်းနှစ်ထောင်ကျော်ကို စာရင်းအတည်ပြုနိုင်ခဲ့ပြီး ကျန် ၈ရွာမှ လူဦးရေစာရင်းကိုမူ အတည်မပြုနိုင်သေးဟု ထုတ်ပြန်သည်။

ကျေးရွာတွေထဲကိုစစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် အာဏာသိမ်း စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) တပ်မဟာ (၃) လက်အောက်ရှိ တပ်ရင်း(၇)၊ တပ်ရင်း(၉)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း(၃)၊ Drone တပ်ဖွဲ့များ၊ ပူးပေါင်းတပ်များအကြား ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိကြောင်း ထုတ်ပြန်ခဲ့ပြီး ထိခိုက်ကျဆုံး အခြေအနေကို ဖော်ပြမထားပါဘူး။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 109 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 103 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 93 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 76 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 90 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို