နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီက ဒီးမော့ဆိုအရှေ့ခြမ်းကို တစ်နေ့တည်း နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်။

၂၀၂၃ ခုနှစ် ၊ မေ (၂၂)ရက် ၊ ခေတ်မျက်လုံး ။ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ မေလ ၂၀ ရက်နေ့က စစ်ကောင်စီက လေကြောင်းကနေ မနက်တကြိမ် ညနေတကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက တိုက်လေယာဉ် တစီးနဲ့ ၃ ခေါက်ပျံဝဲခဲ့ပြီး ဗုံးကြဲခဲ့သလို၊ ညနေ ၆:၀၀ အချိန်မှာလည်း တိုက်လေယာဉ်တစီးနဲ့ ၅ ခေါက်ပျံဝဲကာ ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။

အခုလို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား နေအိမ် ၂ လုံး ထိမှန်ပျက်စီးကာ ၁ လုံး မီးလောင်ပြာကျခဲ့ရပါတယ်။

ဒီးမော့ဆိုအရှေ့ဘက်ခြမ်း တနီးလာလဲကျေးရွာနဲ့ ကန်ခုနစ်ဆင့်တဝိုက်မှာ စစ်တပ်က အင်အား ၂၀၀ ခန့်ရှိတဲ့ တပ်ရင်း ၃ ရင်းနဲ့ စစ်ကြောင်း ထိုးလာတာကြောင့် မေလ (၁၅) ရက်နေ့ကစပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီး ခူးညေးရယ်ထံက သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဟာ နေ့စဉ် လေကြောင်းအသုံးပြီး ဗုံးကြဲ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

မေ ၁၇ ရက်နဲ့ ၁၈ ရက် မနက်တွေမှာလည်း စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဖဲလျားကျေးရွာရှိ လူနေအိမ် ၉ လုံးနဲ့ စာသင် ကျောင်း တကျောင်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။

Era’sEyes / Karenni’s Voice (People’s Radio Myanmar)/Photo & Video – Karenni’s Voice

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ထီးလင်းမှာ စစ်ကောင်စီလေကြောင်းကြောင့် ကျောင်းသူတွေအပါအဝင် (၄)ဦးသေဆုံးပြီး (၃၀)ကျော် ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မတ်လ 21 ရက်
  • 7 Views
မတ်လ (၂၁)ရက်။ မနေ့က နံနက် (၂)နာရီအချိန်ခန့်က ထီးလင်းမြို့ အလယ်ဘန်းကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေထံက သိရပါတယ်။
မြန်မာသတင်း

(၄)နှစ်တာထဲ တိုက်ပွဲပေါင်း (၃၂၆)ကြိမ် ဆင်နွှဲခဲ့တယ်လို့ CDF-Hakha ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 21 ရက်
  • 4 Views
မတ်လ (၂၁)ရက်။ (၄)နှစ်တာထဲ တိုက်ပွဲပေါင်း (၃၂၆)ကြိမ် ဆင်နွှဲခဲ့တယ်လို့ CDF-Hakha ရဲ့ ဒီကနေ့ တော်လှန်ရေး (၄)နှစ်ပြည့်မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ရေစကြိုမှာ စစ်ကောင်စီရဲ့ ပစ်ခတ်ဖမ်းဆီးတာတွေကြောင့် ပြည်သူ (၅၀)ကျော်ပါသွား

  • 2025 ခုနှစ်၊ မတ်လ 21 ရက်
  • 3 Views
မတ်လ (၂၁)ရက်။ ဒီကနေ့ နံနက် (၇)နာရီဝန်းကျင်က ရေစကြိုမြို့နယ် မိုးကွဲရွာကို စစ်ကောင်စီက ပစ်ခတ်ဝင်ရောက်ပြီး စစ်ဘေးရှောင်တွေကို ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ Yesagyo Township Info Committee ထံက သိရပါတယ်။ “ ငတရော်ရွာကနေ
မြန်မာသတင်း

စစ်မှုထမ်းဆင့်ခေါ်တာမှာ ငွေကြေးမသမာမှုတွေ ရှိနေတယ်လို့ ဒုစစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မတ်လ 21 ရက်
  • 1 Views
မတ်လ (၂၁)ရက်။ စစ်မှုထမ်းဆင့်ခေါ်ရာမှာ ငွေကြေးမသမာမှုတွေ ရှိနေတယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က ကလောတပ်နယ်ကို ရောက်ရှိတဲ့အချိန် ပြောဆိုခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အချို့စစ်မှုထမ်းဆင့်ခေါ်တဲ့အဖွဲ့တွေဟာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်တာမရှိဘဲ ငွေကြေးမသမာမှုတွေကြောင့် စုဆောင်းခံရတဲ့ စစ်မှုထမ်းအချို့ အခက်အခဲတွေ
မြန်မာသတင်း

မြောင်မြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၁၇)ဦးသေကာ (၂၀)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မတ်လ 21 ရက်
  • 11 Views
မတ်လ (၂၁)ရက်။ ဖေဖော်ဝါရီလ (၂၆)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲအချိန်က မြောင်မြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ တပ်မ(၁၀၁)က အင်အား (၂၀၀)ခန့်ရှိ စစ်ကောင်စီတပ်ကို ခြုံခိုစောင့်ဆိုင်းတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်(၈)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တပ်မ(၁၀၁)က အင်အား
မြန်မာသတင်း

တိုင်ကြားတာတွေကို ခပ်မြန်မြန်ဖြေရှင်းဖို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် တိုက်တွန်း

  • 2025 ခုနှစ်၊ မတ်လ 21 ရက်
  • 3 Views
မတ်လ (၂၁)ရက်။ တိုင်ကြားတာတွေကို ခပ်မြန်မြန်ဖြေရှင်းဖို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့ကပြုလုပ်တဲ့ ပြည်သူ့အုပ်ချုပ်ရေးကော်မတီအစည်းအဝေးမှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ “ ကျွန်တော်တို့ ဗဟိုအစိုးရကို အားကိုးတကြီးနဲ့ တိုင်ကြားတင်ပြတာတွေကို ခပ်မြန်မြန်ဖြေရှင်းနိုင်ဖို့ သက်ဆိုင်ရာ တိုင်ကြားစာယန္တရားကို တိုက်တွန်းလိုပါတယ်”
မြန်မာသတင်း

ကနီမှာ စစ်ကောင်စီရဟတ်ယာဉ် ဒရုန်းနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ မတ်လ 20 ရက်
  • 17 Views
မတ်လ (၂၀)ရက်။ မနေ့က ညနေ (၅)နာရီအချိန် ကနီမြို့နယ် ဘောလုံးကွင်းထဲက စစ်ကောင်စီရဲ့ MI-17 ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ KLG-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စခ(၂၀)လောက်နဲ့ မုံရွာနမခကနေတက်လာတဲ့
မြန်မာသတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ (၅)ဦး သေဆုံးခဲ့တယ်လို့ NPDF ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 20 ရက်
  • 8 Views
မတ်လ (၂၀)ရက်။ မနေ့က နံနက် (၁၁)နာရီခွဲကနေ နေ့လယ် (၁၂)နာရီအချိန်အထိ ရန်ကုန်-မန္တလေး အမြန်လမ်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Natogyi-PDF(NPDF)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်(၃၁၈)နဲ့ (၃၁၉)ကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အဲ့ဒီမှာ