၂၀၂၃ ခုနှစ် (၁၄) ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲအခမ်းအနားကို အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လ်စ်မြို့မှာ ဒေသစံတော်ချိန် မေလ (၂၁) ရက်နေ့ ညနေမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။အဲဒီ အခမ်းအနားမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
![](https://eraseye.com/wp-content/uploads/2023/05/FB_IMG_1684856434642.jpg)
![](https://eraseye.com/wp-content/uploads/2023/05/FB_IMG_1684856436560.jpg)
![](https://eraseye.com/wp-content/uploads/2023/05/FB_IMG_1684856443074.jpg)
![](https://eraseye.com/wp-content/uploads/2023/05/FB_IMG_1684856438863.jpg)
![](https://eraseye.com/wp-content/uploads/2023/05/FB_IMG_1684856445141.jpg)
![](https://eraseye.com/wp-content/uploads/2023/05/FB_IMG_1684856447058.jpg)
![](https://eraseye.com/wp-content/uploads/2023/05/FB_IMG_1684856449027.jpg)
![](https://eraseye.com/wp-content/uploads/2023/05/FB_IMG_1684856451223.jpg)
![](https://eraseye.com/wp-content/uploads/2023/05/FB_IMG_1684856453380.jpg)
![](https://eraseye.com/wp-content/uploads/2023/05/FB_IMG_1684856455570.jpg)
![](https://eraseye.com/wp-content/uploads/2023/05/FB_IMG_1684856459469.jpg)
![](https://eraseye.com/wp-content/uploads/2023/05/FB_IMG_1684856457503.jpg)
![](https://eraseye.com/wp-content/uploads/2023/05/FB_IMG_1684856463204.jpg)
![](https://eraseye.com/wp-content/uploads/2023/05/FB_IMG_1684856465581.jpg)
ပြည်သူ့ဂုဏ်ရည်ဆုရှင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကျေးဇူးတင်စကား ပြောကြားခဲ့ရာမှာ ပြည်သူ့ဂုဏ်ရည်ဆုကို ပြည်သူတွေက ပေးတယ်လို့ပဲ မှတ်ယူတဲ့အကြောင်းနဲ့ ပြည်သူတွေရဲ့ လုပ်ဆောင်ချက် ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြု ချီးကျူးတာဖြစ်တယ်လို့ ပြောကြားပါတယ်။ဆက်လက်ပြီး သံအမတ်ကြီးက
” အခုလိုမျိုး ပြည်သူ့ဂုဏ်ရည်ကနေပြီးတော့ ဆုပေးတယ်ဆိုတဲ့ဥစ္စာ ကျေးဇူးအများကြီးတင်ပါတယ်၊ ပြည်သူတွေ ပေးတယ်လို့ပဲ ကျနော် မှတ်ယူပါတယ်။ ဒါကြောင့် ကျေးဇူးအများကြီး တင်ပါတယ်။ ဒီလိုမျိုးပေးခြင်းအားဖြင့် ဒါက အားကျစေချင်လွန်းလို့ ပေးတယ်ဆိုတဲ့ဟာ တဖက်က မှန်သလို ပြည်သူတွေ ပေးတာဖြစ်လို့ ပြည်သူတွေရဲ့ လုပ်ဆောင်ချက် ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတာ ချီးကျူးတာလို့ ကျနော်တော့ မှတ်ယူပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Era’sEyes /Photo -CRD