နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာ့အရေးအတွက် G7 တွင် သေချာသည့်နည်းလမ်းများဖြင့် ထိရောက်စွာဆောင်ရွက်ပေးရန် မြန်မာလူမျိုးများနှင့် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဂျပန်လူမျိုးများ ဆန္ဒထုတ်ဖော်တောင်းဆို

မေလ (၂၂) ရက်နေ့က တိုကျိုတွင် G7 အစည်းအဝေးတွင် မြန်မာနဲ့ပတ်သက်တဲ့ကိစ္စရပ်များကို ထိရောက်စွာ ဆောင်ရွက်ပေးဖို့အတွက် တောင်းဆိုဆန္ဒပြ ချီတက်ခဲ့ကြပါတယ်။ချီတက်လမ်းလျှောက်ပွဲမှာ မြန်မာလူမျိုးများနဲ့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ ဂျပန်လူမျိုးများ စုစုပေါင်း အင်အား (၁၁၀) ခန့် ပါဝင်တောင်းဆိုပေးခဲ့ကြတယ်လို့ သိရပါတယ်။

တိုကျိုမြို့ ဟီဘီရာပန်းခြံကနေ ကာအေဒေဂါဝါဒါန်းဂျိုးဘာရှိပန်းခြံအထိ မိနစ် (၄၀) ခန့် လမ်းလျှောက်ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြပါတယ်။

ဒီချီတက်ဆန္ဒပြပွဲမှာ G7 ကို မြန်မာ့အရေးနဲ့ပတ်သက်ပီး ထည့်သွင်းဆွေးနွေးရုံအပြင်သာမက သေချာတဲ့နည်းလမ်းများနဲ့ မြန်မာ့အရေးကို ထိရောက်စွာဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။အဓိကအချက်များအနေဖြင့်

– စစ်တပ်လက်နက်ဝယ်ယူတဲ့ အရင်းအမြစ်ဖြစ်တဲ့ MOGE ကို ပိတ်ဆို့အရေးယူပေးရန်။

-သာမန်အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်နေတဲ့ စစ်တပ်ကိုစီးဆင်းတဲ့ ငွေအရင်းအမြစ်များကို ဖြတ်တောက်ပေးရန်။

-မြန်မာအကြမ်းဖက်စစ်တပ်အောက်မှာ ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူများကို ကယ်တင်ပေးရန်။

-ပြည်သူ့အစိုးရ NUG ကို အသိအမှတ်ပြုပေးရန်။

-လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို NUG မှတစ်ဆင့် ပေးရန်။

-G7အနေဖြင့် လူအခွင့်အရေး၊ လွတ်လပ်မှု၊ ဒီမိုကရေစီအရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့အတွက် ထိရောက်တဲ့အရေးယူမှုများကို လုပ်ဆောင်ပေးရန်စတဲ့ အချက်များကို တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

GMSR – Japan 🇯🇵 TOKYOGlobal Myanmar Spring Revolution – JapanEra’sEyes / CRD – ရောင်စုံနွေဦး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မုံရွာ နမခဌာနချုပ်ထဲ စစ်တပ်လေထီးတစီး ပျက်ကျကာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တဦး သေဆုံး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 40 Views
နိုဝင်ဘာလ (၁၂)ရက်။ မနေ့က ညနေ (၆)နာရီကျော်အချိန် မုံရွာအခြေစိုက် နမခစစ်ဌာနချုပ်ထဲ စစ်တပ်ရဲ့ စက်တပ်လေထီးတစ်စီး ပျက်ကျခဲ့တယ်လို့ People’s Defense
မြန်မာသတင်း

တနင်္သာရီမြို့ မောတောင်ဒေသမှာ စစ်တပ်ရဲ့ လက်နက်ကြီးတွေကြောင့် ဒေသခံတွေ ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 36 Views
နိုဝင်ဘာလ (၁၂)ရက်။ နိုဝင်ဘာလ (၁၀)ရက်နေ့ကစပြီး တနင်္သာရီမြို့ မောတောင်ဒေသမှာ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ရဲ့
မြန်မာသတင်း

ကလေးမြို့လူထုတိုက်ပွဲ ပထမဆုံးညီလာခံကနေ အချက် (၅)ချက်ပါတဲ့ သဘောထားကြေညာချက် ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 41 Views
နိုဝင်ဘာလ (၁၂)ရက်။ မနေ့က လွတ်မြောက်နယ်မြေတွေမှာ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပထမဆုံးအကြိမ် လူထုတိုက်ပွဲညီလာခံကို ကျင်းပခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီညီလာခံကို ကလေးဒေသထဲရှိ ရပ်ရွာအသီးသီးက ဒေသခံကိုယ်စားလှယ် စုစုပေါင်း (၁၂၀)ဦး တက်ရောက်ခဲ့ပြီး အချက် (၅)ချက်ကို သဘောထားညီညွတ်စွာ
မြန်မာသတင်း

မိုးမိတ်မြို့ စစ်တပ်လက်အောက်မကျစေဖို့ ကူညီမယ်လို့ KIA ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 53 Views
နိုဝင်ဘာလ (၁၂)ရက်။ မိုးမိတ်မြို့ကို စစ်တပ်လက်အောက်မကျစေဖို့အတွက် မဟာမိတ်တပ်ဖွဲ့တွေကို ကူညီသွားမယ်လို့ KIO/KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ဒေသထဲသတင်းတွေကို ပြောဆိုထားတယ်လို့ သိရပါတယ်။ “ မိုးမိတ်မြို့မှာ KIA တပ်ရင်း (၃၄)ရှိပါတယ်။ KIA PDF
မြန်မာသတင်း

စစ်တပ်အထိုင်ချထားတဲ့ ပြင်ဦးလွင်မြို့လယ်ခေါင်ရှိ ရွှေဆိုင် ဓါးပြတိုက်ခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 28 Views
စစ်တပ်အထိုင်ချထားတဲ့ ပြင်ဦးလွင်မြို့လယ်ခေါင်ရှိ ရွှေဆိုင် ဓါးပြတိုက်ခံရ နိုဝင်ဘာလ (၁၂)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၃)ရှိ နာရီစင်အနီးက “ အောင်စံပယ်” စိန်ရွှေရတနာဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

ခင်ဦးနယ်မှာ စစ်တပ်က စစ်ကြောင်း(၂)ခု တပြိုင်ထဲထိုးနေတာကြောင့် ဒေသခံ (၅၀၀၀)ကျော် ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 30 Views
နိုဝင်ဘာလ (၁၁)ရက်။ ဒီကနေ့ နံနက်ပိုင်းကစပြီး ခင်ဦးနယ်အနောက်မြောက်ခြမ်းရှိ ကျေးရွာတွေကို စစ်တပ်က အင်အား (၁၈၀)ကျော်နဲ့ စစ်ကြောင်း (၂)ခု တပြိုင်ထဲထိုးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ ကန့်ဘလူဘက်ကနေ အကြမ်းဖက်စကစ ခြေလျင်စစ်ကြောင်း (၁၀၀)ကျော်နဲ့ ရေဦးမြို့ကနေ
မြန်မာသတင်း

မြိုင်နယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ (၇)ရွာထက်မနည်းက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 41 Views
နိုဝင်ဘာလ (၁၁)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန်က မြိုင်နယ်အနောက်တောင်ပိုင်းမှာ အင်အား (၁၈၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ (၇)ရွာထက်မနည်းက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ “ အင်အား (၁၈၀)ခန့်ပါတဲ့ ပခုက္ကူတပ်မ(၁၀၁)က စခစစ်ကြောင်းတွေ တွင်းမပျူရွာနဲ့
မြန်မာသတင်း

ပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေကို အထူးတိုင်းစစ်ဌာနက လက်နက်တပ်ဆင်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 42 Views
နိုဝင်ဘာလ (၁၁)ရက်။ မနေ့က ပဲခူးတိုင်းရှေ့တန်းစခန်းတခုမှာ ရန်ကုန်၊ မွန်နဲ့ ပဲခူးခရိုင် ပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေကို လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ အထူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကြောင်းတွေဟာ အထူးတိုင်းစစ်ဌာနရဲ့ တိုင်းစစ်ဌာနစစ်ဆင်ရေးကွပ်ကဲမှုအောက်မှာ ပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေအနေနဲ့ ဆောင်ရွက်နေတာလို့ ဆိုပါတယ်။ အဲ့ဒီအခမ်းအနားကို အထူးတိုင်းစစ်ဌာနရဲ့